Unicode🤎

292 20 2
                                    

-ချစ်ရတဲ့ အကို-

"အကို..."

"အင်း ပြောလေ သျှံ"

"မနက်ဖြန်ညနေရော ကျွန်တော့်ဆီလာဦးမှာလား?"

"အင်း ကိုယ်လာဖြစ်လောက်မှာပါ.."

"အကို လာဖြစ်အောင်လာခဲ့လေနော်ကျွန်တော်စောင့်နေမှာ...."

"အင်း!"

'အင်း'တစ်လုံးထဲသာ ပြတ်ပြတ်သားသား ပြောပြီး ထွက်သွားတဲ့ 'အကို' လူကောင်သေးသေး ရုပ်နုနုလေးနဲ့မှမလိုက် တစ်ကယ်ကို ခက်ထန်မာကျောတဲ့ ကျွန်တော့်ရဲ့ ချစ်ရသောသူလေး.....။

အကို နဲ့ကျွန်တော် တွဲလာတာ 5 နှစ်ရှိပြီ။

အခုတလော ဒီရက်တွေအတွင်း အကို့ ဘက်ကစပြီးခြေလှမ်းတွေ ပျက်လာတာ သတိထားမိခဲ့တယ်။ကျွန်တော့်ဆီလဲ အရင်က အမြဲလာနေတဲ့ အကို ကနောက်ပိုင်းတွေ အလာကျဲလာတယ်။
အကိုကတော့ 'ကိုယ် အလုပ်အရမ်းရှုပ်နေလို့ပါ' ဆိုပြီးအမြဲပြောတယ်။ဒါဆင်ခြေသက်သက်ပါပဲ ကျွန်တော့်ဘက်ကသိနေတယ်လေ။ကျွန်တော် သိပ်ချစ်ရတဲ့ အကို့ အကြောင်းပဲ ကျွန်တော် သိပ်သိတာပေါ့ အကိုရယ်.......

At 6:30 pm

ဒီနေ့ ည အကို ကလာမယ်လို့ပြောတယ်။နေ့ထူးနေ့မြတ်လေးလေ 5နှစ်ပြည့် နှစ်ပတ်လည်လေး။အကိုလာမယ်ဆိုလို့ အနောက်တိုင်း ဝတ်စုံအပြည့်ဝတ်ပြီး Wine နဲ့ Cake လေး စီစဉ်ထားတယ်။ပြီးတော့ အကို့ကို လက်ထပ်ခွင့်လဲတောင်းဖို့ couple rings လေးလဲ စီစဉ်ထားတယ်။

"အကို လာပါတော့ ကျွန်တော်ရင်တွေခုန်လှပြီ"

At 8:00 pm

စောင့်နေတဲ့ ကောင်လေးကတော့ အခုထိ အပြုံးမပျက်ပဲ လက်စွပ်လေးကိုင်ပြီး ထိုင်စောင့်နေသော်လည်း မျှော်နေတဲ့သူကတော့ရောက်မလာသေး.....

At 9:30 PM

"အင်း...အကို လာမယ်မလားဟင် ကျွန်တော်သိနေပါတယ် အကိုလာမယ်ဆိုတာ......"

At 11:30 PM

"ကျွန်တော်တို့ Anniversary လေးပြီးတော့မယ် အကိုရယ် လာပါတော့ ကျွန်တောင်စောင့်နေတယ်လေ......"

At 12:00

"Happy 5 years Anniversary ပါ အကို အရမ်းချစ်တယ်......."

ချစ်ရတဲ့ အကို [One Short]Where stories live. Discover now