Part (2) မိတ်ဆက်

169 3 3
                                    

   ကျွန်တော့်နာမည်ကမှိုင်းဆက်အိမ်ဗျ ကျွန်တော်ကပြောရရင်တစ်ဦးတည်းသောသားပော့ဗျာ! ကျွန်တော်တို့ကနယ်ကနေပြောင်းလာတာတဲ့ဖေဖေနဲ့မေမေကနယ်မှာတွေ့ပြီးညားတာအဲ့နောက်ပိုင်းမှကျွန်တော့ကိုယ်ဝန်ရတဲ့အချိန်
မြို့ကိုပြောင်းလာကြတာ။ဒီရောက်တော့ကျွန်တော်တို့ဘေးအိမ်ကပိုင်လေးတို့အိမ်ဖြစ်နေရော ပိုင်လေးနာမည်ကပိုင်သုတတဲ့ ပိုင်လေးကတော့သူ့မေမေနဲ့အကိုနဲ့အတူတူနေတယ် ပိုင်လေးရဲ့ဖေဖေကပိုင်လေးငယ်ငယ်ကတည်းကဆုံးသွားတာတော်သေးတယ်ပြောရမယ်သူ့ဖေဖေကျန်ခဲ့တဲ့စီးပွားလေးရယ်နောက်ပြီးသူ့အကိုရဲ့အလုပ်လေးနဲ့အိမ်ကိုထောက်ပံ့နေတာရယ်ကြောင့်သူတို့မိသားစုလေး
ကြံကြံခံနိုင်တာ

သူ့အကိုနာမည်ကနေသူရိန်တဲ့ကျွန်တော်နဲ့အသက်တော်တော်ကွာတယ် သူ့အကိုကခင်ဖို့ကောင်းတယ်လူတစ်ယောက်အပေါ်ကောင်းကောင်းမွန်မွန်ဘယ်လိုပြောဆိုရမလဲဆိုတာသူသိတယ် ကျွန်တော့်ကိုလည်းညီလေးတစ်ယောက်လို ခင်ခင်မင်မင်ဆက်ဆံတယ်
ပိုင်လေးနဲ့ကတော့အသက်နှစ် နှစ်ကွာတယ် ကျွန်တော်ကသူ့ထက်အကြီး အကြီးဆိုပြီးလည်းအစ်ကိုလို့အခေါ်ခံရမယ်မထင်နဲ့သူဘဲကျွန်တော့်ကိုအနိုင်ကျင့်တာ သူနဲ့ယှဉ်ရင်လေ ကျွန်တော်ကသေးသေးလေးဖြစ်သွားရော သူကအသက်ငယ်ပင်မဲ့တော်တော်ထွားတယ်(တခြားမတွေးနဲ့ဦး ခန္ဓာကိုယ်ကိုပြောတာ)
နောက်ပြီးပိုင်လေးကချောတယ်ဗျကျွန်တော့်ထက်ပိုပြီးချောသလောက်လည်းဘေးမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေတာပေါ့ဗျာ အဲ့လိုကြတော့လည်းအကိုတစ်ယောက်ပနေနဲ့စိတ်ပူရပြန်ကော မဖြစ်သင့်တာလေးတွေလည်းဆုံးမရသေးတယ် သူကတော့ပြောရှာတယ် "ကျွန်တော်ကမိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲတယ်ဆိုတာ လည်းစိတ်ပြေလက်ပျောက်သဘောပာဘဲ တဲ့ ခင်ဗျားသာမတွဲနဲ့တဲ့ ကျွန်တော်ကလည်တယ်ခင်ဗျားကငတုံးတဲ့"
အဲ့လိုပြောလို့ ကျွန်တော်ကငာလည်းယောကျာ်းလေးဘဲကွတွဲမှာဘဲလို့ပြောရင် သကောင့်သားက ရယ်ပြီးတော့ ခင်ဗျားကမိန်းကလေးတွေနဲ့တွဲလို့မရဘူးဆိုတဲ့စကား ပြောတယ် ဘာလို့တွဲလို့မရတာလည်းလို့မေးရင်လည်းအမြဲစကားလွဲတတ်တယ် တစ်နေ့လောက်တော့မေးဦးမှပာဘာလို့တွဲလို့မရတာလဲဆိုတဲ့မေးခွန်းလေးကို.....             
ပိုင်လေးနဲ့ကျွန်တော်ကငယ်ငယ်ကတည်းကအတူတူကြီးပြင်းလာတာဆိုတော့ကျောင်းလည်းအတူတူ အတန်းလည်းအတူတူ နောက်ဆုံးပြောရရင်အခန်းလည်းအတူတူပော့ဗျာ ပိုင်လေးကဆိုးတယ်ဗျ တစ်ခာတလေကျောင်းကလူတွေနဲ့ရန်ဖြစ်တယ် ဆရာတွေပြောလည်းခဏဘဲထပ်ပြီးရန်ဖြစ်တယ်။ဒာပေမဲ့သူကကျွန်တော့်စကားတော့နားထောင်သားဘယ်အချိန်လည်းဆိုတော့သူစိတ်ကြည်နေတဲ့အချိန်စိတ်ဆိုးနေတဲ့အချိန်တော့သွားမပြောရဲဘူး ထထိုးမှဖြင့် သူ့ကိုကျွန်တော်ကပိုင်လေးလို့ဘဲခေါ်တာညီလေး လိုမို့လို့ တစ်ခာတစ်လေစိတ်ဆိုးလို့ ပိုင်သုတ လို့နာမည်အပြည့်အစုံခေါ်ရင် သူကမကြိုက်ဘူးပိုင်လေးလို့ဘဲခေါ်ပာတဲ့လေ ဘာဖြစ်လို့လည်းဆိုတော့ပိုင်လေးဆိုတာ သူ့ကိုကျွန်တော်တစ်ယောက်တည်းမူပိုင်ခေါ်တဲ့နာမည်လေးမို့ အဲ့ကောင်ကကျွန်တော်စိတ်ဆိုးမှာတော့
ကြောက်သား ကျွန်တော်ကလည်းကြာကြာစိတ်မဆိုးရဲဘူးရယ်ကျွန်တော်စိတ်ဆိုးရင်အဲ့လောက်မဟုတ်ဘူးစိတ်ဆိုးမိတဲ့သူကပြန်ချော့နေရတဲ့အဖြစ် သူကမိန်းမကြီးလိုနှစ်ရက်သုံးရက်လောက်မခေါ်တော့ဘူး အဲ့လိုဗျ ပိုင်လေးကတစ်ကယ်ကို
ကလေးဆိုးကြီး ဒာပေမဲ့သူတခာတလေစိတ်ကလေးပုစိကြည်နေတဲ့အချိန်တို့ သူလိုချင်တာရှိတဲ့အချိန်တို့ဆိုရင်တော့ "ကိုဆက်"လို့ခော်တယ် တခြားပုံမှန်အချိန်ကတော့"ဆက်"လို့တစ်လုံး တည်းသာခော်တာများတယ် ဒာပေမဲ့လည်း ပိုင်သုတ ဆိုတဲ့ကောင်လေးက ကလေးဆန်လွန်းတော့
ညီငယ်လေးတစ်ယေက်လို အချစ်ပိုမိတော့တာပော့ဗျာ!

အချစ်တို့ရေ အမှားတွေပာရင်လည်းခွင့်လွှတ်ပာလိုအပ်တာလေးတွေလည်းထောက်ပြကြပာဦး
Part (1) ကိုလည်းလေ uni နဲ့ ထပ်ရေးပေးမယ်နော် စာဖတ်သူအားလုံးလည်းနေကောင်းအောင်ဂရုစိုက်ကြပာဗျ အစစအရာရာအဆင်ပြေကြပာစေဗျာ။

You've reached the end of published parts.

⏰ Last updated: Jul 21, 2021 ⏰

Add this story to your Library to get notified about new parts!

Silent LoveWhere stories live. Discover now