• ဘာကြောင့် နေမင်းကြီးက ဆက်ပြီးတောက်ပနေသေးတာလဲ။
• ဘာကြောင့် ပင်လယ်ရေလှိုင်းတွေကလည်း ကမ်းစပ်ကို ဆက်ပြီး ရိုက်ခတ်နေရသေးတာလဲ။
• မင်း ငါ့ကို မချစ်တော့တာမို့
အခုချိန်က လောကကြီးရဲ့ အဆုံးသတ်ဖြစ်နေပြီဆို သူတို့မသိကြသေးတာလား။• ဘာကြောင့် ငှက်ကလေးတွေက တေးသီဆိုနိုင်သေးတာလဲ။
• ကြယ်တွေကလည်း ဘာကြောင့်များ တောက်ပနေသေးတာလဲ။
• ဒါက လောကကြီးရဲ့ အဆုံးသတ်ဆိုတာ သူတို့မသိကြဘူးလား။
ငါ မင်းရဲ့ အချစ်တွေကို ဆုံးရှုံးသွားကတည်းက အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီ။လောကကြီးရဲ့အဆုံးသတ် - စကီတာဒေးဗစ် (၁၉၆၂)
_____________စားပွဲပေါ်က အဆုံးသတ်ရမယ့် အလုပ်တွေကြောင့် ဆံပင်တွေကိုသာ သူ စိတ်ရှုပ်စွာဖြင့် ထိုးဖွလိုက်မိသည်။
နာရီကြည့်တော့ ည ၈ နာရီပင် ရှိနေရောဖြစ်သည်။
နောက်ကျနေပြီဖြစ်သောကြောင့် အလုပ်ကို အမြန်အပြီးသတ်ကာ စားပွဲပေါ်က ဖိုင်တွေအားလုံးကို သိမ်းဆည်းပြီး အိမ်ပြန်ရန်ပြင်လိုက်သည်။
အိမ်ပြန်ရန်ခြေလှမ်းတို့ကလည်း လေးပင်နေသည်။ သက်ပြင်းဆိုတာလည်း ချမိနေတာ ဘယ်နှခါရှိပြီမှန်းကို မသိတော့။
လွမ်းသည်။
ထို လွမ်းတဲ့စိတ်က သူ့ရဲ့ ဦးဏှောက် နဲ့ နှလုံးကစ တစ်ကိုယ်လုံးကို လွှမ်းမိုးနေသည်။
စီးနေကျ မြေအောက်ရထားမှာလည်း လူတွေအားလုံးက ပုံမှန်အတိုင်းပင် ကိုယ့်ကိစ္စကိုသာ ကိုယ်အာရုံစိုက်ကြစမြဲ။
ပုံမှန်ဖြစ်နေတဲ့ ကိစ္စတွေကို မြင်ရင် အားကျစိတ်က အမြဲပေါ်လာသည်။ သူကြုံခဲ့ရတဲ့ အဖြစ်က သူ့ဘဝမှမကြုံချင်ဆုံး၊ ဘယ်လိုမှပင် တွေးကြည့်ဖို့ပင် မရဲတဲ့ အဖြစ်ပျက်မျိုး။
သူ ဒီနေ့အဖို့လည်း လွမ်းရင်းနဲ့ပဲ ပင်ပန်းရပြန်ပြီ။တိုက်ခန်းငယ်လေးထဲလည်း ပြန်လာရင် အရင်လို အပြုံးတွေနဲ့ ကြိုဆိုမယ့် မင်းမှမရှိတော့တာပဲ။