ခန္တီစ တရားဟာ
ချစ်သူနဲ့ကျမှ
ဖြည့်ကျင့်ခွင့်ရတဲ့ စရဏ။
ငှက်ပျောရွက်လိုတစ်ကိုယ်စာအရွက်ဖားနေဆဲ
အထဲမှာ ဘာရှိမလဲလို့
တစ်လွှာပြီးတစ်လွှာ ခွာကြည့်ရင်း
အပျင်းအပြေကစားသွားတယ်။မြှားပစ်ခြင်းအတတ်...
ငါ့ကိုယ်ပေါ်က..ပစ်မှတ်ကွင်းပြီး
မင်းခွင်းတိုင်းစူးနေတဲ့ ငှက်တောင်တွေနဲ့
အဆိပ်တွေခွာချလို့မရတဲ့
ဖြူးတစ်ကောင်လည်းဖြစ်ခဲ့ဖူးတယ်။သားသတ်သူဝင်စားတဲ့မှော်ဆရာလို
ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း
ဖြတ်တောက်ပြသပြီးမှ
ရယ်ရယ်မောမော လွှဲသွားတဲ့မျက်နှာ
အကောင်းအတိုင်းပြန်လုပ်ပေးဖို့
မလွယ်ပါဘူး။
အမှားတစ်ရုံနဲ့အမှန်တရားကို
ခွဲတမ်းကျတော့
နာဖို့မေ့နေတဲ့ ရင်ကို ခဏခဏ
ရိုက်တတ်သူက
ပေတစ်ရံလိုရင်တစ်အုံနဲ့
တူတစ်လက်ကို မျှော်တနေတဲ့ငါကပဲ
ချစ်ခြင်းတရားတွေအထားအသိုမှားခဲ့ပါတယ်။🍁mp🍁
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿❤❤
Zawgyi
ေပတစ္ခုံရဲ႕အထားအသို😌
ခႏၱီစ တရားဟာ
ခ်စ္သူနဲ႕က်မွ
ျဖည့္က်င့္ခြင့္ရတဲ့ စရဏ။
ငွက္ေပ်ာ႐ြက္လိုတစ္ကိုယ္စာအ႐ြက္ဖားေနဆဲ
အထဲမွာ ဘာရွိမလဲလို႔
တစ္လႊာၿပီးတစ္လႊာ ခြာၾကည့္ရင္း
အပ်င္းအေျပကစားသြားတယ္။ျမႇားပစ္ျခင္းအတတ္...
ငါ့ကိုယ္ေပၚက..ပစ္မွတ္ကြင္းၿပီး
မင္းခြင္းတိုင္းစူးေနတဲ့ ငွက္ေတာင္ေတြနဲ႕
အဆိပ္ေတြခြာခ်လိဳ႕မရတဲ့
ျဖဴးတစ္ေကာင္လည္းျဖစ္ခဲ့ဖူးတယ္။သားသတ္သူဝင္စားတဲ့ေမွာ္ဆရာလို
ငါ့ခႏၶာကိုယ္ကို အပိုင္းပိုင္း
ျဖတ္ေတာက္ျပသၿပီးမွ
ရယ္ရယ္ေမာေမာ လႊဲသြားတဲ့မ်က္ႏွာ
အေကာင္းအတိုင္းျပန္လုပ္ေပးဖို႔
မလြယ္ပါဘူး။
အမွားတစ္႐ုံနဲ႕အမွန္တရားကို
ခြဲတမ္းက်ေတာ့
နာဖို႔ေမ့ေနတဲ့ ရင္ကို ခဏခဏ
ရိုက္တတ္သူက
ေပတစ္ရံလိုရင္တစ္အုံနဲ႕
တူတစ္လက္ကို ေမွ်ာ္တေနတဲ့ငါကပဲ
ခ်စ္ျခင္းတရားေတြအထားအသိုမွားခဲ့ပါတယ္။🍁mp🍁
DU LIEST GERADE
my pome(ကဗျာများ)
Poesieကဗျာလေးတွေရေးတင်လိုက်ပါတယ်... ဒီကဗျာတွေက တစ်ယောက်သောသူလေးရဲ့ခံစားချက်တွေပဲဖြစ်ပါတယ်။