(Unicode)

3K 341 102
                                    


🎶မင်္ဂလာအချိန်ရက္မြတ်သို့ ရောက်ခဲ့ပြီ
လက်ထပ်ပွဲလေး ကျင်းပကြတော့မည်🎶

‌ေဟာ်တယ်ခန်းမထဲတွင် သီချင်းသံက
ငြိမ့်ငြိမ့်‌ေ‌ညာင်းညောင်း ထွက်ပေါ်နေသည်။
ဧည့်သည်များလည်း စုံသလောက် ရှိနေပြီဖြစ်၏။မေမေကတော့ မိတ်ကပ်လိမ်းခြယ်ကာ
ဧည့်သည်များ နှုတ်ဆက်ရန် အရင်ဆင်းသွားခဲ့ပြီ။ဒီနေ့အဖို့ အပျော်ဆုံးကတော့ မေမေပေါ့လေ။
ဒီပွဲကို သူ့ စိတ်ကြိုက် စီစဥ်ခဲ့တာမလား။ငယ်ငယ်ထဲက မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့တဲ့ ကျွန်တော့်အဖို့ ဒီတစ်ကြိမ်လဲ မငြင်းဆန်နိုင်ခဲ့ပါ။မဟုတ်ဘူး ငြင်းဆန်ဖို့ အားမရှိခဲ့တာပါ။

"မောင့်ဧည့်သဝါ မေမေ လက်နဲ့ရေးတာကို
ခြေနဲ့ဖျက်ဖို့ မကြိုးစားနဲ့..မင်းကို လက်ထပ်ချင်တဲ့သူခေါ်လာပါဆိုတော့လဲ မင်းမှ ခေါ်မလာနိုင်ဘဲ..ဒီတော့ မေမေ စီစဥ်တာကို လက်ခံ...မေမေ အသေဖြောင့်ချင်တယ်ကွယ်"

အမေတစ်ခု သားတစ်ခု ဖြစ်တဲ့ ကျွန်တော့် အဖို့
ရွေးချယ်စရာ တစ်စုံတစ်ရာမရှိခဲ့ပါ။တစ်ဖက်
မိန်းကလေးကလည်း အသာတကြည် လက်ခံတော့ ပိုလို့ပင် ဆိုးသေးသည်။

အင်းလေ...မေမေ ပြောသလို ခေါ်လာမယ့် ချစ်သူကလဲ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းတောင် မသိ....။ထွက်သွားခဲ့တာ ပစ်ပစ်ခါခါပါပဲ။

ဟက်!!!!ငါ့ ဘဝကလဲ တစ်စုံတစ်ယောက် ပစ်သွားရုံတင်မက မချစ်ရသူနဲ့ ပေါင်းဖက်ရတော့မယ့် ဘဝပါလား။

"ကို ပွဲထွက်ရတော့မယ်"

ကျွန်တော့် လက်ကို လာချိတ်ပြီး အချိုသာဆံုး
ေပြာလိုက်တဲ့ ကောင်မလေးက အလွန်ပျော်နေပုံရပါတယ်။မေမေ့ သူငယ်ချင်းရဲ့ သမီးမို့၊မေမေ့ကို သူ့သူငယ်ချင်းအိမ် သွားပို့တိုင်း ပြေးထွက်ပြီးလာကြိုတတ်တဲ့ကောင်မလေးက ကျွန်တော့်ကို အရင် စချစ်ခဲ့ပါသတဲ့။

"ကျွန်တော်က gay ပါ လင်းလက်...လင်းလက်
ကို ညီမလေး တစ်ယောက်ထက် မပိုဘူး.."

ကျွန်တော် ထိုစကားကိုပြောတော့ လင်းလက်က
တုန်လှုပ်ဟန် မရှိ၊ မချိပြုံးလေး ပြုံးသည်။

"လင်းလက်က မောင့် ကို ဟိုးငယ်ငယ်လေးထဲက
ချစ်ခဲ့ရတာ မောင်...မောင် က gayဆိုလဲ လက်ထပ်ပြီးရင် လင်းလက်ကို ချစ်လာဖို့ လင်းလက် ကြိုးစားမှာပါ"

သံစဥ်တယောရဲ့ချစ်ခြင်းဧက (One Shot)Where stories live. Discover now