Part27

25.9K 1.6K 74
                                    

<Unicode>
Companyရုံးခန်းထဲကို ဝက်ဝံကြီးတစ်ကောင်ကမိုးပျံပူဖောင်းတွေနဲ့ကိတ်မုန့်လေးတစ်လုံးကိုင်ကာဝင်လာသည်။ကိတ်မုန့်လေးပေါ်မှာတော့ဖယောင်းတိုင်လေးတစ်တိုင်ထွန်းထားသည်။ ဝက်ဝံကြီးက ကိတ်မုန့်ကို ခန့်မင်းရှေ့ကစားပွဲပေါ်ချလိုက်သည်။ပြီးမှphလေးနဲ့သီချင်းဖွင့်ကာ ကလေသည်။

"(Baby shark, doo, doo, doo, doo, doo, doo)+2
Baby shark
(Mommy shark, doo, doo, doo, doo, doo, doo)+2
Mommy shark
(Daddy shark, doo, doo, doo, doo, doo, doo)+2
Daddy shark
(Let's go hunt, doo, doo, doo, doo, doo, doo)+2
Let's go hunt
Run away, doo, doo, doo, doo, doo, doo
Run away
Safe at last, doo, doo, doo, doo, doo, doo
Safe at last
It's the end, doo, doo, doo, doo, doo, do
It's the end"

ဝက်ဝံကြီးက လှုပ်စိလှုပ်စိနဲ့ကနေသည်မှာ အလွန်ကိုးရိုးကားယားနိုင်လှသည်။ခန့်မင်း မနေနိုင်ဘဲရယ်မိသွားလေသည်။

"ခွီးးး"

သီချင်းပြီးဆုံးသွားတော့ ဝက်ဝံကြီးကကိတ်လေးကိုင်ပြီး သီချင်းဆိုသည်။

"Happy birthday to you Happy birthday to you Happy birthday ချစ်တဲ့ဦးခန့် Happy birthday to you "

"Happy တစ်နှစ်ပြည့်မွေးနေ့ပါခင်ဗျား"

"ဟမ် တစ်နှစ်ပြည့်"

ခန့်မင်း ဝက်ဝံခေါင်းလေးကိုချွတ်လိုက်သည်။ ဝက်ဝံခေါင်းအောက်မှ ကောင်လေးမျက်နှာလေးက ခန့်မင်းရင်ကိုအေးမြစေသည်။ကောင်လေးမျက်နှာတစ်ခုလုံးက ချွေးတွေနဲ့စိုရွှဲနေပြီး ခန့်မင်းကို အတောက်ပဆုံးပြုံးပြနေသည်။

'ရန်ကုန်ဒီလောက်ပူတာ ဝတ်စုံကြီးဝတ်ထားရတဲ့ကောင်လေးက ဘယ်လောက်တောင်ပူနေမလဲ'

"ဟုတ်တယ် တစ်နှစ်ပြည့် မြန်မြန်ဆုတောင်းပြီး‌ဖယောင်းတိုင်မှုတ်လိုက်"

"အင်း"

ခန့်မင်း မျက်လုံးလေးခဏမှိတ်ပြီးဖယောင်းတိုင်မှုတ်လိုက်သည်။ဖယောင်းတိုင်မီးလေးကငြိမ်းသွားလေပြီ။ဦးခန့်ရဲ့အေးစက်နေတတ်တဲ့မျက်နှာလေးက အရင်ကထက်သိသိသာသာကြည်လင်လာပြီး နွေးထွေးမှုတို့နဲ့ပြည့်နှက်နေသည်။

"ခင်ဗျား ဘာဆုတောင်းလဲ"

"ကောင်လေးကို နမ်းချင်တယ်လို့ဆုတောင်းတယ် နည်းနည်းငုံ့ပေးနမ်းချင်လို့"

ကျွန်တော့်ရဲ့မိုးသားတိမ်(Completed)Where stories live. Discover now