Zawgyi
.
.
.
ရုံးမှာ Taehyungကားပျက်သွားလို့ Jungkookလာကြိုတယ်မနက်က ရှက်ကိုးရှက်ကန်းနဲ့ စကားမပြောရအောင် အမြန်ထွက်လာခဲ့ကာမှ အခုတော့ တည့်တည့်ကြီးတိုးတာ
ကားထဲက လေထုအခြေအနေက တိတ်ဆိတ်ပြီး ခြောက်ခြားစရာဖြစ်နေတယ်.. နှစ်ယောက်သားရဲ့ အသက်ရှူသံတွေတောင် အတိုင်းသားကြားနေရပြီး airconဖွင့်ထားတဲ့ကြားက Jungkookနားထင်မှာ ချွေးစလေးတွေသီးနေတာကို မျက်လုံးထောင့်ကနေ မြင်နေရတယ်
မနက်က ရုံးမှာ ပါးချိတ်ပေါ်က နီရဲရဲအကွက်တွေကြောင့် အကုန်လုံးက ပြုံးတုံးတုံးနဲ့လုပ်နေကြပြီး စီနီယာမင်ကတော့ တစ်နေ့လုံး သူ့ကိုမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတယ်
နှစ်နှစ်ကျော်ကျော်ထိန်းသိမ်းလာတဲ့ cool guy imageကြီးလည်း Jeon Jungkookကြောင့် တစ်မနက်ထဲမှာ တစ်မဟုတ်တည်းကျဆင်းသွားပြီး အချစ်မှာပျော်ဝင်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို ဆက်ဆံခံလိုက်ရတယ်..
ကွေ့ပတ်သွားမနေပဲ လမ်းမကြီးပေါ်ကသွားတာမို့ နှစ်ယောက်သား ပွိုင့်မိပြီး ငုတ်တုတ်မေ့နေကြတယ်.. ဒီနေ့ကျမှ သူရုံးဆင်းတာ ညခုနစ်နာရီထိုးသွားလို့ အခုလမ်းပေါ်မှာ မှောင်နေပြီ အဲတာထက် သူတို့ကားနားက မီးတိုင်တစ်တိုင်က ရုတ်ကနဲ ငြိမ်းသွားပြီး ကားထဲမှာ အလင်းရောင်နည်းသွားတယ်
"ဂလု"
Jungkookရဲ့ တံတွေးမျိုချသံက နားထဲကို မိုးခြိမ်းသံလို ကျယ်လောင်စွာကြားလိုက်ရတယ်..
"မင်း…မင်း ဘာမှမစားရသေးဘူးလား"
"ဟင်.. အော.. အိမ်မှာ အဘွားအတွက် စပါကတီလုပ်ပေးနေတာနဲ့ ရင်ပြည့်ပြီး မစားခဲ့တာ.."
"အာ.. "
"hyung..ဒီနေ့ အပြင်မှာဒိတ်ကြမလားဟင်"
"ဘာလို့လဲ.."
"အင်..မဟုတ်ဘူး ဒီတိုင်းပါပဲ"
"ဘာလုပ်ဖို့လဲ ပိုက်ဆံကုန်အောင်.. ငါအပြင်မှာစားရတာမကြိုက်ဘူး မင်းကျွေးမှာလို့လဲမပြောနဲ့ .. မင်းပိုက်ဆံလည်းမကုန်စေချင်ဘူး"
"အိမ်မှာကျ ဟိုကောင်ရှိတယ်လေ.. မလွတ်လပ်ဘူး" နှာခေါင်းလေးရှုံ့ပြီးပြောတဲ့ Jungkookက ချစ်ဖို့ကောင်းတယ်
ВЫ ЧИТАЕТЕ
ရပျနား WHICH KIND OF LOVE ? **KV**
ФанфикCover Editor @Viya-VV Zawgyi Papaboyလေး Kim Taehyungနဲ့ Papaboyလေးကိုမှ ချစ်မိသွားတဲ့ လူအေးလေး Jeon Jungkookတို့ရဲ့ love story.. "hyungနဲ့ hyungအဖေက ဘာတွေလဲ.." ....... Unicode Papaboyလေး Kim Taehyungနဲ့ Papaboyလေးကိုမှ ချစ်မိသွားတဲ့ လူအေးလေး Jeon Ju...