Birthday present

342 41 19
                                    


" Happy birthday... "

" Happy birthday Mr .Luo.. "

ကြီးမားလှသည့် စံအိမ်ကြီး၏ အရှေ့ဘက် မြက်ခင်းပြင်မှာတော့ Luo company၏ တစ်ဦးတည်းကျန်သော မျိုးဆက် ဥက္ကဌ လော်ယွင်ရှီး၏ သုံးဆယ်ပြည့် မွေးနေ့ကို တခမ်းတနားဖြင်ါ ကျင်းပနေသည်။
ကားရပ်နားရာ ပါကင်အဆောက်အအုံနေရာမှာလည်း
သာမန် လူတန်းစားတွေ ဒီတစ်သက်အိမ်မက်တောင် မမှတ်နိုင်လောက်သည့် ကားမျိုးစုံက ပြပွဲလုပ်သလိုမျိုး အစီအရီ ရပ်ထားကြသည်။

ပွဲကျင်းပရာ နေရာဖြစ်သည့် အစိမ်းရောင်မြက်ခင်းပြင်ရှိရာမှာတော့ နိုင်ငံရေးသမား၊စီးပွားရေးသမားအပြင် နာမည်ကြီး အနုပညာရှင်တွေအထိပါ မွေးနေ့ပွဲကို တက်ရောက်ကြသည်။ လုပ်ငန်းစုဥက္ကဌ‌တွေ၊၀န်ကြီးတွေ၏ သမီးတွေကလည်း အပြိုင်အဆိုင် အလှဆုံးဖြစ်အောင် ပြင်ဆင်လာကာ
ဇာတ်လိုက်မင်းသားကို ဆွဲဆောင်နေကြသည်။

မိဘတွေကလည်း မတော်တဆမှုတစ်ခုမှာ ဆုံးပါသွားပြီး တရုတ်နိုင်ငံအတွင်းမှာသာမက ပြည်ပမှာပါ အောင်မြင်နေသည့် မျိုးဆက်သစ်လူငယ်တစ်ယောက်အပြင်
အခုထိလည်း နာမည်ပျက်မရှိ၊ တစ်ယောက်တည်း သမားမို့
ပထမတန်းစားအသိုင်းအဝိုင်းထဲမှာ ရေပန်းစားသည်။
ထိုသူတွေ ကြားမှာတော့ အဖြူရောင် အကောင်းစား အနောက်တိုင်း၀တ်စုံ နှင့် မွေးနေ့ရှင် လော်ယွင်ရှီးကတော့
တောက်ပသည့် အပြုံးတွေဖြင့် လူတိုင်းကို လိုက်ဧည့်ခံနေသည်။

" သားကြီး...
တစ်ကောင်တည်း အသက်တစ်နှစ်ကြီးပြန်ပြီ။ "

" မွေးနေ့ကိတ် မစားချင်ဘူး။
မင်္ဂလာကိတ် စားချင်တာ.. "

" ခွေးသားတွေ ခွေးသမီးတွေ..
ငါ့မွေးနေ့ကိုလည်း လာမျိုကြသေး..
ဒီလူပျိူကြီးဂုဏ်ကိုဘဲ လာဖဲ့နေတယ်။ "

လော်ယွင်ရှီးသည် သူ့သူငယ်ချင်းတွေရဲ့
အနှိမ်တစ်၀က် မွေးနေ့ဆုတောင်းကို ပြန်ပြီး ‌ခပ်နောက်နောက်ဖြင့် ဆဲပေးလိုက်သည်။
သူ့လက်ထဲက ကိုင်ထားသည့် ဝိုင်ခွက်ကို အကြောင်းမဲ့ လှုပ်နေရင်း

" ငါမှာ ရင်မခုန်သေးတာ။ "

တကယ်တော့ အသက်သုံးဆယ်သုံးနှစ်ဆိုတာက အာရှဘက်မှာ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ်
တစ်ခုခုကို ယူရတော့မဲ့ အရွယ်ဆိုပေမဲ့ Europeဘက်မှာဆို တစ်ကိုယ်တည်း ပျော်ဖို့အကောင်းဆုံးအချိန်ဘဲ ရှိနေသေးတာ။

Birthday PresentWhere stories live. Discover now