သွမ့်ရှန် အလုပ်မှအိမ်သို့ ပြန်ရောက်ချိန်တွင် ညစာမှာ စားပွဲပေါ်တွင် အဆင်သင့် ဖြစ်နေခဲ့ပေပြီ။ ထို့ပြင်ဧည့်ခန်းရှိ တီဗီမှာ လတ်တလော ကျော်ကြားနေသော ရယ်ရသည့် variety showတစ်ခုကို ပြသထားသည်။
ဧည့်ခန်းက ဆိုဖာပေါ်တွင်တော့ လင်းရှီတစ်ယောက် သက်တောင့်သက်သာဖြင့် ခြေချိတ်ထိုင်နေပြီး အာလူးကြော်ထုပ်ကို ပိုက်ပြီး စားနေသည်။ တံခါးဖွင့်သံကို ကြားလျှင်ကြားချင်း လင်းရှီက အာလူးကြော်ထုပ်ကို ဝတ်ထားသည့် pajamas အင်္ကျီအောက်သို့ အလျင်အမြန် ဖွက်လိုက်သည်။
သွမ့်ရှန် မျက်ခုံးတစ်ဖက် အသာပင့်မ၍ လျှောက်လာရင်း ဧည့်ခန်းကို ဝေ့ဝဲ ကြည့်လိုက်သည်။
"ခြေထောက်ကို ချထား~ အဲ့လိုမထိုင်နဲ့"
သွမ့်ရှန်၏ စကားအတိုင်း လင်းရှီ ခြေထောက်ကို အသာချ၍ သူ့ရှေ့ရှိ အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် အမျိုးသားကို မော့ကြည့်ကာ ရိုးသားပြီး ထုံအအ အပြုံးလေးပေးလိုက်သည်။
သွမ့်ရှန် အရှေ့မှ လူငယ်လေးကို မျက်နှာသေဖြင့် ခဏကြာ ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေး တစ်ဖက် ပင့်မပြုံးလျက် ထိုနေရာသို့ လက်ချောင်းလေးဖြင့် အသာထိပြလိုက်သည်။ သူ့ရှေ့မှ လူငယ်လေးမှာ သူ့ကို ကြောင်ကြည့်လာပြီးနောက် အပြုံးကြီးကြီးပြုံးကာ သွမ့်ရှန်၏ နက်ခ်တိုင်ကို ဆွဲ၍ သူ့ထံသို့ ဆွဲငင်လေတော့သည်။
သွမ့်ရှန်၏ အပြုံးများ ပိုပီပြင်လာပြီးနောက် သူ့နှုတ်ခမ်းထံ မျက်စိမှိတ်၍ တိုးလာသည့် နှုတ်သီးလေးအားရှောင်၍ လက်များက လူငယ်လေး၏ ညှပ်ရိုးများမှ တဆင့် ဝတ်ထားသည့် အင်္ကျီထဲသို့ လျိုဝင်သွားလေတော့သည်။ ထို့နောက် တစ်ဝက်တစ်ပျက် စားထားသည့် အာလူးကြော်ထုတ်က သူ့လက်ထဲတွင် မိသွားတော့သည်။
သွမ့်ရှန် အာလူးကြော်ထုတ်ကို ကိုင်၍ မူလအနေအထားအတိုင်း သေချာပြန်ရပ်ပြီးနောက် မျက်နှာမှာ တည်သွားလေတော့သည်။ ထို့နောက် လင်းရှီ၏ နှုတ်ခမ်းထောင့်စွန်းမှ အာလူးကြော်စလေးကို အသာသုတ်ပေးရင်း နှုတ်ခမ်းများကို ထပ်မံ ဖွင့်ဟလိုက်သည်။
YOU ARE READING
Spice Of Love