စံပယ့်ဘဝက ဆိုးလှပါတယ်လေ။ ထိုသို့ပြောရင်လည်း အဆင်မပြေပြန် ဆိုးတာထက်ကိုပိုခဲ့သည်။ စံပယ့်ဘဝက လှည်းလေးတစ်စီးဆိုရင် လှည်းလေးမောင်းတိုင်း ချောမွေ့စွာ မမောင်းနှင်နိုင်ခဲ့ပါ။ သူမဘဝက သာယာလှသည်ဟု တစ်ချို့ကမြင်ကြပါတယ်လေ။ ဟူတ်ပါတယ် စံပယ်ဟာ ချမ်းသာတယ်။ စားဖို့ကိုပင်ပူစရာမလိုခဲ့။ ထိုသို့ပြောနိုင်ရင်တောင်မှ စံပယ်ဟာ ဤသို့သောဘဝမျိုးကိုပင်နှစ်သက်ခုံမင်ခြင်းမရှိခဲ့ပါလေ။ သူမဟာသနားကြင်နာသူမို့ မောက်မာခဲ့ခြင်းလည်းမရှိခဲ့ပါချေ။ ပို၍စိုးသွားရခြင်းမှာ သူမ၏ ချစ်ရပါသော မောင် ။ မောင်ဟာ မချမ်းသာလှပေ။ သိူ့သော် အသင့်တင့်တော့ ရှိပါသေးသည်။ မောင်ဟာ မချောရင်တောင် တည်ငြိမ်ပြီး ခန့်လှတယ့်ယောက်ျားတစ်ယောက်ပါ။ ဒီလူကိုချစ်ခဲ့မိပါတယ် ။ ချစ်ခဲ့ရသလို ကံလည်းမကောင်းခဲ့ပါ။ အဆင့်အတန်းဆိုတဲ့ စကားတစ်လုံးက စံပယ့်ရင်ကိုကွဲစေပါတယ်။ ဒါကြောင့်စံပယ်ဟာ သူ့ဘဝကိုသိပ်မုန်း သိပ်ရွံ့ရှာလေရဲ့။ ပစ္စည်းဥစ္စာတွေက သူမကိုဖျက်ဆီးနေကြတယ်လို့ တွေးထင်နေလေရဲ့။ အိုကွယ် ဒီစည်းစိမ်တွေဆိုတာကြီးက
သက်သက် စံပယ့်ကိုဖျက်စီးနေတာပါလေ။ဒါတွေစံပယ်မလိုရပါဘူးမောင်။
စံပယ်လိုချင်မိတာမောင့်ကိုပါ မောင်ရယ်.......
>>>>>>>>>(အပိုင်းဆက်ရန်)ဒါလေးကြိုက်ကြလားဟင် ကြိုက်ရင်လေ အပိုင်းဆက်လေးထပ်တင်ပေးမယ်နော်🥺
အားလုံးပဲ take care 💓
YOU ARE READING
စံပယ်
Fantasy1980 လောက်က အထက်တန်းလွှာမိန်းကလေးတစ်ယောက်ဟာ အချစ်ကြောင့်ပြိုကွဲခဲ့ရတယ်။ သူမဟာ သူမပိုင်ဆိုင်နေတဲ့ စည်းစိမ်တွေကိုသိပ်မုန်းနေလေရဲ့။ သူမ မပိုင်ဆိုင်လိုပါ။ အရာရာ လိုလေသေးမရှိတဲ့ သူမဘဝဟာ ပေးဆပ်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ကိုတောင် မသိရလောက်တဲ့ထိ ပြည့်စုံနေခဲ့...