[Zawgyi]
"ဟင်း..."
နာကျင်မှုများဖြင့် နိုးထလာသောမနက်ခင်းသည် မင်္ဂလာရှိမနေ။ပြတင်းပေါက်ဘက်ကြည့်မိတော့ နေတောင်အတော်မြင့်နေလေပြီ။
"ဟင်..ကိုကို! နိုးပြီလား..
ခဏလေး ခဏလေး ငယ်လာပြီ"ယူလာသောဆန်ပြုတ်ပန်းကန်အားစားပွဲလေးပေါ်အမြန်ချရင်း ထဖို့ကြိုးစားနေသောအဝါရောင်လေးဆီပြေးသွားသော Jeonသခင်လေး။
"အ့..နာ..နာတယ် ဟင့်"
အောက်ပိုင်းမှနာကျင်မှုကြောင့် မျက်ရည်လေးများဝေ့တက်ပြီး ရှိုက်သံသေးသေးလေးထွက်လာခဲ့သည်။
"ကိုကို..အရမ်းနာနေလား ဟင်..
ငယ်..ငယ်တောင်းပန်ပါတယ်
ညကငယ်စိတ်လွတ်သွားလို့ပါ..."သခင်လေးJeonသည် အမြဲသည်လိုပင်၊အမှားလုပ်ပြီးရင် တောင်းပန်လိုက်မည်။အရင်ကကိစ္စတွေကိုဂရုမစိုက်တတ်ပါ။
ထိုအကျင့်တွေကို အဝါရောင်လေးမကြိုက်..!။"ရပါတယ်...ဖြစ်ပြီးပြီပဲကို
မတောင်းပန်ပါနဲ့.."ဘာခံစားချက်မှမရှိသော အသံလေးဖြင့်ပြောသောကြောင့် Jeonသခင်လေး စိတ်ပူသွားသည်။
"ကိုကို..ဘာလို့အဲ့လိုကြီးပြောတာလဲဗျာ..
ငယ့်ကိုစိတ်ဆိုးရင်..ရိုက်လိုက်ပါ..!
အဲ့လိုကြီးတော့မပြောပါနဲ့"မျက်နှာလေးကိုအောက်ချပြီး တုန်တုန်ရီရီဖြင့်ပြောနေသောသူက မနေ့ညကသားရဲတစ်ကောင်လိုကြမ်းတမ်းစွာပြုမူခဲ့သော Jeonသခင်လေးမှ ဟုတ်ပါစ..။
"ကျ..ကျွန်တော်က ဒီတိုင်းပြောလိုက်တာပါ..ငယ်
တကယ် စိတ်မဆိုးပါဘူး.."ပြောပြီးတာနဲ့ မျက်နှာကိုသူ့လက်ဖဝါးအကြီးကြီးများဖြင့်အုပ်ကိုင်ပြီး...
"တကယ်နော်..ကိုကို"
မျက်လုံးချင်းဆုံပြီးမေးတာကြောင့် အဝါရောင်လေး၏ မျက်နှာတစ်ခုလုံးနီရဲလာခဲ့သည်။
Jeonသခင်လေးသည် ထိုသို့လည်းရင်ခုန်အေင်ပြုလုပ်နိုင်ပါသေးသည်။"အင်း..အင်း"
အယောင်ယောင်အမှားမှားနှင့်ခေါင်းငြိမ့်ပြီး
မျက်နှာလွှဲလိုက်ရသည်။
YOU ARE READING
~Because~အဘယ်ကြောင့်ဆိုသော်~ ✔️