"Yar!!Jeon Jungkook!! "
"အားးးးကယ်ကြပါ..."
မီးဖိုခန်းထဲက အော်ကြီးဟစ်ကျယ်နဲ့ထွက်လာတဲ့ နှစ်ယောက်ကိုကြည့်ပြီး အကုန်လုံးက ရိုးနေသောဖြစ်စင်ကြီးလိုမျိုး မျက်နှာလွှဲလိုက်ကြသည်...။
"မင်းလာ..မင်းဒီကိုလာ.."
"မလာဘူး..လာရင်ဆော်ခံထိမှာ..ဒီလောက်မှမသိရင် Jungkookမဟုတ်လို့ပဲ..."
"အေးးမင်းမလာရင် ငါလာမယ်ဟေ့ကောင်.."
ဒေါနဲ့မောနဲ့ပြေးလာတဲ့ Jinhyungကြောင့် JungkookကအနီးနားကHobiဆီပြေးကပ်သည်..။
"Hobi hyungကယ်ပါအုံး.."
"နေကြပါအုံး..ဘာဖြစ်ကြတာလဲ.."
ရေဘဝဲတစ်ကောင်လိုသူ့ကိုကုပ်ကပ်ဖတ်ထားသည့် Jungkookကြောင့် သူအမြန်မေးလိုက်ရသည်..။မဟုတ်ရင် ရန်ဖြစ်တာက သူတို့နှစ်ယောက်ပေမယ့် ဆေးရုံရောက်မှာက သူဖြစ်သွားနိုင်သည်..။
"Jin hyungလေ..သားကခေါက်ဆွဲပြုတ်ထားတာတွေ့လို့စားတာကို..ပြဿနာလာရှာတာ..."
"Yarr!မင်းက မင်းဘာသာစားနေရင်ငါကပြဿနာရှာမလား ဟမ်!အခုမင်းက ငါပြုတ်ထားတာတွေ ငါမသိအောင်လဲသွပ်သေးတယ်..ငါ့ကိုပါ ပြဿနာရှာနေတယ်ပေါ့..မင်းစဥ်စားကြည့်Hoba...ငါက ခေါက်ဆွဲဘူးလေးကို ကြိုးစားပမ်းစားပြုတ်ထားတာကွာ..ငါအခန်းထဲခဏဝင်ရုံရှိသေးတယ်..ပြန်ထွက်လာတော့ အဲ့ကောင်က ငါ့ခေါက်ဆွဲဘူးကြီးကို ဖြောင်ပစ်လိုက်တာကွာ...စားချင်ရင်လည်းပြုတ်မစားသင့်ဘူးလား ဟမ်! "
ပြောချင်ရာပြောသွားပြီး Jinhyungက မောသွားဟန်နှင့် အသက်ကိုခပ်ပြင်းပြင်းရှူသည်...။Jinhyungရဲ့ rapစကေးတွေမြင်ပြီး Hobiမှာ ပါးစပ်အဟောင်းသား...။
"ဝါးး Jin hyung..."
"မင်းတို့လည်းတိတ်.."
ပြောင်စပ်စပ်နှင့် 95linersနှစ်ကောင်မှာ Jinhyungအော်သံကြောင့် ခေါင်းလေးပုဝင်ပြီး ပါးစပ်လေးတွေပိတ်သွားကြသည်..။ပါးစပ်ကပိတ်သွားပေမယ့် မျက်နှာတွေကတော့အပိုးမသတ်နိုင်စွာ စပ်ဖြဲဖြဲဆန်နေဆဲ....။
"အခုဟာက ခေါက်ဆွဲလေးတစ်ဘူးကြောင့် ကမ္ဘာပျက်တော့မလိုဖြစ်နေတာပေါ့လေ.."