*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ………*
ဗိုက်ထဲကနာကျင်မှုကိုကျိတ်မှိတ်ခံစားနေရသည်
"အ……အား……နာလိုက်တာ……
ကိုကိုကြီးရေ ရင်နင့်ကိုကယ်ပါအုံး"ရင်နင့်အိပ်ယာထက်ကနေအားတင်းထရင်းတံခါးစီသို့ရောက်အောင်လျှောက်လာခဲ့ရသည်
ရင်နင့်ရဲ့ကလေးလေးလူ့လောကထဲရောက်လာတော့မည်ထင်ပါတယ်
မမြင်ရသေးတဲ့ကလေးလေးရဲ့မျက်နှာကိုမှန်းဆကြည့်ရင်းရင်နင့်အားတင်းထားမိသည်"ဒေါက်……ဒေါက်……"
"အ……အား……"
တံခါးခေါက်သံနှင့်အတူညည်းညူ သံပါကြားလိုက်ရသောကြောင့်
မာန်အိပ်နေရာကနေချင်ချင်းထလာပြီးတံခါးကိုဆွဲဖွင့်လိုက်သည်
မျက်နှာတပြင်လုံးချွေးစေးများပြန်ကာငိုမဲ့မဲ့ဖြစ်နေသည့်ရင်နင့်
လက်နှစ်ဖက်လုံးကလဲဗိုက်ကလေးကိုကိုင်ထားသေးသည်"ရင်နင့်ဘာဖြစ်တာလဲ ဗိုက်ကဘယ်လိုနေလို့လဲ"
"ကိုကိုကြီး ရင်နင့်ဗိုက်နာတယ် အရမ်းနာတယ်
မွေးတော့မယ်ထင်တယ် ကယ်ပါအုံး…အား……နာတယ်""ဟာ…ဒါဆိုမဖြစ်ဘူးဆေးရုံအမြန်သွားရအောင်"
မာန်ပြောပြောဆိုဆိုသူမကိုပွေ့ချီလိုက်သည်
တစ်ကိုယ်လုံးလဲပူနေပါလား……မာန်အောက်ကိုတဖြေးဖြေးဆင်းလာရင်း မဝင်းတို့ကိုအော်နိုးလိုက်သည်
မဝင်းရောဒရိုင်ဘာပါအပြေးအလွားရောင်လာကြသည်"ကိုကိုကြီး ရင်နင့်ဗိုက်နာလို့လား"
"ဟုတ်တယ်မဝင်း ရင်နင့်အခန်းထဲလိုအပ်တဲ့ပစ္စည်းတွေအမြန်သွားထည့်
ဆေးရုံသွားမှဖြစ်မယ်""ဟုတ်ကဲ့ကိုကိုကြီး"
မဝင်းကအပေါ်တက်သွားသည်
ဒရိုင်ဘာကမာန့်ကိုကားတံခါလိုက်ဖွင့်ပေးသည်"ခဏလေးနော်ရင်နင့် အားတင်းထားနော်"
"အား……နာတယ် ကိုကိုကြီးရယ်ကယ်ပါအုံး
အရမ်းနာတယ်"ရင်နင့်ကမာန့်အကျီ င်္စကိုစုပ်ကိုင်ထားရင်းအော်နေသည်
အစကမာန်ကိုယ်တိုင်ကားမောင်းဖို့ပါ ရင်နင့်ကမာန့်ကိုအားကိုးတကြီးဆွဲထားတော့ဒရိုင်ဘာကိုသာမောင်းခိုင်း
ရသည်