Ep - 18 [U]

492 87 5
                                    

အခန်း (၁၈)

" ဇာတ်ဆောင် မင်းသားအပေါ်မှာရော ဘယ်လောက်ထိ မျှော်လင့်ထားလဲ "

" သူဌေးတစ်ယောက်အနေနဲ့ ကျွန်မဘက်က အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ။ ခွန်းနစ်လည်း အများကြီး ကြိုးစားထားတာမို့ ဇာတ်ကား ထွက်လာတဲ့အခါ စောင့်ကြည့်ပေးကြပါဦး။ ဝေဖန် အကြံပြုဖို့လည်း တိုက်တွန်းပါတယ်။ အဆင်ပြေပြေ ထွက်လာနိုင်ဖို့တော့ မျှော်လင့်ရတာပဲ "

အဖျားခတ် ဝါကျမှာ ရယ်သံလေး စွက်သည်။ Acting Skill က ပီပြင်သည်။ သိန်းကျော်တန် ဝတ်စုံအမိုက်စားကို အဖြူရောင် ဝမ်းဆက် ရွေးထား၏။ အယ်လီယံက မီးရောင်တွေကြား အလင်းနတ်သမီး အသွင်နှင့် တောက်ပနေလျက်။

" အွန်လိုင်းပေါ်မှာ ပြန့်သွားတဲ့ ဗွီဒီယိုဖိုင် အပေါ်မှာရော ဘယ်လိုခံစားရလဲ။ ဘာများ ပြောချင်ပါသေးလဲ "

" အတိတ်မှာ ပြီးခဲ့တဲ့ ကိစ္စဆိုပေမဲ့ ခုချိန်ထိ နာကျင်နေရဆဲပါ။ ဒါပေမဲ့ ဖြစ်ပျက်ပြီးခဲ့တဲ့ အရာတွေအတွက် ကျွန်မ ဘယ်သူ့ကိုမှ အပြစ် မတင်ချင်ပါဘူး။ ခြွင်းချက်တော့ ရှိတာပေါ့လေ။ သေသောသူ ကြာရင်မေ့ဆိုတဲ့ စကားက ကျွန်မအတွက် မဟုတ်ခဲ့ပုံပါပဲ။ ရင်ဘတ်ထဲက ဒဏ်ရာကို ကုစားဖို့ အချိန် ထပ်ပြီး လိုအပ်နေသေးတယ် ထင်ပါရဲ့ "

အသံဆွေးဆွေး၊ မျက်လုံးအရောင်ဖျော့ဖျော့က ဖန်သားပြင်မှာ နေရာယူသည်။ ခုံပေါ်က လပ်တော့ကို ပိတ်လိုက်ရင်း ခယ်ရီယံရဲ့ နှုတ်ခမ်းထောင့် အစွန်မှာ လှုပ်ခတ်သွား၏။

" Drama Queen ပဲ "

အေးစက်သော မှတ်ချက်က တောင့်ခဲစွာ ထွက်လာသည်။ ထိုအချိန်မှာပင် သူ့ရုံးခန်းထဲ ရောက်လာသည့် တစ်စုံတစ်ယောက်။

အလုပ်စားပွဲရှေ့က ထွက်ရင်း ဖိတ်ခေါ်ထားသည့် ဧည့်အား ကြိုဆိုဖို့ ဆိုဖာထိုင်ခုံဆီသို့ ခြေတစ်စုံ လှမ်းဖြစ်သည်။ သွက်လက် ထက်မြက်သော ဟန်က အရင်အတိုင်း မပြောင်းလဲပေ။ စာမျက်နှာထက်မှ စကားလုံးများအား ဖန်တီး ပုံဖော်ရာ၌ သစ္စာရှိလွန်းသူဟု နာမည် ကျော်ကြားနေသူပင်။ အနုပညာအပေါ် သက်ဝင် ယုံကြည်သော သူမရဲ့ မှော်က ကြောက်စရာ ကောင်းလှသလို ခေါင်းမာသည့် နေရာမှာလည်း ပြောစမှတ် တွင်သည်အထိ။

ကေဝစီးခ်င္းWhere stories live. Discover now