အခန်း(၇)

1.2K 181 1
                                    

နာရီအနည်းငယ် ကြာပြီးနောက် လင်းရှီသည် လူနာတင်ယာဥ်က ကျန်းယဲ့ကို သယ် ဆောင်သွားတာကို ဂရုမစိုက်သည့် အမူအရာဖြင့် ကြည့်နေသည်။

သူ သွမ့်ရှန်ကားထဲတွင် ဝင်ထိုင်လိုက်ပြီးသည့် အခါမှသာ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်လာခဲ့သည်။ သူ ကျန်းယဲ့ကို မတောင်းပန်ချင်ပါ။ လင်းရှီတွေးလိုက်ပြီး ချဥ်နေသောမျက်နှာဖြင့် လှည့်ပြီး သူ့ဘေးရှိ သွမ့်ရှန်ကို ကြည့်လိုက်သည်။

ထိုသူက နောက်ခုံနောက်ကို မှီကာ ထိုင်နေပြီး သူ့မျက်လုံးတွေဟာ ပိတ်ထားခဲ့သည်။

လင်းရှီက သူ့နှုတ်ခမ်းကို ဖိပိတ်လိုက်ပြီး သွမ့်ရှန်ရဲ့ ဒူးခေါင်းပေါ်ရှိနေသည့် လက်ချောင်းရှည်တွေကို ငုံ့ကြည့်လိုက်သည်။ သူက ခိုးကြောင်ခိုးဝှက်နှင့် သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး သွမ့်ရှန်လက်ချောင်းများနှင့် နှိုင်းယှဥ်လိုက်သည်။ ဒါပေမဲ့ သူလက်ချောင်းတွေက ပိုတိုနေကြောင်း သဘောပေါက်ခဲ့သည်။

သူ့လက်တွေကို ဘာသံမှမထွက်စေပဲ ပြန်ဆွဲယူရန် ကြိုးစားလိုက်ချိန်တွင် ဆန့်ကျင်လျက် သူ့လက်ချောင်းထိပ်ဖျားတွေဟာ မတော်တဆ သွမ့်ရှန်ရဲ့လက်ကို ပွတ်တိုက်သွားမိသည်။

သွမ့်ရှန်ရဲ့ ပိတ်ထားသော မျက်လုံးများက မျက်မှောင်ကြုတ်သွားပြီး လင်းရှီရဲ့ မငြိမ်မသက်ဖြစ်နေသည့်လက်ကို ဖိလိုက်သည်။ "လင်းရှီ အနားလာရှုပ်မနေနဲ့"

လင်းရှီရဲ့ ခန္ဓာကိုယ်ဟာ တောင့်တင်းသွားသော်လည်း သူ့ရဲ့ တခြားလက်ပေါ်ရှိ လက်ချောင်းတွေဟာ တိတ်တဆိတ် တူတူကွေးကောက်သွားကြသည်။

ကျန်းယဲ့ဦးခေါင်းတွင် အနည်းငယ်ချုပ်ပြီးနောက် ခွဲစိတ်ဆရာဝန်က သူ့ကို ဆေးရုံမှ ဆင်းခွင့်ပေးခဲ့သည်။ CEO ကျန်းနှင့် သူဇနီးကတော့ ကျန်းယဲ့ရဲ့ အိပ်ယာဘေးတွင် စိုးရိမ်တကြီး စောင့်နေကြသည်။

သူတို့ တံခါးခေါက်သံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ သွမ့်ရှန်နှင့် မျက်နှာချင်းဆိုင် ဆုံလိုက်ရတော့ သူတို့မျက်နှာပေါ်မှာ မရေရာမှုများနှင့် ပြည့်နေသည်။
ထိုအရာတို့သည် သွမ့်ရှန်အနောက်တွင် လင်းရှီကို မြင်လိုက်သည့်အခါ သူတို့အမူအရာက ရန်လိုသည့်အမူအရာသို့ ပြောင်းလဲသွားသည်။

Unexpected Marriage Where stories live. Discover now