{ Unicode Version }
.
.
.
.
.
.........𝐈𝐅.......♡︎ (Oɴᴇ Sʜᴏʀᴛ )
𝐐𝐂 restaurantထဲ၌ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကောင်လေး၂ယောက် ။
"ရိပေါ် ကိုယ်မင်းကို လက်ဆောင်ပေးစရာရှိတယ်"
"ဘာများလည်း ကိုကလည်း...?
အထူးအဆန်းလုပ်လို့..."သူဖြေတော့ ထလာပြီးသူ့ရှေ့ ဒူးထောက်လိုက်တဲ့ ရှောင်းကျန့် တစ်နည်းအားဖြင့်သူ့ချစ်သူ...
ရှောင်းကျန့် အင်္ကျီရင်ဘတ်ထဲ ထုတ်လာတဲ့ ဘူးလေးတစ်ခု ၊ ဖွင့်လိုက်တော့ ပုလဲနဲ့ လခြမ်းရောစပ်ထားတဲ့ hand chainလေး...
"ရိပေါ်အတွက်ကိုယ် သီးတန့်မှာထားတာ ဒီလိုပုံစံဆင်တူဆိုတာလည်း မရှိဘူး ။ ဒီတစ်စုံပဲရှိတယ် ။ သဘောကျလားရိပေါ် "
"အင်း..အရမ်းပျော်တာပဲ ကိုရယ်"
"ရိပေါ်ဒီ hand chainလေးရဲ့အဓိပ္ပါယ်ကိုသိချင်လား"
ရှောင်းကျန့် ကရိပေါ်လက်မှာဝတ်ပေးရင်း မေးလာတယ်..
သူသိချင််တယ် အဓိပ္ပာယ်ကို..."အင်း...သိချင်တယ်ကို..."
"လဆိုတာက မိုးကောင်းကင်ရဲ့အမြင့်ဆုံးမှာရှိတာ ၊
ပုလဲကတော့မြေအောက်ရေ ရေအောက်ကဟိုးအောက်ဆုံးကနေရတာ ၊ သူတို့၂ခုဟာဘယ်လိုမှမဆုံစည်းန်ိုင်ဘူး အဲ့လိုပဲ ကိုယ့်ဘဝမှာအချစ်ဆိုတာ မရှိဘူးလို့သတ်မှတ်ထားတာ ဒါပေမဲ့ခုတော့ကိုယ်အချစ်ကိုတွေ့ပြီ ဒါကြောင့်လည်း မဆုံစည်းနိုင်တဲ့အရာနှစ်ခု ဒီhand chainလေးထဲမှာဆုံစည်းပေးထားတာ""အရမ်းချစ်တာပဲ ကိုရယ်..."
ရှောင်းကျန့်ကအရမ်းကိုစကားကြွယ်လွန်းပါတယ်။
စကားလုံးတိုင်းက သူ့ရင်ဘတ်ထဲတန်းတန်းမှတ်မှတ်ထိတယ်။.......∆
ကျွန်တော့်နာမည် ဝမ်ရိပေါ် အစ်မတစ်ယောက်ရှိတယ် ။ မိဘတွေကတော့မရှိတော့ပါဘူး ။ ခုဆိုကျဲနဲ့ကျွန်တော်၂ယောက်ထဲ ဆွေမျိုးသားချင်းလည်းမရှိ ။ ဒါပေမဲ့ခုတော့ ကျဲကLucasဆိုတဲ့ ကနေဒါသားနဲ့ လက်ထပ်ထားပြီ ။ ခုဆိုကျဲအိမ်မက်အတိုင်း စီးပွားရေးနယ်ပယ်မှာ ဘုရင်တစ်ဆူလိုဖြစ်နေပြီ ။