"hyun "
"Oh Jk ဖုန်းမဆက်ဘဲ ဘယ်လိုလုပ်လုပ်ရောက်လာတာလဲ "
"ဒီနေ့ ရိုက်ကွင်း စောစောနားလို့ hyunနဲ့ အတူတူပြန်ရအောင်လို့လာတာ ထင်တဲ့အတိုင်းပဲ ရုံးမဆင်းသေးဘူး"
"အင်း ခဏစောင့် ပြီးတော့မယ်"
နထင်ကို လက်နဲ့ ခဏခဏ ဖိနေတဲ့ hyun
"hyun နေမကောင်းဘူးလား"
"ကောင်းပါတယ် ခေါင်းလေးနည်းနည်းကိုက်တာ "
"hyun ရယ်် အလုပ်ကို နားနားနေနေလုပ်ပါ
လာ ကျွန်တော်နှိပ်ပေးမယ်""အ အား ကူးah ကောင်းလိုက်တာ အမလေး ကိုယ့်ရဲ့ ကူးလေးမရှိရင် ဘယ်လိုလုပ်ရပါမလဲ"
"ဘယ်လိုမှ မလုပ်နဲ့ ကျွန်တော့်က hyun အနားအမြဲတမ်းရှိမှာမို့ "
"hyun ကျွန်တော့်ကို ပြောစရာမရှိဘူးလား "
"ဟင် ဘာပြောရမှာလဲ"
ဟင်း ...
နှုတ်ခမ်းလေးကိုက်ပြီး သက်ပြင်းချလိုက်တဲ့ကောင်လေး
"ကျွန်တော် သီချင်းအသစ်ထွက်ထားတယ်လေ"
"ဟုတ်လား အလုပ်တွေရှုပ်နေတာနဲ့ hyun မသိလိုက်ဘူး"
"အော koo ah hyun ဖုန်းကိုခေါ်ကြည့်ပေးပါဦး ဘယ်နားထားမိမှန်းမသိလို့ "
Take my hands now
You are the cause of my euphoria"ဟ ဟား hyun ကလေ ဒီအတိုင်း သိတယ်ပြောလဲ ရရဲ့သားနဲ့ ဟား ဟား"
ခုမှပဲ ယုန်လေးတစ်ကောင်ရဲ့မျက်နှာမှာ အပြုံးတွေ ပြန်ရောက်လာလေရဲ့
"မင်းလေးက hyun ရဲ့ အချစ်တွေကို လျော့တွတ်တာကို"
Jk ပါးလေးကိုဆွဲပြီးပြောလိုက်သည်
"ပြန်မယ် ပြီးသွားပြီ"
"ကျွန်တော်မောင်းမယ် hyun က နားလိုက်"
"အင်း အော Koo ah hyun အလုပ်ကိစနဲ့ တပတ်လောက် ခရီးသွားရမယ် "
"ဟင် တပတ်ကြီးများတောင် hyun ရယ် အလုပ်ကြီးပဲ လုပ်မနေပါနဲ့ ကျွန်တော့်ကို အဲ ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ပါဦး "
"ဟား တပတ်က ခဏလေးပါ အခုကလဲသွားမှဖြစ်မှာမို့ ပြန်လာမှ ကိုယ်ရဲ့ကူးလေးကို ဂရုစိုက်မယ်နော် "
YOU ARE READING
Only you ( Completed )
Fantasyကျွန်တော် မိန်းကလေးတွေကို စိတ်မ၀င်စားဘူး ဒါပေမဲ့ ဘယ်ယောကျားကိုမှလဲ စိတ်မ၀င်စားဘူး Hyun မို့လို့ Hyun တစ်ယောက်ထဲသာ ကျွန်တော့်ကို ဘယ်တော့များမှ လှည့်ကြည့်မှာလဲ jk ဒီကောင်လေးက သမင်...