ဒီနေ့ မိုးစိမ့်စိမ့်အေးတယ် ခေါင်မိုးပေါ်မှာ တစ်နေ့လုံး ကွေးနေမိတော့တာပဲ
ခန္ဓာကိုယ်ကလည်း အိပ်လိုက်စားလိုက်နဲ့ လုံးတစ်နေပြီ
ညဘက်ညဘက် ဟိုဘက်ရပ်ကွက်ကကောင်တွေနဲ့ချရင် အရင်လို မနိုင်တော့ဘူး ခံချည်းလာရတာ။
ဟိုတစ်နေ့ကပဲ လည်ပင်းအခဲခံလာရတယ်
မြွေဟောက်နဲ့တောင်ဖက်ပြီး နပန်းလုံးခဲ့တဲ့ကောင်ဆိုတော့ ဒီငါမလုပ်မခွေးသားလောက်က အေးဆေးပဲ
နားရွက်လေးနည်းနည်း မျက်လုံးလေးတစ်ဖက်ပိတ်ပြီး လည်ပင်းက အကွက်လိုက်ဖြစ်သွားရုံကလွဲ အေးဆေးပဲ
ဒါပေမဲ့ အိမ်က ဟိုလူတွေမြင်လို့မဖြစ်ဘူး
အတင်းဖမ်းပြီး နနွင်းသိပ်ကြဦးမှာ
သိပ်စိတ်ညစ်တာပဲ
စားကောင်းခြင်းမစားရ
အဲ့ ဟိုကောင်မလေးဆိုပိုဆိုး
မြောင်ကို အရုပ်မှတ်နေလားမသိဘူး ပါးဖျစ်လိုက် တင်ပါးပုတ်လိုက်နဲ့။
ဟိုဦးကြီးကတော့ မဆိုးပါဘူး မနက်ဆို စောစောလည်းထတယ်
သူစောစောထတာနဲ့ မြောင် အိမ်လည်ပြန်ရောက်တာနဲ့ ကွက်တိဆိုတော့ အစာတောင်းလို့ရတယ်
ဒါတောင် အရမ်းစကားပြောတာပဲ
မြောင့်ဘာသာ မြောင် လို့ပဲ အော်တာတောင် သူက စကားတွေပြန်ပြောနေသေးတာ
ဟိုအဒေါ်ကြီးကတော့ နည်းနည်းသတိထားရတယ်
နနွင်းသိပ်တာ သူပဲ။
သူတို့သုံးယောက်က မြောင့်ကို ပေါင်းကြံနေကြတာ။
.
.
.
ညနေစာတောင်ချက်နေကြပြီလား ဟုတ်သားပဲ ဗိုက်တောင်ဆာလာပြီ
အောက်ဆင်းဦးမှ။မြောင် သိပ်စိတ်ညစ်တယ် ခေါင်မိုးပေါ်က ဆင်းဖို့ကို ဘာလို့ ဒီလောက်ခက်နေရတာလဲ
နေ့တိုင်းပဲ အိမ်ခေါင်မိုးပေါ်ကနေ အဝတ်တန်း၊ အဝတ်တန်းကနေမှ မြေကြီးပေါ်ဆင်းရတဲ့ ကိစ္စက မြောင့်တစ်နေ့တာမှာ အကြီးကျယ်ဆုံးနဲ့ အခက်ခဲဆုံးပဲ။မြောင့်ခြေတစ်ချောင်းစာအကျယ်လောက်ပဲ ရှိတဲ့တန်းပေါ်ကို ခေါင်မိုးပေါ်ကနေ ခုန်ချရတာ စဉ်းစားကြည့်စမ်းပါ ဟူးမန်းတို့ခုန်နိုင်လား ခုန်ရဲလား အချိန်အဆ အတွက်အချက် အရမ်းလိုတာ။
လုပ်ပြန်ပြီ မီးဖိုချောင်ထဲက ဟိုသားအမိနှစ်ယောက် ချောင်းကြည့်ပြီး အော်ရယ်နေကြပြန်ပြီ။
လှောင်နေကြပြန်ပြီ။
နားမလည်ဘူးများထင်နေလားမသိဘူး အာရုံနောက်လိုက်တာ ဒီမှာ ချိန်ဆနေရပါတယ်ဆို၊ ဗိုက်ကလည်း တော်တော်ဆာနေပြီ။ မိုးကလည်းရွာထားတော့ သစ်သားတန်းက ချော်နေရင် ကြောင်ကျမကျဘဲ ဝက်ကျကျမှာ မြောင့်ခန္ဓာကိုယ်နဲ့။
မြောင့်လခွမ်း အော်ရယ်နေကြဟေ့ တော်ပြီ မဆင်းတော့ဘူး
ပြန်အိပ်တော့မယ်
.
.
.
YOU ARE READING
ကြောင်တစ်ကောင်ရဲ့ ဒိုင်ယာရီ
Historia CortaAbout the very first pet of mine, Garfield