ညစာစားပြီးနောက် လင်းရှီ ထမင်းပန်ကန်လုံးကို အသာချ၍ လေအလျင်ဖြင့် ပျောက်ကွယ် သွားလေတော့သည်။ အထူးသဖြင့် ဒီနေ့တွင် ပိုမြန်ပေသည်။ ဒီနေ့မနက် အစောပိုင်းက သူ့မိသားစုက သူလိုအပ်သည့် သူ့ပစ္စည်းများကို ထုတ်ပိုး၍ လာပို့ပေးထားသည်။ ပစ္စည်းများအနက် သူ့ဂိမ်းပစ္စည်းများက ခပ်များများပင်။
သူ့ရှေ့မှလူကို တစ်ချက်မော့ကြည့်ပြီး လင်းရှီ တူကို ပန်းကန်လုံးပေါ် အသာချ၍ သူ့အခန်းဆီသို့ ထွက်ပြေးလာခြင်းပေ။
မိနစ် နှစ်ဆယ် ကြာပြီးနောက် သူအခန်းအပြင်သို့ ရေသောက်ရန် ခြေဗလာဖြင့် ထွက်လာချိန်တွင် အကြည့်များက စားပွဲပေါ်သို့ ရောက်သွားသည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ ပန်းကန်လုံးများနှင့် တူများကို သိမ်းဆည်း ဆေးကြောထားခြင်း မရှိပေ။
စာကြည့်ခန်းထဲတွင် ခပ်ဟဟ ဖွင့်ထားသည့် တံခါးမှတဆင့် အထဲမှ သွမ့်ရှန်၏ ဖုန်းပြောနေသံက ပျံ့လွင့်လာသည်။
ရေခွက်ကို ကိုင်ထားလျက်ပင် လင်းရှီ ထိုစားပွဲကို အချိန်အတော်ကြာအောင် ငေးကြည့်နေမိသည်။ အကြောင်းပြချက်မရှိ သူဆယ်ကျော်သက် အရွယ်က အကြောင်းအရာများကို သတိရသွားသည်။ အထက်တန်းတုန်းက သူ့၌ ကောင်မလေး ရှိလာစဉ်တွင် သူအတန်း မကြာခဏ လစ်သလို ကျောင်းဆင်းပါက အတန်းထဲကနေ ထိပ်ဆုံး ထွက်သူဖြစ်သည်။
သူ့အတန်းပိုင် ဆရာမက သူ့ပျက်ကွက်မှုများအတွက် သူ့အစ်ကိုကို ကျောင်းသို့ ခေါ်ပြီး သူ့အစ်ကိုထံမှ နာရီပေါင်းများစွာ ပို့ချသင်ပြခြင်းကို ခံရလေသည်။ သို့သော် သူ့အစ်ကို၏ စကားများအားလုံးသည် ဒီဘက်နားမှ ဝင်ကာ တစ်ဖက်မှ ပြန်ထွက်သွားလေသည်။
တစ်ရက်တွင် လင်းရှီ အနည်းငယ် နေမကောင်းဖြစ်ပြီး ပင်ပန်းသဖြင့် နောက်ဆုံးအတန်းက သူ့စာရေးစားပွဲပေါ်တွင် မနက် အတန်းချိန်မှစ နေ့လည် ထမင်းစားဆင်းချိန်ထိ အိပ်ပျော်သွားလေသည်။ သူ့အတန်းပိုင်က သတင်းကောင်းမျှဝေဖို့ သူ့အစ်ကိုကို ကျောင်းသို့ နောက်တစ်ကြိမ် ခေါ်လာသည်။
တစ်လအကြာတွင် လင်းရှီ ATMစက်တစ်ခုရှေ့တွင် သူ့ကဒ်ထဲက ငွေပမာဏကို ဝင်စစ်ဖြစ်သည်။ သူ့ကတ်ထဲတွင် ငွေတစ်ထောင်ကျော်မှ ပြန်သိမ်းသွားခြင်း ခံလိုက်ရသည်။
![](https://img.wattpad.com/cover/279183217-288-k565195.jpg)
YOU ARE READING
Spice Of Love