ရာသီဥတု ကတော့ သိပ်ကို နွေးထွေးနေခဲ့သည်...ဆောင်းဦးရဲ့ လေအေးလေးတွေ ဖြတ်သန်းသွားတဲ့ November လ အလယ် ခေါင်လောက် က ဒီနိုင်ငံရဲ့ အကောင်းဆုံးရာသီဥတု တစ်ခု ဖြစ်သည်....
November 2/ 2035 ညနေ...
""Happy Birthday To You...Happy Birthday To You...""
မိသားစုတစ်စုရဲ့ အေးငြိမ်းတဲ့ birthday dinner....
စားပွဲပေါ်က cake ပေါ်၌ 30 ဆိုတဲ့ ဖယောင်းတိုင် အဖြူလေးများက အဆင်ပြေပြေ နေရာယူထားကြသည်...
"" Saung...30 နှစ်ပြည့် မွေးနေ့ ကို ဂုဏ်ပြုပါတယ်""
"" ကျေးဇူးတင်ပါတယ်...ကိုကို...""
Saung က သူမ ခင်ပွန်း Khant ကို ပြန်ဖြေလိုက်သည်...အော် တစ်နှစ်တစ်နှစ်ဆိုတာ သိပ်ကို မြန်ပါ့လား...ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့လုပ်ခဲ့တာ မနေ့ တစ်နေ့ ကလိုပါပဲ လေ...
သားသား ကတော့...မှုတ်ပြီးသားဖယောင်းတိုင်လေးတွေကို ပါးစပ်ထဲ ထည့်၍ ဆော့နေသည်...
""သားသား...အဲ့ဒါတွေက စားလို့မရဘူးလေ...ကိတ်ကိုစား..ဖေဖေ လှီးပေးမယ်နော်...""
သိပ်ကို အဆင်ပြေနေတဲ့...သားအဖ နှစ်ယောက်် ကို ကြည့်ပြီး...သူမ သဘောကျမိနေသည်...တစ်ချိန်က သူမ သိပ်ကို လိုချင်ခဲ့တဲ့ ယောက်ကျာ်း....ဟုတ်ပါတယ်လေ...အခုချိန် ထိတောင် Khant က မက်မော စရာပဲကို....ဒီ ကိစ္စ ကိုတော့ Saung ဘယ်တော့မှ နောင် တရ မှာ မဟုတ်ဘူး.....
ကလင်..ကလင်...မြည်နေတဲ့ ph ကိုကောက်ကိုက်လိုက်သည်...Nway ဆီက ဖုန်း....
""Nway...ပြော....""
အလုပ် ကိစ္စ တွေကြောင့် New York မြို့မှာ ရှိနေ ရ တဲ့အတွက် မွေးနေ့ စကားကို လေ လိုင်းထဲ က လှမ်းပြောခြင်းဖြစ်သည်....
""အလုပ်တွေရ သိပ် များနေလို့ပါ...ဒီတစ်ခေါက်ပြန်လာရင်တော့...Nwayတို့ နှစ်ယောက်တည်း ခရီးသွားကြမယ်လေ...Saung...""
""Khant နဲ့ Htaeနှစ်ယောက်တည်းနဲ့ ကလေးတွေ ထားခဲ့လို့မဖြစ်ဘူးထင်တယ်နော်....""
""မဖြစ်စရာမရှိပါဘူး...Khantက မနိုင်ရင်တောင် Htae က ကူညီပေးပါ့လိမ့်မယ်...သူ့ကို Nway သေချာ လေ့ကျင့် ပေးထားပြီးသား""