Uncover 8 *

2.4K 347 78
                                    

အသေအချာခေါက်ထားတဲ့ ကုတ်အင်္ကျီလေးမှာ အမွှေးရနံ့သင်းသင်းလေးက ခုထိရှိတုန်း ။
ချန်းယောလ်ရဲ့အပြုံးကလည်း တစ်ယောက်တည်းရှိနေရဲ့နဲ့ကို ဖြစ်ပေါ်နေသည်။

ဘတ်ဟျွန်း သူ့ကို စိတ်မဆိုးဘူးထင်တယ်
စိတ်ဆိုးခဲ့ရင်လည်း ပြေသွားပြီထင်တာပဲ ။

တော်သေးတာပေါ့...
အရင်စပြီး စကားမပြောချင်ပေမဲ့ ဘတ်ဟျွန်းများ စိတ်ဆိုးနေခဲ့ရင် ဆိုတဲ့ အတွေးတွေတော့ များနေခဲ့တာ

စကားများထားတဲ့အချ်ိန်မှာတောင် ဘတ်ဟျွန်းက သူ့အပေါ် ဂရုစိုက်မှုမပျက်ခဲ့ဘူး ။ နွေးနေတဲ့ ရင်ခုန်သံက အပြင်က ရာသီဥတုနဲ့ တခြားစီ ။

ဘတ်ဟျွန်းစီသွားချင်စိတ်က မြောက်ကြွမြောက်ကြွဖြစ်နေပေမဲ့ တင်းခံထားတုန်း ။
အလျော့ပေးပါတယ်ဆို ချန်းယောလ်က ပိုလို့ အနိုင်ယူချင်နေတဲ့ ကောင်ဆိုးလေးပဲ ။

”ပတ်ချန်းယောလ်က ကုတ်တစ်ထည်ကို မချတမ်းဖြစ်နေပါလား ”

တံခါးခေါက်တာမရှိဘဲ ဝင်လာတဲ့ တစ်သိုက်က ရယ်မောရင်း စနေကြသည်မလို့ ချန်းယောလ် ကုတ်အင်္ကျီကိုဘေးချလိုက်သည်။

”ကြိုက်ရဲ့နဲ့ ဘာလို့မူနေတာလဲ
မိန်းကလေးလည်း မဟုတ်ဘဲ ”

အနားရောက်လာသူတွေက စူးစမ်းလာပေမဲ့ ချန်းယောလ်က ပါးစပ်လုံးဝမဟ ။ ရှင်းမပြနိုင်တဲ့အကြောင်းအရာတွေ အများကြီးရှိတာ နားမလည်ကြပါဘူး ။

”ဗြောင်ဘတ်ဟျွန်းက ကြွေချင်စရာကြီးကို
ငါသာဆို ​တန်းအဖြေပေးတယ် ဟားဟားဟား”

တဟားဟားအော်ရယ်နေကြတဲ့ သူငယ်ချင်းတွေကို ချန်းယောလ် အမြင်မကြည်တော့...။

”မင်းတို့ ဘာလာလုပ်ကြတာလဲ ”

”မင်းကို လာခေါ်တာလေ… ”

”ရာသီဥတုအေးအေးလေးမှာ ”

လက်မနဲ့ ပါးစပ်ကို ညွှန်ပြပြီး သောက်တဲ့ပုံစံလုပ်
လာတာကြောင့် အေးဆေးနေတဲ့စိတ်လေးဟာတက်ကြွလာသည်။ အကြောင်းအရာပြောင်းလိုက်တာနဲ့ စိတ်ပါပြောင်းသွားတဲ့ သူတို့အုပ်စုက လည်ပင်းဖက်ကာ အခန်းထဲက ထွက်သွားတော့၏ ။

Uncover <Completed>Where stories live. Discover now