( စာလုံးအဆင့်ရေးတတ်သွားလို့
ပြန်ပြင်ထားပါတယ် သင်ပေးတဲ့လူ
အားလုံးကိုလည်း Xie Xie Ni)" ကားက ဘီးကျွံသွားပြီ ဆက်သွားလို့
မရတော့ဘူးဝေ့ "ဒေသခံ လူကြီးရဲ့စကားသံ သံဝဲဝဲကို
ကြားရတော့ ကားထဲမှာ ညည်းညူသံတွေ
ဆူညံကုန်တော့တယ်။ သူတို့ ဒီရွှံ့လမ်းကြီးကို
ဖြတ်လာရတာ တစ်နာရီပင်မကတော့တာကြောင့်
အားလုံးလည်း ပင်ပန်းနေပါပြီ။
တချို့ကလည်း ကိုယ့် အထုတ်ကို ဆွဲလို့
ကားပေါ်က ဆင်းကာ လမ်းလျှောက်ဖို့
ပြင်ကြတယ်။လမ်းလျှောက်မယ် ဆိုတာလွယ်တဲ့
အလုပ်တော့မဟုတ်ဘူး။
ကားတာယာရဲ့ နှစ်လက်မလောက်မြုပ်တဲ့
ရွံ့တောထဲမှာ လျှောက်ကြရမှာ
တချို့နေရာတွေဆို ဒူးလောက်ထိမြုပ်တယ်
ဘယ်လိုသိလည်း ဆိုရင် သူတို့
လာတဲ့ လမ်းတစ်လျှောက်မှာလည်း
ကား ကျွံရင် ကျွံသလို ဆင်းတွန်းခဲ့ရလို့
သိတာဖြစ်တယ်။ဒါပေမယ့် ဒီတစ်ခေါက်ကတော့
ဆင်းတွန်းလို့ ရမယ့်ပုံမပေါ်လို့သာ
သူတို့ ဆင်းကာ လမ်းလျှောက်ရမှာ။
ကားပေါ်မှာလည်း ပစ္စည်း Weight က
မနည်းတာကြောင့် တအားကျွံသွားမှာလည်း
စိုးရသေးတယ်။ဒီတစ်ခေါက် မိန်းကလေးတွေမခေါ်
ခဲ့တာကိုပဲ သူတို့ခေါင်းဆောင်ကို ကျေး
ဇူးတင်ရမလိုပင်ဖြစ်နေသည်။
မိန်ကလေးဆိုလို့ သူတို့အသင်းခေါင်းဆောင်ရဲ့
ကောင်းမလေး တစ်ယောက်သာ ပါခဲ့တယ်။
တခြားလူတွေကတော့ လမ်းပန်းဆက်သွယ်ရေး
အတော်မကောင်းတာကြောင့်နေခဲ့ရသည်။
မဟုတ်ရင် ဒီရွံ့တောထဲကို ဘယ်လို ဖြတ်ကြပါ့မလဲ။သူတို့ ကယ်ဆယ်ရေးသွားလုပ်မယ့်
ရွာတွေဆီရောက်ဖို့က နောက်ထပ်
၁မိုင်လောက်တော့ သွားရအုံးမယ်တဲ့။
ဒီလိုဆိုရင် မိုးလင်းမှ အဲ့ရွာတွေဆီကို
ရောက်လိမ့်မည်။သူတို့ လျှူဖို့ပါလာတဲ့ ပစ္စည်းတွေကတော့
ရွာရောက်မှ ထော်လာဂျီနဲ့ ပြန်သယ်ခိုင်းဖို့
စီစဉ်ထားတာဖြစ်ပြီးလူတွေကတော့
အရင်ရောက်အောင် သွားထားရမည်။အားလုံးအတွက် boost အရှည်တွေ
ထုတ်ပေးကာ ရွံ့တောကို ဖြတ်ဖို့
ပြင်ဆင်လိုက်ကြသည်။