ထွေးပွေ့ခွင့်မရှိခဲ့တဲ့ အချစ်

23 1 0
                                    

Unicode

15 Jun 2019........
တိမ်ပြာရောင် ငိုသောနေ့....ထစ်ချုန်းတစ်ခွင်လုံး...ရွာသွန်းဖြိုးသောနေ့....
ကျွန်တော့်ရဲ့အရှေ့က ချစ်သူက သိပ်ကိုလှပခဲ့တယ်။ သူမဟာမချောခဲ့ပါဘူး ချစ်ဖို့ကောင်းခဲ့တာပါ......
သူမပြောလေ့ရှိတယ် နန်းကရုပ်ဆိုးတယ် ချစ်ဖို့လဲမကောင်းဘူး သူများတွေက ပြောကြတယ်တဲ့.....
ကျွန်တော့်အတွက်တော့ သူမဟာ အလှပဆုံးသော မိန်းကလေးတစ်ယောက်ပါ.....
ကျွန်တော့်အရှေ့မှာအလှဆုံးပြုံးပြနေတဲ့သူမဟာ......လက်လှမ်းမမှီနိုင်တော့တဲ့ ပန်းလေးတစ်ပွင့် ဖြစ်နေခဲ့ပီ.....................
15 Jun 2017....
ကျွန်တော့်ရဲ့ချစ်သူက...သိပ်ကိုကလေးဆန်တယ်ဗျာ..............
ချစ်စရာပုံလေးတွေတင်လေ့ရှိတဲ့ အကောင့်တစ်ခုကိုအမြဲတွေ့လေ့ရှိတယ်...ကိုယ်ကိုတိုင်ကလည်း....စာရေးတာဝါသနာပါတော့...ပုံလေးတွေ saveထားမိတယ် တစ်နေ့....သူ့ရဲ့active now လေးက မပေါ်လာတော့ဘူး.....နေ့..ရက်..လ..၃လပြည့်တဲ့နေ့မှာ cover ပုံကို Black Cover တင်ထားတာတွေ့လို့ စိုးရိမ်စွာ သူ့active nowလေးကို ဝင်ပီးစာပို့မိတယ်......အ့တုန်းကဗျာ..ဘာကြောင့်မှန်းမသိ ရင်တွေတုန်တာလားဘဲ..ခုန်တာလားဘဲဗျာ~~~~သူစာမပြန်မှာကို သိပ်ကြောက်မိခဲ့တာ.....ကျွန်တော့်ရင်ထဲက စိုးရိမ်မှုတွေ ပျောက်သွားခဲ့တယ်...
သူလေးစာပြန်ခဲ့တယ်ဗျ..
"Hi...မင်းလေးရဲ့coverကို ဘာလို့ Black Cover တင်ထားတာလဲကွာ''
*ကျွန်တော်စိုးရိမ်စွာမေးမိခဲ့တယ်*
".............................''
".............................''
".........Typing.........''
*Tong!...*
" နန်းဘာမှမဖြစ်ပါဘူးရှင့်''
သူလေးစာပြန်ပို့ခဲ့တယ်...ဘာမှမဖြစ်ဘူးတာဆိုတယ်..စာပြန်တာကြာနေခဲ့တယ်
"ကိုယ်ကမင်းကို စိတ်ပူလို့ မေးကြည့်တာပါ''
ကျွန်တော် အမှန်တစ်ကယ် စိတ်ပူနေလို့မေးကြည့်လိုက်တာပါ.....
ဒီလိုနဲ့..... သူနဲ့ကျွန်တော် စာတွေအပြန်အလှန်ပို့ဖြစ်ခဲ့ကြတယ်.....
သူလေးရဲ့ချစ်စရာကောင်းမှုတွေ..ကျွန်တော့်အပေါ်..သူ့စိုးရိမ်မှုလေးတွေကြောင့် ဖွင့်ပြောဖြစ်ခဲ့တယ်..ရက်စက်တယ်ဗျာ..ကျွန်တော့်ကိုသူအဖြေမပေးခဲ့ဘူး....''သူ့ကိုချစ်ရင် စောင့်ပေးပါတဲ့'' ဆိုတဲ့စကားတစ်ခွန်းကြောင့်..သူ့ရဲ့အဖြေကိုစောင်ခဲ့ရတယ်
1 December 2018....
သူလေး..''ချစ်တယ်'' ဆိုတဲ့အဖြေအား ကျွန်တော့်ကိုပေးခဲ့တယ်...ဒီလိုနဲ့ ကျွန်တော်တို့ချစ်သူတွေဖြစ်ခဲ့ကြတယ်...သိပ်ကိုချစ်ခဲ့ရပါတယ်...အချင်းချင်းမမြင်ဖူးခဲ့ပေမယ့်...ကိုယ့်အတွက်အချိန်ပေးမှုတွေ ဂရုစိုက်မှုတွေ ကြင်နာမှုတွေ အချစ်တွေကို လေလှိုင်းမှတစ်ဆင့် ကျွန်တော်ရခဲ့တယ်.....

ထွေးပွေ့ခွင့်မရှိခဲ့တဲ့ အချစ်Where stories live. Discover now