Part 2

616 70 13
                                    

မနက်အလင်း​ရောင်စူးစူးကမျက်နှာကိုထိုးလာတာ​ကြောင့် Yoongiစိတ်ပျက်စွာမျက်လုံးကိုဖွင့်ကြည့်လိုက်သည်

"ကျစ် ဘယ်ခွေးကလိုက်ကာ​တွေကိုဖွင့်သွားတာလဲမသိဘူး"

ထိုးကိုက် လာ​သော​ခေါင်းကိုခပ်ဖွဖွဖိလိုက်ရင်းမ​နေ့ညကဖြစ်ပျက်သမျှကိုပြန်စဥ်းစားလိုက်မိသည်

"ဟက် ​မဆိုးပါဘူး ​ခံနိုင်ရည်ရှိသားပဲ"

​သွေးစွန်း​​ကြေမွ​နေ​သောအိပ်ရာခင်းစ​​ကိုဆွဲယူလိုက်ပြီးလွှင့်ပစ်လိုက်သည်

"ရွံတယ်"

​ရေချိုးခန်းထဲဝင်ပြီး​​ရေပန်း​အောက်ကို၀င်လိုက်​တော့အနည်းငယ်လန်းဆန်းသွားသည်

​ရေချိုးပြီးထွက်လာ​တော့ ဗီရို​ဘေးကခုံ​လေး​ပေါ်မှာတင်ထားတဲ့၀တ်စုံကို​တွေ့လိုက်ရသည်

အင်္ကျီ​​တွေကိုဆွဲယူလိုက်ပြီးအိပ်ရာခင်းလွှင့်ပစ်ထားတဲ့​နေရာမှာပဲလွှင့်ပစ်လိုက်သည်

"မင်းလက်နဲ့ထိထားသမျှကိုငါရွံတယ်Park Jimin"

ပုံမှန်အတိုင်းအနက်​ရောင်လွင်လွင်ကိုသာ၀တ်လိုက်ပြီး​အောက်ဆင်းလာလိုက်သည်

"သခင်​လေး မဂ်လာပါရှင့်"

ထမင်းစားပွဲကို၀င်ထိုင်လိုက်​တော့ ဟင်းရည်တစ်ခွက်ချထားတာကိုမြင်လိုက်ရပြီး​အောက်မှာစာ​လေးတစ်​စောင်

"ဟင်းရည်ချက်ထား​ပေးပါတယ်အကို​လေး ​သောက်လိုက်ပါဦး​နော် ကျွန်​တော်​ဆေးရုံကိုသွားနှင့်ပါပြီ"

"Gyu ဒီဟင်းရည်ကိုသွန်လိုက် ပန်းကန်ကိုပါလွှင့်ပစ်လိုက် ချက်ခဲ့တဲ့အိုး​ရော သုံးခဲ့သမျှပစ္စည်း​တွေ​ရောအကုန်လွှင့်ပစ်လိုက်"

စားပွဲ​ပေါ်ကပန်းကန်ကိုဆွဲယူလိုက်ပြီးGyuကို​ပေးလိုက်သည်။

"ဟင်းရည်ကဘာမ​ကောင်းလို့လဲဟင် Gyu​လည်းမြည်းထားပါ​သေးတယ် ​အရသာရှိပြီးတကယ်​ကောင်းပါတယ်"
သူ့ကို​မေးတဲ့Gyuကိုခပ်စိမ်းစိမ်းကြည့်လိုက်သည်။

"မလွှင့်ပစ်ဘူးလို့ဆိုလိုချင် တာလား"

"တောင်းပန်ပါတယ် Gyu လုပ်လိုက်ပါမယ် ".

Be with You (Completed)Where stories live. Discover now