ဆယ်တန်း အောင်စာရင်း ထွက်တဲ့နေ့ပေါ့
အမှတ်က ၄၀၁ နဲ့ ကိုယ်တက်ချင်တဲ့ Civil မမီဘူးပေါ့
နယ်မြို့လေးကဆိုတော့ နယ်က Uni နဲ့ ဒီအမှတ်နဲ့ကလဲ အလကားဖြစ်မှာလေ
မန်းလေးမှာ အောင်တာဆိုတော့ မန်းလေးက UFL တောင်မမီလေဘူး စဉ်းစားရခက်ပြန်
စိတ်ကမရှည်တော့ ပညာရေးကောလိပ်လဲ
မတက်ချင်ပြန်ဘူးအိမ်က မိဘနဲ့အကိုတွေကတော့ ကောင်းပါတယ်
အောင်ရင်ကို ကျေနပ်တဲ့သူတွေဆိုတော့
ဘော်ဒါတက်ပြီး ဂုဏ်ထူးလဲမပါဘူး ဘာညာ
ဆူပူမနေဘူး စောက်အမျိုးတွေကသာ
ဟယ် အံ့ဩလိုက်တာ ပါမယ်ထင်ထားတာတဲ့အ့နှစ်က တနိုင်ငံလုံးမေးခွန်းတခုထဲကိုပဲ
ဖြေရတဲ့ စနစ် စပြောင်းတာ လွယ်တယ်
လွယ်လို့ပဲ ဒီအမှတ်ရတာ ကံကောင်းတာကို
ပြောရက်လိုက်တာ အံ့ဩဘ အမျိုးတွေ
ကောင်းကိုမကောင်းဘူးအ့တာနဲ့ အ့တာနဲ့ ထားလိုက်ပါတော့ အမျိုးတွေက ဘယ်တော့မှ ကောင်းတာမှမဟုတ်တာ
အ့တာနဲ့ အိမ်က အကို့မိန်းမရဲ့တူမတက်နေတဲ့
ရန်ကုန်က Business ကျောင်းကို ပို့လိုက်ရော
ကိုယ်က အစောက ကလေးမြို့ဘက်မှာ civil မီတယ်ကြားတယ်နော် တက်ချင်တာပြောခဲ့တာ
မရဘူး ရန်ကုန်ပဲ စွတ်ပို့ကြပါလေရော၁၆ နှစ်နဲ့ ရန်ကုန်ကို တစ်ယောက်ထဲ
အညာသူ တောသူမလေး ကျောင်းတက်ရပါပြီကျောင်းကိုရောက်တော့ အံမယ် ကျုပ်က
ဒေါ်ပဲများတော် မနက်၆နာရီထပြီး
မိပ်ကပ်ပြင်တာ မျက်လုံးတွေလဲချယ်လိုက်သေး
ပထမဆုံး အလှပြင်တာပဲ အ့တာကလဲ
ပြီးရင် ဒေါက်ဖိနပ်ကြီး တဂွက်တဂွက်နဲ့
ဖိနပ်ကလဲ ချောင်နေရော တကယ့် တောသူပဲ
ဒါ အခုမှ ပြန်စဉ်းစားမိလို့ 🤣အ့တာနဲ့ ကျောင်းတက်တယ်ပေါ့ကွာ
Certificate တခုရလိုက်တယ် အံမယ် ငါပေါ့ခက်တာက အဆောင်နေရတာ အဆောင်ပိုင်ရှင်ကို အမှိုက်ပုံးတွေ အိမ်သာတွေဆေးတာကအစ လုပ်ပေးတာကို ဘွားတော်က ပိုက်ဆံရှိတဲ့သူပဲ ကပ်တာ အ့တော့ Facebook ပေါ်တင်တာ ပေါ့
YOU ARE READING
ဒီလိုပါပဲ...အဆင်ပြေပါတယ်
Short Storyရောက်တက်ရာရာပေါ့ ဘဝမှာကြုံခဲ့တာလေးတွေကို ပြန်ရေးထားတာပါ အဆင်ပြေမှဖတ်ပါရှင်