(Unicode)
ဆောင်းနံနက်ခင်းက ကျွန်တော့်အတွက် အိပ်ရာကနေ ထဖို့အတော် လေးလံစေတယ်။ စားပွဲပေါ်က အသံမြည်နေတဲ့ နာရီကို ကျွန်တော်တစ်ချက်ကြည့်လိုက်တော့ အချိန်ကား ၈နာရီ ။ ဒါပေမဲ့လည်း ပျင်းနေလို့တော့မရဘူး။ ဒီနေ့ အရေးကြီးသွားစရာရှိတယ်လေ။ ကျွန်တော် အဲ့ဒီသွားရမယ့်အကြောင်း တွေးရင်းနဲ့ပဲ နှုတ်ခမ်းတို့အနည်းငယ်မျှ တွန့်ချိုးရုံလေး ပြုံးလိုက်မိတယ်။
ရေချိုး အဝတ်အစားလဲ သေချာပြင်ဆင်ပြီးတော့ ကျွန်တော့်ဆီကို ဖုန်းဝင်လာတယ်။ Contact name မှာပေါ်နေတာက ဆောအာ တဲ့ ။ တစ်နည်းအားဖြင့် မင်ဆောအာပေါ့။
ကျွန်တော် ကိုရီးယားကိုပြန်ရောက်ပြီး တစ်နှစ်လောက်ကြာတော့ ကျွန်တော့်ဘဝထဲဝင်လာတဲ့ ကလေးမလေးလေ။ အခုမှ အသက်က (၁၇) နှစ်ပဲ ရှိဦးမယ်။ ကျွန်တော့်ထက် (၉) နှစ်ငယ်တဲ့ ကလေးမလေးပေါ့ဗျာ။"ပြောလေ ဆောအာ "
လေသံဖျော့ဖျော့လေးနဲ့ဖုန်းကိုင်လိုက်တော့
"အာကိုကို မလာသေးဘူးလား ဒီမှာ ဆောအာရော ဖေဖေရော ရောက်နေပြီး "
"ကိုကို အခုထွက်လာပြီးဆောအာ "
____________________________________________
ဆောအာ ချိန်းထားတဲ့ ပြင်သစ်စားသောက်ဆိုင်ကိုရောက်တော့ ဆောအာက ထိုင်နေတဲ့ခုံဝိုင်းကနေ လက်နဲ့အချက်ပြတယ်။ ဆောအာတို့ ရှိတဲ့ခုံဝိုင်းကိုကျွန်တော်သွားလိုက်တယ်။ ခုံဝိုင်းကိုရောက်တာနဲ့ ဆောအာတို့က မတ်တပ်ထရပ်လိုက်တယ်။
"ဖေဖေ ဒါသမီးပြောတဲ့ ကိုကိုဆိုတာလေ ပတ်ဂျီမင် လို့ခေါ်တယ် "
ကျွန်တော် ဆောအာကိုကြည့်ပြီးပြုံးလိုက်တယ်။ ပြီးတော့ ဘေးနားက ဆောအာအဖေဆိုသူကိုပြုံးပြရင်း လက်ကမ်းလိုက်တယ်။ နောက်တစ်လုံးချင်းကျွန်တော် ပြောလိုက်တယ်။
"မတွေ့တာကြာပြီးနော် ဆရာ မင်ယွန်းဂီ "
ကမ်းထားတဲ့လက်တစ်ဖက်ဟာ ဒီတိုင်းအကြာကြီး တောင့်တောင့်ကြီးဖြစ်နေတယ်။
နောက်ဆုံးအချိန်တုန်းကလိုပဲ တွေဝေနေတုန်းပါပဲလား ဆရာရယ်။
