Valentine's Day in 2021 💝

133 14 0
                                    

[Zawgyi]
Valentine's Day in 2021 💝
One Shot

လော့စ်အိန်ဂျလိစ်မြို့ နေရာတိုင်းတွင် မုန်းစရာကောင်းတဲ့ သီချင်းသံစဉ် ချိုချိုအီအီတွေ လွှမ်းခြုံနေတယ်။

ပန်းရောင်နှင့် အနီရောင်ကာလတွေက လမ်းတစ်လျှောက်ရှိ ဆိုင်ခန်း အတွင်းရော အပြင်ဘက်မှာပါ L-O-V-E ဆိုတဲ့ အချစ် စကားလုံးတွေနဲ့အတူ စိတ်ရှုပ်စရာကောင်းလောက်အောင် မြင်မြင်သမျှ ပြည့်နှက်နေဧ။်။

Jiyong အတွက် စိတ်မကြည်မလင် ဖြစ်စေတဲ့ ဒီနေ့က သာမန် တနင်္ဂနွေနေ့ထက် ပိုသော ဗယ်လင်တိုင်းနေ့ ။

နေကာမျက်မှန်တပ်၍ မမြင်ချင်ယောင်ဆောင်နေချင်ပေမယ့် အနားက ဖြတ်သွားတဲ့ စုံတွဲတွေကို မြင်နေရသေးတာက စိတ်အနှောက်အယှက်တစ်ခုပင်။

ဒီလိုအချိန်မျိုးဆိုရင် Jiyong အိပ်ခန်းထဲမှာ ရုပ်ရှင်ကြည့်ပြီး အေးအေးဆေးဆေး ဖြတ်သန်းချင်မိတာ။ အခုတော့ လူကြားသူကြား၊ အတွဲတွေကြား ဝင်တိုး၍ မင်္ဂလာဝတ်စုံအရောင်းဆိုင်ဆီ လာနေရတာက အိပ်မက်ဆိုးတစ်ခု ဖြစ်လေသည်။

ဟူး... သက်ပြင်းချသံသဲ့သဲ့နဲ့အတူ ဆိုင်တံခါးကို တွန်းဖွင့် ဝင်ရောက်လိုက်တော့ဧ။်။

" ဝိုး ... "

သတိုးသားဝတ်စုံ အနက်ရောင်ဖြင့် ကြည့်ကောင်းနေတဲ့ ငယ်သူငယ်ချင်း Young Bae ကို မြင်တွေ့ရတော့ Jiyong တအံတသြဖြစ်သွားမိသည်။

" ဟေး Jiyong... မင်း ရောက်လာပြီပဲ ဘယ်လိုလဲ အဆင်ပြေတယ် ထင်လား "

" မင်းအတွက်ဆိုရင်တော့ အိုကေတယ် "

" လာစမ်းပါ သားကြီးရာ... မင်း ငါ့ရဲ့ သတိုးအရံလုပ်ပေးရမယ်နော် မင်းအတွက် ဝတ်စုံတစ်စုံရွေးလိုက်လေ... ငါ လက်ဆောင်ဝယ်ပေးမှာပါ "

" No... No ရပြီ တော်တော့ Bae... ငါ့ဘာသာ မိတ်ဆွေအနေနဲ့ပဲ ပွဲလာတက်ပါရစေ... ရှုပ်ရှုပ်ယှက်ယှက် သတိုးသားအရံဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ဆွဲမထည့်နဲ့ "

" မင်းကွာ... အရင်အတိုင်းပဲ လက်ထပ်ပွဲတွေကို မုန်းနေတုန်းလား "

" ငါ့ကို အဲဒိအသုံးမကျတဲ့ကိစ္စတွေကို ပြန်တွေးမိအောင် အပြင်ခေါ်ထုတ်လာတာလား... Bae "

One Shot Collections - Nyongtory Where stories live. Discover now