Part(1)(zawgyi)

8 1 0
                                    


ကျွန်တော့်ဘဝတွင် ပျော်စရာကောင်းသောနေ့နှင့် ဝမ်းနည်းစရာ ကောင်းသောနေ့ တစ်ထပ်တည်း ကျခဲ့သော ထိုနေ့။ ကျွန်တော် ၆နှစ်သားအရွယ် ညီမလေးမေခ ၃နှစ်သမီး အရွယ်တွင် မိသားစု အပျော်ခရီးထွက်မည်ဆိုကာ ခုန်ပေါက်ပျော်မြူး နေခဲ့သော အချိန်။ ၆နှစ်သားအရွယ်က အရာအားလုံးကို အကုန်မမှတ်မိတော့သော်လည်း ထိုနေ့အား ကျွန်တော့် မှတ်ဥာဏ်ထဲတွင် ကောင်းကောင်း မှတ်မိနေဆဲ ဖြစ်သည်။

"မေမေ ချောင်းသာရောက်ရင် သားက ပင်လယ်လှိုင်းလုံးကြီးတွေ စီးမယ် ဖေဖေက လိုက်ထိန်းပေး မေမေနဲ့ ညီမလေးက ကမ်းခြေကနေ သားတို့ကို လှမ်းအားပေးနော်"

"အားပေးမှာပေါ့ သားလေးရယ် မေမေနဲ့ ညီမလေးက ကမ်းစပ်မှာထိုင်ပြီး သားသားနဲ့ ဖေဖေကြီးကို လက်ခုပ်တီးပြီး အားပေးမယ်နော် "

"ယေးးး..... ဒါမှ တို့မေမေကွ"

လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ ခုန်ပေါက်ကာ ပျော်ရွှင်နေခဲ့သော ကျွန်တော်နှင့်
ညီမလေး ။ ထိုအချိန်တွင် မြည်လာသော ဖုန်းသံ။ ကျွန်တော်တို့ မိသားစုကို တစ်စစီ ပြိုကွဲသွားအောင် ပြုလုပ်ခဲ့သော ဖုန်းဆိုလည်း မမှားပေ။ ဖေဖေထိုဖုန်းကို ထ၍ ကိုင်လိုက်သည်။
အချိန်အနည်းငယ်ကြာအောင် ဖုန်းပြောပြီးနောက် ဖုန်းကိုချလိုက်၍ အပြင်သို့ သွားမည်
ပြင်ဆင်နေ ချိန်တွင်

"မောင်......နှင်းကိုကတိပေးထားတယ်နော်
မနက်ဖြန် နှင်းတို့မိသားစု ခရီးသွားမယ့် ကိစ္စကို
မောင် မမေ့ပါနဲ့နော် "

ဖေဖေ၏လက်ကို လှမ်း၍ ကိုင်ဆွဲကာ ပြောနေသော မေမေ့၏ မျက်ဝန်းထဲတွင် မျက်ရည်စများနှင့် ပြည့်နှက်လျက်။ ဖေဖေလည်း မျက်နှာမကောင်းပါ။ မေမေ့အား ခေါင်းတစ်ချက်ညိမ့်ပြကာ အပေါ်ထပ် ကုတ်အက်ျီ ဝတ်ဆင်ပြီး ထွက်သွားခဲ့သည်။ ဖေဖေထွက်သွားပြီး အချိန်အတန်အကြာတွင်

"သား ညီမလေး ကို ချစ်လားဟင်"

"ဟုတ် ချစ်တယ် မေမေ"

" သား မေမေ့ကိုရော ချစ်လား"

"ဟုတ် ချစ်တယ် မေမေ"

ထာဝရထက်ပိုသော Where stories live. Discover now