လရောင်ပြာသည် သစ်ကိုင်းများကြားမှ ဖြတ်ထွင်းကာ ကိုယ်တွင်တစ်ကွက်ကွက်ပေါ်နေလေသည်။ ဆောင်းတွင်း၏ညဥ့်ပိုင်းပီသအောင်ပင် လမ်းမ၊သစ်ပင်၊ကား ပေါ်များတွင် တစီစီနေရာယူထားသော နှင်းထုများမှာ မျက်စိတစ်ဆုံး။ ဆောင်းတွင်းမှာအေးပါဘိ၊ အသည်းခိုက်အောင်ချမ်းကျင်နေပါလျက် ကျွန်တော်လက်အိတ်ပင်ဝတ်မထား။ အနွေးထည်များကို အထပ်လိုက်ဝတ်ထားသည်မှာလဲလူဝကြီးနှင့်ပင်တူနေပါရောလား။ နီညိုရောင်လည်စီးပုဝါကိုပတ်ကာဆောင်း၏အအေးဒဏ်ကိုအန်တုရင်း ကျွန်တော်ကစားကွင်း၏ ဒန်းပေါ်တွင် ထိုင်နေမိသည်။ ဆောင်းည၏ အမှောင်ထုအတွင်းမို့ လေဝှေ့လေးတစ်ချက်နှင့် သွေးများခဲသွားရလေသလားဟု ထင်မှတ်ရသည်။ ညဆယ်နာရီဝန်းကျင်ရှိပြီမို့ လမ်းသွားလမ်းလာများမှာ မရှိသလောက်ရှားလေပြီ။ လှမ်းမြင်နေရပါသည်။ ဟိုရှေ့မှအိမ်လေးတွင်မီးရောင်များလင်းလက်နေဆဲ။ ထမင်းဝိုင်းတွင် မုန့်များ၊ ကိတ် ၊ အအေး ၊ ကွတ်ကီးများနှင့်အနားတွင် တန်ဆာဆင်ထားသော ဖဲကြိုးများ၊ ခြေအိတ် ၊ ဆွယ်တာများမှာ သေသပ်လှပလွန်းသည်။
ကလေးများမှာ တစ်ယောက်ကိုတစ်ယောက်စနောက်ပြီး ရယ်မောနေကြသည်။ မိဘများမှာလဲ အတူလိုက်ပြုံးရွှင်နေကြသည်။ သြော် ။ဟုတ်သည်ပဲ။ ဒီနေ့သည် ခရစ်စမတ်စ်eve ဖြစ်၏။ ဘာများဒီမျှလောက်စိတ်လှုပ်ရှားစရာပါလဲဟု တွေးမိသည်။ Santa သည်လိမာသည် ဆိုးသည့်ကလေးများဟု တစ်ကန့်လိုက်အသီးသီးခွဲခြားသွားသည်။ ဒီနှစ်ဆိုးသွမ်းခဲ့လျှင် လက်ဆောင်မရဘူးဆိုသတဲ့။ ကျွန်တော်ရီမိသည်မှာ အမှန်။ ကလေးတစ်ယောက်ကို ကောင်းသည်ဆိုးသည်ဘယ်လိုများခွဲပါလိမ့် ။ ညဏ်ရည်နှင့်လား ၊ လူမှုဆက်ဆံရေးနှင့်လား ၊ ကာယနှင့်လား အဖိုဖို ဘယ်လိုခွဲပါလဲ။ Santa အဲ့လိုမခွဲခြားဘဲ ကလေးအားလုံးကိုလက်ဆောင်တွေပေးခဲ့ရင် ကောင်းမှာဘဲဗျာ။ ကျွန်တော့်အထင်တော့ ငယ်ငယ်ကကျွန်တော်ဆိုးခဲ့လို့ လက်ဆောင်မရခဲ့သည် ထင်ပါဘိ။
ကောင်းကင်မှာ နက်မှောင်နေသည်။ ကြယ်လေးတွေပင်ပျောက်ကွယ်နေ၏။ ကြယ်မရှိသောညကောင်းကင်ကျယ်သည်လဲ မဆိုးလှပါ။ ကျွန်တော့်အတွေးစိတ်နှင့် ဖော်ကြူးမှုခြင်းတူသယောင်ယောင် ဖြစ်လို့ပင်။ လမင်းမှာတော့ ထွန်းလက်ကာ အရှိန်အဝါများဝင်းရှိန်နေသည်။ စက်ဝိုင်းအတိဖြစ်နေသောလလေးကိုကြည့်ရင်း sweet memories လေးတွေအစဖော်သော Snowman ကိုပြန်အမှတ်ရမိသည်။ သူငယ်ချင်းများနှင့်အတူ ပြုလုပ်ခဲ့သောထိုနှင်းလူအရုပ်။ မိသားစုနှင့်အတူ Snowman လုပ်နေသောကလးများကို အားကျသောမျက်လုံးအဝိုင်းများ နှင့်ကြည့်ခဲ့သောပုံရိပ်များမှာ တလိပ်လိပ်။ သို့ပေမယ့် ကျွန်တော်ပျော်ခဲ့ရပါသည်။ မိဘမဲ့ကျောင်းမှ သူငယ်ချင်းများ ၊ ဆရာမများနှင့် ဆော့ခဲ့ရသော အချိန်များသည် တန်ဖိုးအရှိဆုံးဖြစ်ခဲ့ပါသည်။
ကျွန်တော်မနေနိုင်ပါ။ ဒန်းပေါ်မှဆင်းကာရှေ့မှ နှင်းပုံကြီးမှနှင်းများနှင့် Snowman စလုပ်နေမိသည်။ လက်ဗလာနှင့်လုပ်သည့်အတွက် နှင်းများလက်မှအရေပြားကို direct ထိသည့်အခါ ကျင်ခိုက်အောင်အေးပါသည်။ သို့ပေမယ့်ကျွန်တော်မမှု။ ယခုအသက်နှစ်ဆယ့်လေးနှစ်ရှိပြီကိုပင်မေ့လျော့ကာ ကျွန်တော် Snowman ကိုစိတ်လှုပ်ရှားစွာ တစ်ယောက်ထဲလုပ်နေမိသည်။ တစ်ခဏအတွင်းမှာပင်ပြီးသွားခဲ့သည်။ အလွန်သေသပ်လွန်းသည်မဟုတ်လှပေမယ့် ကျွန်တော့်အရပ်တစ်ခုစာခန့်ဖြစ်သော နှင်းရုပ်ကြီးအား လုပ်နိုင်ခဲ့သည်။ ကျွန်တော့်အရပ်မှာ 5'10" ဝန်းကျင်လောက်သာ။
ဒန်းတွင်ပြန်ထိုင်လိုက်ပြီးသေချာကြည့်မိတော့လဲ ဘယ်ဆိုးလို့လဲ။ အရှေ့မှ Snowman ကြီးမှာအခန့်သား။
" နှင်းလူကြီး ,သိလား ။ဒီညကြယ်တွေရှင်းတယ်။ ကျွန်တော်အကြိုက်ဆုံးညတွေထဲက တစ််ညဘဲ။ မနက်ဖြန် December 25 ဆိုတော့ စန်တာကျွန်တော့်ကိုဘာများလက်ဆောင်ပေးမလဲ မသိဘူး။ သူများတွေ ဒီအချိန်ပျော်နေတယ်ထင်တယ်။ ကျွန်တော့်မှာ သူငယ်ချင်းများများစားစားတော့ မရှိဘူး။ နှင်းလူကြီးရော? ဟီးဟီး"
ကျွန်တော်မသောက်ဘဲမူးနေပုံပါပဲ။ အရူးတစ်ယောက်လို Snowman ကိုစကားတွေပြောနေမိသည်။ ကျွန်တော်ဘဲ စကားအားပါးတရ မပြောရသည်မှာကြာလို့လားမသိ ၊ ထိုနေ့ညတွင် အလုပ်မှအဆင်မပြေချက်တွေပါပြောလိုက်သည်။ ညဆယ့်တစ်နာရီထိုးရန်နီးလာပြီမို့ ပြန်ရန်ထသွားခိုက် ကျွန်တော့်၏တစ်ခုထဲသော သိုးမွှေး scarf ကို Snowman ထံပတ်ကာဝတ်ပေးပြီးမှ ထွက်လာခဲ့မိသည်။
"ကောင်းလင်းထက် မင်းစိတ်များမှန်သေးရဲ့လား"
ဟုကိုယ့်ကိုကိုယ်သတိပေးပြီး မနက်ဖြန်မှကျွန်တော့် လည်စီးပုဝါကို ပြန်ယူရန်ဆုံးဖြတ်လိုက်သည်။
ဒီနေ့မနက် အလွန်စိတ်ကြည်နေသည်။မနက်ကိုပင်အစောကြီးထကာ Snowman ဆီမှ scarf ကိုပြန်သွားယူရမည်။ အကယ်လို့ နှင်းများပုံပျက်နေလျှင် တစ်လက်စထဲအနည်းငယ်ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သီချင်းလေးပင်ညည်းနေမိ၏။ တန်ဖိုးထားစရာတစ်ခုရှိသည့်ခံစားချက်မှာ ဒီလိုပါလား။ ကားမောင်းသွားရမလားဟု ကားသော့ယူပြီးမှ ကိုယ်လက်လှုပ်ရှားမှုလေးဖြစ်ရန်
လမ်းလျှောက်သွားဖို့သာ ရွေးချယ်လိုက်သည်။ ကစားကွင်းမှာအနည်းငယ်တော့လှမ်းတာကြောင့် လမ်းလျှောက်သွားရန် သင့်၊မသင့်မှာတိုင်ပတ်နေရသည်။
On second thought, ကိုယ့်ကိုကိုယ် မှန်ထဲတစ်ဆုံးကြည့်မိတော့ ဖျော့တော့နေသော အသားအရေ၊ ပိန်လှီသော ကိုယ်၊ အုပ်ဖောင်းကာ မျက်စိပင်နှိုက်လုလု ဆံပင်၊ သွယ်လျသော လက်ချောင်းခြေချောင်းများ။ အမေဘာလို့သားကို ဒီလိုပုံပေါက်အောင် မွေးလာရတာလဲဗျာ။
တစ်ခါမျှမမြင်ဘူးသော မအေကိုပင်အပြစ်တင်လိုက်ပါသေးသည်။ အမှန်မှာသူထင်နေသလောက်လဲ ကြည့်ရဆိုး နေသည်မဟုတ်ပါ။နှာတံစင်းစင်း ၊ ညိုလဲ့ရောင်မျက်လုံးနှင့် အသားဖြူဖြူလေးဖြစ်သောလူချောတစ်ယောက်။ အမောမခံနိုင်သော ကိုယ့်ကိုကိုယ်သိသူဖြစ်တာကြောင့် ကားနှင့်သာသွားရန်ဆုံးဖြတ်လိုက်သည်။ Exercise ဆိုတာမလုပ်လဲရပါတယ် ဟဲဟဲ။ ကစားကွင်းကို ရောက်ချိန်မနက်စောစောမို့ လူရှင်းဆဲ။ မနေ့ညမှ Snowman ကိုလိုက်ရှာတော့ ကျေးဇူးရှင်မှာနှင်းထုများ ပုံမပျက်။ Scarf နှင့်ဟန်ကျနေပုံ။
ပြန်ယူဖို့ကြံရွယ်ကာလာခဲ့သော Scarf ကိုအခုတော့လဲ မယူရက်ပြန်။ ကိုယ်တိုင်ဆင်ပေးခဲ့သော အဝတ်တန်ဆာကို ပြန်ဖြုတ်သိမ်းကာယူရန်အားနာမှုလှိုင်းများ တစိမ့်စိမ့်ထနေမိ၏။အသက်မဲ့သောနှင်းရုပ်ထုအား အားနာစရာမလိုမှန်း သိလျက်နှင့် လည်စည်းကိုပြန်ယူရန် လက်တုံ့နေမိသည်။ နောက်ဆုံး၌လဲ ကောင်းလင်းထက် လည်စည်းမယူနိုင်ခဲ့။ အိမ်သို့အပြန်လမ်းတွင် coffee ဝင်ဝယ်ကာ ကစားကွင်းသို့စိတ်ရောက်နေတာကြောင့် ပြန်လှည့်လာခဲ့သည်။
"မင်းအရူးပဲ။ တကယ်။စိတ်ရောမှန်သေးရဲ့လား"
ကော်ဖီနှစ်ခွက်ဝယ်လာမိသည်။ ကျန်တစ်ခွက်မှာ Snowman အတွက်။ အသက်မဲ့တယ့်နှင်းထုတစ်ခုသည် ကော်ဖီမည်သို့သောက်မည်နည်း။ Snowman အတွက်တမင်ကိုပင် coffee ကိုအချို latte ဝယ်လာမိသည်။ အခုလုပ်ရပ်တွေကို ပြန်မှသုံးသပ်မိလေရဲ့လား။ ဘာတွေလုပ်နေသနည်း။ Snowman ရှေ့တွင် ငုတ်တုတ်လေးထိုင်ကာ ကော်ဖီနှစ်ခွက်နှင့်လူသားကို ကလေးကစားကွင်းတွင် အထူးအဆန်းသဖွယ်ကြည့်သွားကြသည်။ စကားပြောဖော် သူငယ်ချင်းအသစ်ရပြီဟု ထင်မှတ်ကာ အရူးတစ်ယောက်လိုပြုမူ မိတာ ကြောင့် ရရှိလာသည့်ခံစားချက်မှာ ရှက်ကြောက်ခြင်းလား။ မဟုတ်ပါ။ ဝမ်းနည်းသည်။ Snowman သည်သက်မဲ့တစ်ခုသာ ဖြစ်သည့်အတွက်ဝမ်းနည်း၏။
YOU ARE READING
Snowman
Romanceမဟူရောင်ဖြာကျနေသော လွမ်းဆွတ်ဖွယ်ညတွင်း ဖြစ်ပျက်ခဲ့တယ့် အဖြစ်အပျက်ကို မေ့ပျောက်ခွင့်မရနိုင်သေး....။ 𝙸 𝚜𝚒𝚗𝚌𝚎𝚛𝚎𝚕𝚢 𝚛𝚎𝚐𝚛𝚎𝚝 𝚖𝚎𝚎𝚝𝚒𝚗𝚐 𝚞 , 𝚂𝚗𝚘𝚠~