ပြန်လည်တွေ့ဆုံခြင်း

6 1 0
                                    

Unicode

အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲတွင် လူရာပေါင်းများစွာသည် ကိုယ်စီကိုယ့်အလုပ်များဖြင့်ပြေးလွှားနေကြသည်။ ထိုလူများထဲတွင် မလှုပ်မယှက်ဖြင့်ရပ်နေကြသော လူ၂ဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်နေကြသည်။
လေပြေတစ်ချက်အဝေ့တွင် သူမ၏အဖြူရောင်ဂါဝန်လေးဟာ လေသဲ့ရာသို့ယိမ်းလို့နေလေသည်။ သူမ၏ အသားအရည်မှာ ဖြူဖွေးကာ ဆံသားများမှာလဲ အဖြူရောင် ဂုတ်လောက်ထိရှိသော တစ်ထပ်၏အောက်တွင် အမဲရောင် ကျောပေါ်လောက်ထိရှိသော နှစ်ထပ်ကေ မတိုမရှည်ဆံပင်များမှာလဲ လေနှင့်အတူဝဲလို့နေသည်။ ဝတ်ဆင်ထားသော အဖြူရောင်ဂါဝန်၊ စီးထားသော ကော်ဖီရောင် ဒေါက်ဖိနပ်၊ ဖြူဖွေးသောအသားအရေ၊လွယ်ထားသော အနီရောင် လွယ်အိပ်သေးသေးလေး၊ လေတွင်ဝဲနေသာ အဖြူနှင့် အမဲရောင် ဆံကေသာများနှင့် သူမပုံစံမှာ အလွန်ကို လိုက်ဖက်လွန်းသလို ချစ်စရာလဲကောင်းနေလေသည်။
သူမ၏အရှေ့တည့်တည့် မလှမ်းမကန်းတွင်တော့ အမျိုးသားတစ်ယောက်ရပ်နေပြီး သူမအား အချိုသာဆုံးသော အပြုံးတို့ဖြင့် ပြုံးပြနေလေသည်။
သူမ၏အရှေ့တွင်ရပ်နေသူမှာတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က နိုင်ငံခြားသို့ထွက်သွားသော သူမ၏အချစ်ဦးလည်းဟုတ်သလို ရည်းစားဟောင်းလဲဖြစ်သည်။သူ့့ကိုတွေ့လိုက်တိုင်း မပြောင်းလဲဆဲ လှုပ်ရှားလာတတ်သော စိတ်တွေကို သူမ ခုထိမထိန်းချုပ်နိုင်သေးမှန်း သဘောပေါက်လိုက်ပါပြီ။
ချန်းချန်း မင်ဘာငိုင်ကြည့်နေတာလဲ ငါ့ကို လာကြိုတယ်ဆိုရင် လာပြီးဝိုင်းကူသယ်ပေးသင့်တာပေါ့။
ရုတ်တရက်ထွက်လာသော စကားသံကြောင့် ချန်းချန်းတစ်ယောက် ငိုင်နေရာမှ အသိဝင်လာပြီး စကားပြောလိုက်သူကိုကြည့်လိုက်ရာ ထိုသူမှာ သူမ၏ဆရာဖြစ်နေသည်။ ဟုတ်ပါသည် ချန်းချန်း လေဆိပ်လာခဲ့သည်မှာ နှစ်သစ်ကူးတွင် မိမိအိမ်သို့ပြန်သွားသော သူမ၏ဆရာပြန်လာသည်ကို လာကြိုခြင်းသာဖြစ်သည်။သူမဆရာ၏ နာမည်မှာ လင်ဟောက်ဖြစ်ပြီး Quality Departmant Managerတစ်ယောက်ဖြစ်သည်။ ယခုတွင်တော့ သူမသည် လင်ဟောက်၏ Secretary တစ်ယောက်ဖြစ်သည်။ လွန်ခဲ့တဲ့၂နှစ်တုန်းကတော့ သူမသည် သေးငယ်တဲ့ စာရေးမတစ်ယောက်သာဖြစ်ပြီး။သူမ၏ ကြိုးစားအားထုပ်မှု၊ ဆရာ၏ သင်ပြပေးမှုနှင့် ပျိုးထောင်ပေးမှုတို့ကြောင့်သာ ဒီနေရာကို ရောက်လာနိုင်တာဖြစ်သည်။
အား…. ဆော်တီးဆရာ လူတွေအရမ်းရှုပ်နေတော့ ဆရာ့ကို မတွေ့လိုက်ဘူးဖြစ်သွားတယ်။ ပေးလေအိပ်တွေ ချန်းသယ်ပေးမယ်လေ။
မလိုပါဘူး မင်းခန္ဓာကိုယ်လေးနဲ့ ငါ့အိပ်တွေဘယ်လိုနိုင်မှာလဲ။ ငါကစကားအဖြစ်ပဲပြောတာပါ။
ထို့နောက် လင်ဟောက်သည် ချန်းချန်းနားသို့တိုးကား အသံတိုးလေးဖြင့်ပြောလိုက်သည်။
မင်းအတွက် ငါသူ့ကိုပြန်ခေါ်လာပေးတယ်နော်။
ချန်းချနး်မှာ ဘာပြောရမှန်မသိ ထပ်ပြီးငြိမ်နေပြန်သည်။
လော့အန်း လာလေအဲ့မှာ ဘာရပ်လုပ်နေသေးတာလဲ။ နောက်တွင် ရပ်ကျန်နေခဲ့သော ရှန်းလော့အန်းအား လင်ဟောက်မှလှမ်းခေါ်လိုက်ပြီး သူကပဲ ဦးဆောင်ကာ လေဆိပ်ထဲမှထွက်လာခဲ့ကြသည်။
ကားပေါ်ရောက်သောအခါ လင်ဟောက်မှာ တစ်ရေးမှေးဦးမယ်ပြောကာ မျက်စိမှတ်အိပ်နေလေသည်။ ကားနောက်ခန်းထဲတွင် ဘေးချင်းကပ်ထိုင်နေကြသော လူ၂ဦးမှာလဲ တိတ်ဆိတ်လို့နေနေကြသည်။လော့အန်းမှာ နဂိုကတည်းက စကားနဲသူတစ်ဦးဖြစ်တာကြောင့် ဒီလိုအခြေနေမျိုးကို ပုံမှန်လို့ပြောလို့ရသော်လည်း ချန်းချန်းမှာ စကားမများသော်လည်း လူမှုုရေးသိတတ်ပြီး လူတစ်ယောက်ကို ဘယ်လိုစကားစပြောကာ ရင်းနှီးအောင်လုပ်ကမလဲ သိသူဖြစ်သောကြောင့် ပုံမှန် ဒီလိုအခြေနေမျိုးတွင် ဆိုလျှင် သူမသည် ခေါင်းစဉ်တစ်ခုကို ရှာ၍ ဆွေးနွေးနေလောက်ပြီ ဖြစ်သော်လည်း ယခုတော့ သူမဟုတ်သလို တိတ်ဆိတ်လို့နေလေသည်။ တစ်ချက်တစ်ချက် လောအန်းသည် သူမဘက်သို့လှည့်လှည့်ကြည့်တတ်ပြီး သူမနဲ့အကြည့်ချင်း ဆုံတဲ့အခါမှာ အပစ်ကင်းသော ချိုသာသော အပြုံးတို့ဖြင့် ပြုံးပြတတ်သည်။
ချန်းချန်းသည် အပြင်တွင် စကားမပြောသော်လည်း သူမ၏စိတ်ထဲတွင်တော့ အတွေးပေါင်းများစွာဖြင့် အလုပ်ရှုပ်လို့နေလေသည်။
အားးး ငါဘယ်လိုဖြစ်တာလဲ အဲ့တံခါးကနေထွက်လာတာ ဆရာရော လော့အန်းရော ၂ယောက်ပေမယ့် ငါမျက်လုံးထဲ လောအန်းတစ်ယောက်တည်းကို ကွက်မြင်လိုက်တာလား။ဆရာသာလှမ်းမေခေါ်ရင် ငါတော့အရှက်တွေကွဲတော့မှာပဲ။
၁နာရီခန့်ကြာပြီးနောက် သူတို့နေရာနေရာသို့ ရောက်လာခဲ့သည်။ သူတို့ပစ္စည်းများကို ကားပေါ်မှချပြီးနောက် ချန်ချန်တစ်ယောက် ပြန််ရန်ပြင်နေသော်လဲ လင်ဟောက်မှာ ညစာအတူတူစားပါရန် အမိန့်ပေးလိုက်သောကြောင့် မပြန်ရဲ။
ဆရာဒါဆို ချန်း Canteenမှာပဲစောင့်နေလိုက်မယ်နော်။
အေး။ ဟုပြောကာ လင်ဟောက်သည် သူ၏အခန်းထဲသို့ဝင်သွားလေသည်။
ထို့နောက် သူမလဲ ကို့ယို့ကားယားဖြင့်သာ လော့အန်းအားခေါင်းလေးတစ်ချက် ငြိမ့်ပြ နှုတ်ဆက်ပြီး ထမင်းစားဆောင်ဘက် ထွက်လာခဲ့သည်။
အချိန်မှာ ၅နာရီကျော်ကျော်လောက် နေဝင်ချိန်ဖြစ်၍ စက်ရုံထဲရှိ မီးများမှာ လင်းနေပြီဖြစ်သည်။ လင်ဟောက်နှင့် လော့အန်းတို့မှာ စက်ရုံ၏သတ်မှတ်ထားသော အဆောင်တွင် နေကြသူများဖြစ်ပြီး ချန်းချန်း၏ အိမ်မှာတော့ စက်ရုံနှင့် အလွန်နီးသောကြောင့် မကြာခဏဆို သလိုသူတို့နှင့်အတူတူ ဒီမှာ ထမင်းစားဖြစ်သည်။ သူတို့ဆိုသည်မှာ လင်ဟောက်နဲ့ လော့အန်းအပြင် Manufacture Departmant Manager ကျိုးကော၊ သူ၏ အတွင်းရေးမှုး စီစီ နှင့် အခြားသော လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည်။
ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် လမ်းလျှောက်နေရင် ရုတ်တရက် နောက်မှတစ်ယောက်ယောက်က သူမ၏လက်ကို လှမ်းဆွဲခြင်းကို ခံလိုက်ရပြီးနောက် နွေးထွေးကာ ကျယ်ပြန့်သောရင်ခွင်တစ်ခုထဲသို့ သူမ၏ခေါင်းကို သိမ်းယူခြင်းခံလိုက်ရသည်။ထိုလှမ်းဆွဲလိုက်သူမှာ အနည်းငယ်မော်နေပုံပေါ်ပြီး သူ၏ရင်ခုန်နှုန်းများက အလွန်မြန်လို့နေသည်။ရုတ်တရက်အဖက်ခံလိုက်ရသော ချန်းချန်းတစ်ယောက် လန့်ကာ ထိုသူအားတွန်း၍ ရုန်းလိုက်သည် ဒါပေမယ့် သိသိသာသာပင် ထိုသူ၏အားမှာ ချန်းချန်းထက်အဆမတန်များနေသည်။ထို့နောက် သက်ပြင်းချသံတစ်ခုနှင့်အတူ (ကိုယ်မင်းကိုအရမ်းလွမ်းနေခဲ့တာ) ဟူသောအသံကို ချန်းချန်းကြားလိုက်ရပြီးနောက် ရုတ်တရက်ငြိမ်ကြသွားတော့သည်။
ဟုတ်ပါသည် သူမမှတ်မိလိုက်ပါသည် ဒီလိုမျိုးသာယာချိုသာပြီး အေးချမ်းလွန်းတဲ့အသံပိုင်ရှင်ဟာ လော့အန်းမှလွဲ၍ မည်သူများဖြစ်နိုင်ပါဦးမလဲ။တစ်ချိန်သူမ သူ့ကို သဘောကျခဲ့သည် အချက်တွင် ဤအချက်သည်လဲပါဝင်သည်။လော့အန်း၏အသံသည် အတိုးအကျယ် မမာမပျော့ တစ်ခါတစ်လေတွင် ညင်သာပြီး တစ်ခါတစ်လေတွင် ချိုသာသည်။ ချန်းချန်းတွေ့ဖူးသမျှလူတွေထဲတွင် ရှန်းလော့အန်း၏ အသံသည် သူမှလွဲ၍ တစ်ခြားတစ်ယောက်တွင် မရှိနိုင်သောအသံမျိုးသာဖြစ်သည်။
ညနေဆည်းဆာချိန် နေလုံးကြီးမှာ မိုးကုတ်စက်သဝိုင်း၏တစ်ဖက်သို့ တစ်ဝက်တစ်ပျက်ဝင်နေပြီး အလင်းရောင် ဖျော့တော့တော့ ပတ်ဝန်းကျင်ကြီးထဲရှိ မီးတိုင်လေး တစ်ခု၏အောက်တွင် ကောင်လေးတစ်ယောက်သည် ကောင်မလေးတစ်ယောက်ကို ရင်ခွင်ထဲထည့် ဖက်ထားပြီး လေပြေညှင်းများမှာလဲ ဖြေးဖြေးခြင်းတိုက်ခတ်လို့နေကာ သူတို့၂ယောက်၏ အဝတ်အစားများနှင့် ဆံနွယ်များမှာလေနှင့် အတူယိမ်းလွင့်နေပုံမှာ လောကကြီးတွင် အလှဆုံးဆိုသော ပန်းချီကားတစ်ချပ်အလား.......

Destiny is.......... Where stories live. Discover now