""နောက်တောင် ကျနေပြီ ထင်ပါရဲ့...ကိုကို...Nway တို့စောင့်နေရပြီထင်တယ်""
""မနောက် ကျပါဘူး...babe ရယ်.. ကိုကို မြန်မြန်မောင်းပေးမယ်""
ညက စကားတွေပြောတာ ကြာသွားတော့ မနက် စောစော မနိုးခဲ့...Nway တို့လေဆိပ်မှာ စောင့်နေရမှာ စိုးပြီး...ပွစိပွစိပြောနေမိသည်...
""ကဲ ဆင်းတော့....ကိုကို လိုက်လာခဲ့မယ်""
"" မြန်မြန်လာနော်...Saung တစ်ယောက်တည်း..ကားကို..မြန်မြန် ထိုးခဲ့လိုက်""
လူကြီးကို ဆရာလုပ်ပြီး...အထဲသို့ ခပ်သွက်သွက်ဝင်ကာ...Nway တို့ကို ရှာကြည့်သည်....မတွေ့....တစ် ပြိုင်နက်..Entrance မှ Khant ဝင်အလာကိုလည်း ကြည့်ကြည့်နေရပြန်သည်...
""တီတီလေး....""
အနောက်က ခေါ်သံ ကြောင့် လှည့်ကြည့်မိလိုက်သည်....သေချာတာပေါ့ ဒါ ကလေးနှစ်ယောက်ရဲ့ အသံလေးတွေ....ကလေးနှစ်ယောက်က သူမကို ပြေးဖက်ကြသည်....
""အမလေး...Naung လေး...နဲ့ Tein လေး...တော်တော်တောင် ကြီးလာကြရော""
""Myu Yaung ရော..မပါဘူးလား....တီတီလေး..??""
""Myu Yaung က ကားပေါ်မှာ အိပ်နေတုန်း...Naung ရဲ့..ဒါနဲ့ မေမေတို့ရော...""
""မေမေက ရေခဲမုန့်စားချင်တယ် ဆိုလို့..ဖေဖေ က သွားဝယ်ကျွေးနေတယ်...ဟိုမှာ လာပါပြီ""
""Saung ရောက်လာပြီလား??""
သူမက Nway ကိုပြုံးပြလိုက်သည်...
""တစ်ယောက်တည်းလား Saung??""
""သူ့အမျိုးသားလည်း...ပါပါတယ်..ခင်ဗျ..""Khant က နောက်ကဝင် ပြောသည်..
""Khant""
""ရောက်လာသေးတယ်နော်ကိုကို.. စောင့်ရတာ ကြာပြီပေါ့""
""babe သားက အိပ်နေတာ နှိုးမှ မရတာဗျာ...""
""သားကိုပေး...အကိုတို့ အထုပ်တွေကို ကိုကို ကူသယ်လိုက်... Nwayကိုခေါ်သွားပြီနော် အကို..""
မိန်းကလေးနှစ်ယောက်က...ရှေ့မှ သုတ်သုတ် သုတ်သုတ် ထွက်သွားကြသည်...ညီအစ်ကို နှစ်ယောက်က တော့...laguage တွေကို စီစဥ်ရင်းနေရစ်လေသည်..
""အကို အဲ့ဒီအထုပ် ဒီကိုပေး ကျွန်တော် သယ်လိုက်မယ်..""
""လေးတယ်နော်..Khant သတိထား""