2003 ခုနှစ် နွေဦးရာသီဖြစ်တာကြောင့် ရွက်ဝါလေးတွေ ကြွေပြီး ရာသီဥတုကလည်း သာသာယာယာ.......
အဖြူရောင် ခြံစည်းရိုးလေးတွေကာထားတဲ့ ခြံဝင်းလေးထဲမှာတော့ အရှေ့ကပြေးနေတဲ့ မျက်လုံးမှေးမှေးလေးနဲ့ ကလေးလေး နောက်ကို လိုက်နေတဲ့ လုံးလုံးတုတ်တုတ် ကလေးလေး ကိုတွေ့ရသည်။
"NoNo!!ကြေးနဲ့တော့..ငါမောရာပြီ"
ပြောရင်း လုံးလုံးတုတ်တုတ်နဲ့ကလေးလေးက ဘုတ်ခနဲ မြက်ခင်းပြင်ပေါ်ထိုင်ချလိုက်ပြီး NoNo ဆိုတဲ့ကလေးလေးက အနားရောက်လာကာ
"NaNa က မောရို့ရား"
"ဟုတ်ရယ်...NoNo က ရမ်းကြေးတော့ လိုက်လို့မှ မရတာ...ဟွန့်"
"အွန့်...NaNaက ကချားချင်ရယ်ဆိုလို့လေ"ထိုစဥ်
"NaNa နဲ့ NoNo ရေ..မုန့်စားရအောင်..လာဦး!!"
"ရာပြီ!!!!"
NaNa အကိုဖြစ်တဲ့ JaeHyun Hyung ခေါ်သံကြောင့် မြက်ခင်းပြင်ပေါ်မှာ နှစ်ယောက်လုံးစကားများနေရာမှ လုံးခနဲ အိမ်ထဲပြေးဝင်သွားကြသည်။
စားပွဲပေါ်မှာတင်ထားတဲ့ ရေခဲချောင်းကို ယူဖို့ NoNo က ခွေးခြေခုံလေးပေါ်တတ်ပြီး NaNa လေးက အနားမှာ ခုံမရှိ အရပ်ကလည်းမမှီတာကြောင့် ခြေဖျားသေးသေးလေးတွေကိုထောက်ပြီးရေခဲချောင်းကို မမှီမကမ်းလှမ်းဆွဲနေသည်။
"ရော့...နာနာ့အတွက်"
နိုနိုလေး လှမ်းပေးတဲ့ ရေခဲချောင်းကို ယူလိုက်ပြီး လျှာလေးနဲ့တို့ ကြည့်တော့
"အွန့်..ချတော်ဘယ်လီ ကြိုက်ဝူး..နာနာ့ကို ချိုကိုလက်ပဲပေး"
သူမကြိုက်ကြောင်းပြောပြီး နိုနို ပါးစပ်ထဲ ဝင်နေပြီဖြစ်တဲ့ ချောကလက်ကိုလှမ်းတောင်းနေသည်။
တကိုက်ပဲ ကိုက်ရသေးတဲ့ နိုနိုလေးက သူ့ရေခဲချောင်းကို နှမြောတသနဲ့ ကြည့်လိုက်ပြီး"အင့်...နာနာမကြိုက်ရင်ပေး..နိုနိုက ချတော်ဘယ်လီပဲ ချားလိုက်တော့မယ်"
"ဟီး..နိုနို့ကို ချစ်တာ..အာဝါး"
မျက်နှာလေး ပြုံးဖြီးကာ ရေခဲချောင်းစားထားတဲ့ နှုတ်ခမ်းနဲ့ လာနမ်းတာကြောင့် နိုနို့ပါးလေး စေးကပ်ကပ်ဖြစ်ကုန်သည်။
ချောကလက်ရေခဲချောင်းစားရလို့ပျော်နေတဲ့ နာနာလေးကိုကြည့်ပြီး နိုနိုပါပျော်ခဲ့သည်။ နာနာနဲ့ကစားရရင်သူပျော်သည်။ နာနာ့ကို အလျှော့ပေးရတာ သူသဘောကျသည်။ သူပိုင်တဲ့အရုပ်လေးလိုမျိုး နာနာ့ကို ဂရုစိုက်ရတာ သူကြိုက်သည်။
___________________________
To be continued.....
Ep 1 End
28 Jul 2021
NoMin ကို ကလေးလေးတွေလို ရေးချင်လာလို့ 😁 နောက်ပိုင်းမှ တဖြည်းဖြည်းကြီးမယ်နော်
YOU ARE READING
My First Love
Fanfictionကိုယ့်အတွက်တော့ အချစ်ဆိုတာ မင်းနဲ့ပဲ စတင်ပြီး မင်းနဲ့ပဲအဆုံးသတ်တာမျိုး~