#Uni
ဒါရိုက်တာအစည်းအဝေးကျင်းပမည့်ရုံးခန်းဆီသွားနေသည့်ရိပေါ်ကဘောင်းဘီအိတ်ကပ်ထဲရှိဖုန်း၏တုန်ခါမှုကြောင့်ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီးဖုန်းကိုင်လိုက်သည်..။
"ဟယ်လိုကျန့်ကော...."
"မင်းဒီနေ့အလုပ်အားလားလားဝမ်လေး..."
"အင်း..အားတယ်ကျန့်ကော..."
ကုမ္ပဏီကိုဦးဆောင်နေရသည့်သူ့ထက်ပင်အမြဲတမ်းအလုပ်များနေတတ်သည့်ရှောင်းကျန့်ဟာအခုသူ့ဘက်မှစကာအရင်ဖုန်းဆက်ပြီးအားမအားမေးလာသည်ကဖြစ်ထောင့်ဖြစ်ခဲဖြစ်စဥ်တစ်ခု....။ဒီနေ့အစည်းအဝေးရှိပေမဲ့ရှောင်းကျန့်အတွက်ဆိုဖျက်ပစ်ဖို့ဝန်မလေးသည့်ရိပေါ်ဟာချက်ချင်းဘဲလိမ်ညာလိုက်တယ်...။
"ကိုယ်အခုမင်းကုမ္ပဏီရှေ့ကိုရောက်တော့မယ်..။ဒီနေ့တစ်ရက်လုံးကိုယ့်အချိန်တွေကိုမင်းဆီပေးမလို့..။မင်းမအားဘူးဆိုရင်ကိုယ်ပြန်လိုက်ပါ့မယ်..."
ခပ်တိုးတိုးထွက်လာတဲ့ရှောင်းကျန့်အသံအဆုံးဝမ်ရိပေါ်ရဲ့ခြေလှမ်းတွေကကုမ္ပဏီထွက်ပေါက်ဘက်ကိုအပြေးအလွှားသွားတယ်....။ပြေးနေစဥ်လမ်းတစ်လျှောက်လုံးမှာလည်းသူ့မျက်နှာထက်အပြုံးတွေကဖုံးဖိမရအောင်ပေါ်နေတယ်..။
ကျုပ်အတွက်ခင်ဗျားအချိန်ပေးမယ်ဆိုရင်ကျုပ်ကလည်းကျုပ်အချိန်တွေကိုခင်ဗျားဆီပြန်ပေးနိုင်တယ်ရှောင်းကျန့်..။ခင်ဗျားသာခင်ဗျားကတိအတိုင်းကျုပ်ဆီရောက်အောင်လာပေး..။
ကုမ္ပဏီထွက်ပေါက်ကိုရိပေါ်ရောက်တော့မျက်နှာချင်းဆိုင်ကားလမ်းတစ်ဖက်ခြမ်းမှာသာမာန်ရှပ်အင်္ကျီအဖြူရောင်နဲ့အနက်ရောင် Style pant ကိုတွဲဝတ်ဆင်ထားသည့် Graphic Designer ကြီးရှောင်းကျန့်ကသူ့ကိုပြုံးလျက်လက်ဝှေ့ယမ်းပြနေတယ်..။
"ကျွန်တော်အဲ့ဒီဘက်ကိုကူးလာခဲ့မယ် ကျန့်ကော..."
ရိပေါ်ကရှောင်းကျန့်ဆီကိုစာတိုတစ်စောင်ပို့လိုက်ပြီးဖုန်းကိုအိတ်ကပ်ထဲထိုးထည့်ပြီးမီးနီသည်နှင့်လူကူးမျဥ်းကြားကနေဖြတ်လို့ရှောင်းကျန့်ဆီကိုသွားလေ၏..။
YOU ARE READING
Aishiteru(One short)
Fanfictionဖွင့်မပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်းရှိတယ်....။အဲ့တာက 'Aishiteru' Yizhan fiction 22.7.2021