တစ်ခုသောနံနက်ခင်း၌ ဒေါ်စိန်ခင်သည် သူမ၏ပန်းခြံထဲရှိ ပန်းများအား ယုယုယယနှင့် ရေလောင်းပေါင်းသင်းကာ ပျော်မွေ့နေလေသည်။ ထို့နောက် သမီးဖြစ်သူ စံပယ်အား ခြံထဲသို့ခေါ်ဆောင်ရန် ခြံထဲတံမြက်စည်း လှည်းနေသည့် ကြီးခင်အား အခေါ်တော်ပါးခိုင်းလိုက်သည်။
ဒေါ်စိန်ခင်ဆိုသည်မှာ ကျောက်အရောင်းအဝယ်လောကတွငိ မသိသူမရှိရလေအောင် အောင်မြင်နေသူတစ်ဦးပါလေ။
သူမ အများအမြင်မှာပြည့်စုံနေခဲ့ပါသည်။ သူမရင်ထဲကတစ်စုံတစ်နေရာမှာတော့ ကွက်လပ်ဖြစ်နေလေရဲ့။ အိုဒါတွေကိုဘယ်သူကများသိပါမည်နည်း။ ဘယ်သူကရောထင်ပါမည်နည်း။အောင်မ့င်နေတစ်ယောက်အဘို့ ကွက်လပ်ဆိုတာ ဟာသကြီးပါ။ ထိုကွက်လပ်ကို ခံစားနေမိတဲ့ဒေါ်စိန်ခင်ကသာ အရူးဖြစ်နေခဲ့တာပါလေ။
"စံပယ် မေမေခေါ်နေတယ်"
ဧည့်ခန်းဆိုဖာပေါ်မှာ အိပ်ငိုက်နေသော စံပယ်လေးအား ကြီးခင်မှ လှမ်းပြောလိုက်သည်။
"ဪဟူတ်ကြီးခင်"
အိပ်ငိုက်ရင်းက လေးလေးဖင့်ဖင့်ထလာပြီး အမေရှိရာ ခြဲထဲဆင်းလာလိုက်သည်။ ဒေါ်စိန်ခင်သည် သမီးဖြစ်သူအား မြင်လိုက်သော် တစ်ချက်ပြုံး၍
"သမီးရယ် ခုမှ ၁၁ကျော်ခါစရယ် နေ့လယ်စာတောင်မစားရသေး အိပ်ငိုက်နေပြီလား"
ဟုဆိုကာ တစ်ချက်ရယ်လိုက်ပါသည်။"အာ အမေကလည်း အိပ်ချင်လာလို့ပါ သမီးလေအမေ့ပြောစရာရှိတယ်"
ဒေါ်စိန်ခင်သည် ခေါင်းလေးတစ်ချက်ငြိမ့်ပြီးအသိအမှတ်ပြုလိုက်သည်။ သို့သော် စံပယ်မှာ စကားမစလာ။"ပြောလေ ဘာပြောမို့လည်းသမီး"
"...."
"ပြောလေကွယ် ပြောစရာရှိတာ စကားစပြီး ဆက်မပြောရင်မေမေမကြိုက်ဘူးကွယ့်"
"ဟိုလေ...သမီးအမေ့ကိုမယုံလို့မဟုတ်ပါဘူးရယ် ဒါမဲ့လေ......."စံပယ်စကားခနရပ်လိုက်သည်။ ထို့နောက်အသက်ပြင်းပြင်းတစ်ချက်ရူလိုက်ပြီး စကားဆက်လေသည်။
"သမီး ဘဝက တကယ်ပဲ အမေ့ရဲ့သမီးလား"ထိုစကားတစ်ခွန်းကြောင့် ဒေါ်စိန်ခင်၏ မြူတူးနေသောစိတ်အစုံတို့ခနတာပပျောက်သွားရသည်။ ဒါ့အပြင် တစ်ခုခုကိုစိုးရိမ်သယောင်ယောင် ထို အရာကိုမည်သူကမှသိလို့မဖြစ်ပေတဲ့ကိစ္စတစ်ခုခုကို သိသွားမှာကြောက်ရွံ့ နေသယောင်ယောင်။
ဒေါ်စိန်ခင်မျက်လုံးအစုံတို့၌ တစ်စုံတစ်ခုယှက်ခနဲ ပြေးသွားလေသည်။ ထိုအရာကိုစံပယ်သတိမထားမိ။
YOU ARE READING
စံပယ်
Fantasy1980 လောက်က အထက်တန်းလွှာမိန်းကလေးတစ်ယောက်ဟာ အချစ်ကြောင့်ပြိုကွဲခဲ့ရတယ်။ သူမဟာ သူမပိုင်ဆိုင်နေတဲ့ စည်းစိမ်တွေကိုသိပ်မုန်းနေလေရဲ့။ သူမ မပိုင်ဆိုင်လိုပါ။ အရာရာ လိုလေသေးမရှိတဲ့ သူမဘဝဟာ ပေးဆပ်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ကိုတောင် မသိရလောက်တဲ့ထိ ပြည့်စုံနေခဲ့...