Nwe(နွယ်) Unicode and zawgyi

1.5K 105 5
                                    


" သဒ္ဒါ နင် ငါတို့ ကို အားမကျဘူးလား သားတွေ သမီးတွေ မိသားစုလေးနဲ့ ဟဲ "

"တော်ပါ အဝေ ရယ် အပူတွေပါကွာ။ ငါဒီလိုလေး အေးချမ်းနေတာ မမြင်ရက်လို့လား "

"မမြင်ရက်တာ မဟုတ်ဘူး အမြင်ကပ်တာ ဟ ဟာ"

"နင်တို့ကို ဘယ်သူ က အတင်းရိုက်ယူခိုင်းလို့ တုန်း မရ မှာဆိုးလို့ အတင်းလိုက်သွားတာ ရှင်လေ "

"ဟီး ကောင်းမယ်ထင် လို့ပေါ့"

"အခု မကောင်းမှန်းသိသွားပြီပေါ့ "

"အေ့ ဟားဟ"

တက္ကသိုလ် တုန်း က သူငယ်ချင်းတွေ နဲ့ ပွဲကျ နေခဲ့တာ

တစ်ကယ်တော့ ကျွန်မ ဘဝ မှာ သားတွေ သမီးတွေ မလို ပါဘူး သူတစ်ယောက်ပဲ ကျွန်မ အနားမှာ ရှိနေရင် ရပြီ။

အချစ်ရေး မှာ ကံမကောင်းတက် တဲ့ ကျွန်မ ချစ်ရ တဲ့ သူ့ အတွက် သူ အသဲကွဲ တိုင်း ကျွန်မ သူ့အနားမှာ မရှိနေ နိုင် မှာဆိုးတယ် ။ မတည့်တဲ့ အစားအစာ တွေ ကို မှ ကြိုက်တက်လွန်းတဲ့ သူ့ ကို ရှောင်ခိုင်း လို့မှ မရ ရင် ဆေးအိတ်ကိုင် ပြီး ထိန်းစားခိုင်း ဖို့ ကျွန်မ သူ့ အနားမှာ ရှိနေဖို့ လိုတယ် ။ နေမကောင်း ရင် ဆေးတိုက်ရခက် ပြီး ဂျီကျ တက်လွန်းတဲ့ သူ့ အတွက် ကျွန်မ လို သီးခံ နိုင် မယ့်သူ မရှိ တော့တာ မို့ ကျွန်မ ဆို တာ နွယ် လိုရစ်ပတ် တက်တဲ့ ခင်ရတီနွယ် အတွက် သာ ဖြစ် သော်ကြောင့် ကျွန်မ ဘဝ မှာ နွယ် မှ လွယ်၍ မည်သူ မှ မလိုတော့ပါ။

အကယ်၍ ကျမ မပါပဲ သူ့အတောင်ပံတွေကို ဖြန့်ကျက်ပျံသန်းချင်တဲ့အချိန်ရှိလာခဲ့မယ်ဆိုရင်တော့ ချည်နှောင်ထားတာမျိုးမရှိစေပဲ လွတ်လပ်စွာပျံသန်းခွင့်နဲ့အတူ အမြင့်ဆုံးကိုရောက်စေမယ်။

သူငယ်ချင်းတွေ နဲ့ ထိုင်နေတဲ့ ဝိုင်းမှာ တောင် အနားမှာ မရှိတဲ့ နွယ့် အကြောင်းတွေ က ခေါင်းထဲ ရောက်လာခဲ့ရသည်။ မပြောင်း လဲ ပဲ ချစ်နေတုန်းပဲ ။

အိမ်ပြန်ရောက် ရေမိုးချိုးပြီး ဖုန်း သံ မြည်လာ တော့ မကြည့်ပဲ သိလိုက် သည် နွယ့်ဆီ က ဆိုတာကို

"နွယ် ပြော"

"ထက် ပြန်ရောက်ပြီလား "

"ကြာပေါ့ ရေချိုး ပြီးတာ အခုပဲ "

Nwe (နွယ် ) One ShotWhere stories live. Discover now