Unicode
" 20 years of bad luck if you ignore this "
ဆိုတဲ့ Captionနဲ့ postကိုရောက်လာတော့အယောင်ယောင်အမှားမှားလက်က Auto reactပေးမိပြန်တယ်..
ဒါမျိုးတွေအရင်ထဲကအယုံကြည်မရှိပေမဲ့ အခုချိန်ကျွန်တော့ဆီရောက်နေတဲ့ကံဆိုးမှုများရပ်တန့်သွားလေမလားဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့။အထက်တန်းကျောင်းပြီးစ တက္ကသိုလ်မတက်ခင် ၁၉နှစ်ဆိုတဲ့အရွယ်လှလှကိုပျော်ပျော်ကြီးဖြတ်သန်းနေချိန်မှာကံတရားကကျွန်တော့်ကိုမျက်နှာသာဆက်မပေးချင်တော့ဘူးထင်ပါရဲ့။
ရုတ်တရက်ကြီးမိသားစုအကုန်လုံးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကတော်တော်လေးဆိုးရွားလှတယ်။
ကျွန်တော့်အတွက်ငွေကြေးဂုဏ်တွေကိုသာချန်ထားပြီး ချစ်ရတဲ့သူတွေအကုန်လုံးကိုကျွန်တော့်ဘဝထဲကဆွဲထုတ်သွားခဲ့တဲ့ကံတရားကိုကျွန်တော်မုန်းလိုက်တာ။
အဲဒီ့နေ့ကကျွန်တော်စာမေးပွဲရှိလို့မေမေတို့ပဲသွားတဲ့ခရီးကိုကျွန်တော်လိုက်သွားခဲ့ရမှာ၊ စာမေးပွဲမဖြေပဲလိုက်သွားခဲ့ရင်တောင်အခုချိန်အကုန်လုံးနဲ့ခွဲရမှာမဟုတ်ဘူး။
ကျွန်တော်မေမေတို့ဆီလိုက်လာဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ် အကြောင်းအမျိုးမျိုးကြောင့်မအောင်မြင်ခဲ့ရဘူး။
အခုနက Bad luckဆိုတဲ့postကိုမကျော်သွားမိလို့တစ်ကြိမ်တစ်ခါလောက် Good luckဖြစ်ပေးပါလား၊ ကျွန်တော်ပတ်ဆောင်းဟွန်းအတွက်ကံကောင်းစေဖို့ရာဒီတစ်နည်းသာရှိတော့သည်မို့။ ကျွန်တော့်မိသားစုကိုရူးလောက်အောင်တွေ့ချင်လှပြီမို့။"ဒီတတိယအကြိမ်တော့ကျွန်တော့်ကိုလိုက်လာခွင့်ပြုမယ်မှတ်လား" လို့စိတ်ထဲကရေရွတ်ရင်း မျက်လုံးစုံမှိတ်ကာ ခန္ဓာကိုယ်ကိုလွတ်လပ်ခွင့်ပေးလိုက်တော့ရန်တံတားပေါ်ကခုန်ချမည်အပြုရုတ်တရက်ဖမ်းဆွဲလာတဲ့လက်တစ်စုံ။
ကြည့်ရတာဖေဖေတို့ကကျွန်တော့်ကိုမလာစေချင်ကြဘူးထင်တယ်။
"မင်းရူးနေလား.. ဒီပေါ်ကခုန်ချလိုက်ရုံနဲ့ပြသနာတွေအကုန်လုံးကိုဖြေရှင်းနိုင်မယ်ထင်နေတာလား"
ဘယ်ကမှန်းမသိတဲ့သူစိမ်းတစ်ယောက်က ကျွန်တော့်ရဲ့ပြသနာတွေကိုသိနေသလိုမျိုးစိတ်ပူပေးပြီးပြောနေလေရဲ့။
YOU ARE READING
AT LEAST WE MET // HEEHOON
Фанфик"စိတ်ရင်းနဲ့ပဲဖြစ်စေ စိတ်ရင်းနဲ့မဟုတ်သည်ဖြစ်စေ အနည်းဆုံးတော့မင်းရဲ့ဆုံးဖြတ်ချက်ကြောင့်ငါတို့ဆုံဖြစ် ခဲ့သေးတာပဲ အီဟီဆွန်း" _ Sunghoon "ကျွန်တော့်ကိုမကယ်ကြပါနဲ့ ကျွန်တော့်ချစ်သူ မရှိပဲကျွန်တော်နေနိုင်မည်မထင်ဘူး" _ Heeseung H E E H O O N Fanfiction