❤ သူမနဲ့စတွေ့တဲ့ ပွဲစျေးဆိုတဲ့နေရာလေးကိုကျွန်မချစ်တယ် ❤
ဒီနှစ်တော့ ပွဲစျေးတွေလည်း မသွားရပါလား။
မေ အခုချိန် ဘာများလုပ်နေမလဲ....။
ဆီမီးတွေထွန်းနေမလား...မီးရှူးမီးပန်းတွေ ဖောက်နေမလား....မနှစ်က ဒီလိုအချိန်ဆိုရင် ပွဲစျေးမှာ လူတွေစည်နေပြီ။
မနှစ်က ဒီအချိန် ကျော့ကေသီ ဆိုတဲ့ ကျွန်မ အရမ်းတက်ကြွနေပြီ။
ညနေ ၅ နာရီလောက်ဆိုရင် ပွဲစျေးသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။မနှစ်က ကျော့နဲ့အတူ ပွဲစျေးလျှောက်နေကြ သူငယ်ချင်းက မိသားစုနဲ့ ခရီးထွက်နေတော့ သူနဲ့ အတူ မလိုက်ဖြစ်ခဲ့တဲ့အတွက် သူတစ်ယောက်တည်းပဲသွားခဲ့တယ်။
ပွဲစျေးသို့ရောက်သော်....
လူတွေ များစွာ စည်ကားလျက်ရှိသည်။ ကျော့ ပွဲစျေးရောက်ရင် မဝယ်မဖြစ်က
မီးလင်းတဲ့ ယုန်ဘီးကုတ်လေးပါ။ ဝတ်လာတဲ့ အင်္ကျီက ယောကျာ်းလေးဆန်
နေတော့ အဲ့ဘီးကုတ် နဲ့ သိပ်မလိုက်ပေ၊သို့သော် ကျော့ ဝတ်လိုက်သည်။အချိန်က ၆ နာရီကျော်ပြီ။
လူတွေလည်းပိုစည်လာပြီ...။ သူမ ပွဲစျေးရောက်ရင် မသောက်မဖြစ်သောက်တာ ဝက်လက်စွပ်ပြုတ်သူမ ထိုင်လိုက်တယ်
"အန်တီ...ဝက်လက်တစ်ပွဲ " ဆိုပြီးမှာလိုက်တယ်။အဲ့အန်တီက လာချပေးပြီးနောက် ကျော့ နှစ်ခြိုက်စွာ သောက်ခဲ့တယ်။
စားပြီးလို့ ကျော့က ဆတ်ခနဲ မတ်တပ်ရပ်လိုက်ချိန် အနောက်က ဝက်လက်စွပ်
ပြုတ် ပန်းကန်သယ်လာတဲ့ အန်တီနဲ့ တိုက်မိခဲ့တယ်။ကံမကောင်းစွာပဲ စွပ်ပြုတ်တွေက ခုံမှာ ထိုင်သောက်နေတဲ့ ကောင်မလေးရဲ့
ဘောင်းဘီကို အကုန်စင်သွားခဲ့တယ်။
အဲ့ကောင်မလေးတ်ေတော် ပူသွားပုံရပါတယ်။ မျက်လုံးတွေပါနီရဲတက်လာခဲ့
တယ်။အဲ့အချိန် ကျော့ က ကိုယ့်ကြောင့်ဖြစ်တာဆိုပြီး ကောင်မလေးကိုတောင်းပန်ကာ
ဘောင်းဘီတစ်ထည်အစားပြန်လျော်ပေးဖို့ လက်ခံပါလို့ တောင်းဆိုခဲ့တယ်။
ကောင်မလေးကလည်း ချက်ချင်းဆိုသလို လက်ခံခဲ့တယ်။