မေ

1 0 0
                                    

❤ သူမနဲ့စတွေ့တဲ့ ပွဲစျေးဆိုတဲ့နေရာလေးကိုကျွန်မချစ်တယ် ❤

ဒီနှစ်တော့ ပွဲစျေးတွေလည်း မသွားရပါလား။

မေ အခုချိန် ဘာများလုပ်နေမလဲ....။
ဆီမီးတွေထွန်းနေမလား...မီးရှူးမီးပန်းတွေ ဖောက်နေမလား....

မနှစ်က ဒီလိုအချိန်ဆိုရင် ပွဲစျေးမှာ လူတွေစည်နေပြီ။
မနှစ်က ဒီအချိန် ကျော့ကေသီ ဆိုတဲ့ ကျွန်မ အရမ်းတက်ကြွနေပြီ။
ညနေ ၅ နာရီလောက်ဆိုရင် ပွဲစျေးသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

မနှစ်က ကျော့နဲ့အတူ ပွဲစျေးလျှောက်နေကြ သူငယ်ချင်းက မိသားစုနဲ့ ခရီးထွက်နေတော့ သူနဲ့ အတူ မလိုက်ဖြစ်ခဲ့တဲ့အတွက် သူတစ်ယောက်တည်းပဲသွားခဲ့တယ်။

ပွဲစျေးသို့ရောက်သော်....

လူတွေ များစွာ စည်ကားလျက်ရှိသည်။ ကျော့ ပွဲစျေးရောက်ရင် မဝယ်မဖြစ်က
မီးလင်းတဲ့ ယုန်ဘီးကုတ်လေးပါ။ ဝတ်လာတဲ့ အင်္ကျီက ယောကျာ်းလေးဆန်
နေတော့ အဲ့ဘီးကုတ် နဲ့ သိပ်မလိုက်ပေ၊သို့သော် ကျော့ ဝတ်လိုက်သည်။

အချိန်က ၆ နာရီကျော်ပြီ။
လူတွေလည်းပိုစည်လာပြီ...။ သူမ ပွဲစျေးရောက်ရင် မသောက်မဖြစ်သောက်တာ ဝက်လက်စွပ်ပြုတ်

သူမ ထိုင်လိုက်တယ်
"အန်တီ...ဝက်လက်တစ်ပွဲ " ဆိုပြီးမှာလိုက်တယ်။

အဲ့အန်တီက လာချပေးပြီးနောက် ကျော့ နှစ်ခြိုက်စွာ သောက်ခဲ့တယ်။
စားပြီးလို့ ကျော့က ဆတ်ခနဲ မတ်တပ်ရပ်လိုက်ချိန် အနောက်က ဝက်လက်စွပ်
ပြုတ် ပန်းကန်သယ်လာတဲ့ အန်တီနဲ့ တိုက်မိခဲ့တယ်။

ကံမကောင်းစွာပဲ စွပ်ပြုတ်တွေက ခုံမှာ ထိုင်သောက်နေတဲ့ ကောင်မလေးရဲ့
ဘောင်းဘီကို အကုန်စင်သွားခဲ့တယ်။
အဲ့ကောင်မလေးတ်ေတော် ပူသွားပုံရပါတယ်။ မျက်လုံးတွေပါနီရဲတက်လာခဲ့
တယ်။

အဲ့အချိန် ကျော့ က ကိုယ့်ကြောင့်ဖြစ်တာဆိုပြီး ကောင်မလေးကိုတောင်းပန်ကာ
ဘောင်းဘီတစ်ထည်အစားပြန်လျော်ပေးဖို့ လက်ခံပါလို့ တောင်းဆိုခဲ့တယ်။
ကောင်မလေးကလည်း ချက်ချင်းဆိုသလို လက်ခံခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Jul 29, 2021 ⏰

Add this story to your Library to get notified about new parts!

မေ Where stories live. Discover now