DéJà Vu_🖤

543 18 3
                                    

Unicode✨
Déjà Vu_🖤

*ဆုံတွေ့ခဲ့ချစ်ကြိုက်ခဲ့ပြီးခါမှ ရုတ်တရက်ကြီးသူထွက်သွားခဲ့တဲ့အခါ ကျန်ရစ်ခဲ့တဲ့ပုံရိပ်တွေဟာ Deja Vu(ပုံရိပ်ယောင်)သက်သက်သာဖြစ်နေလေသလား..?*
~~~~~~ ~~~~~~~~ ~~~~~~~

"မောင်.."

နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏အဆင့်မြင့် Sky view နေရာရှိ စားပွဲဝိုင်းတစ်ခုမှ Gentle man ဆန်ဆန်ဝတ်စားထားသည့် ထိုလူက ဖုန်းခေါ်နေရင်းခေါ်နေကျဖြစ်မည်ဟုထင်ရသည့် နာမ်စားတစ်ခုကိုရေရွတ်လိုက်သည်။
(Sky view ဆိုသည်မှာ ဟိုတယ်ရှိထပ်ခိုးတွင်သီးသန့်ဖွင့်လှစ်ထားသော အမိုးမပါ မိုးမျှော်ကြည့်၍ရသည့် စားသောက်ဆိုင်မျိုးကိုဆိုလိုခြင်းဖြစ်သည်။)

"အင်း ပြောလေ အချစ်"

"မောင်မလာသေးဘူးလား?"

"ဟင် မောင်ဘယ်တုန်းကဒီအချိန်ပြန်လာဖူးလို့လဲကွာ အခုမောင်အလုပ်ရှုပ်နေတုန်းမို့ ပြန်လာမှတွေ့မယ် အချစ်ရေ"

"ဒါပေမဲ့.."

"တီ တီ"

စကားပင်မဆုံးသေးပဲ ဖုန်းချသွားသည့်မောင့်ကို အလိုမက်ျဖစ္ကာ လက်ထဲကဖုန်းကလေးကိုကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး 'တောက်'
တစ္ခ်က္ခပ္နာနာ ခေါက်မိသည်။

"မောင် မေ့နေပြန်တာလား!"

ဝမ်းနည်းမှုရောယှက်နေသည့်တီးတိုးစကားသံကလေးအဆုံး အရင်ကမင်္ဂလာနှစ်ပတ်လည်နေ့ရောက်တိုင်း နှင်းဆီပန်း
အပွင့် ၁၀၀ပါသည့်ပန်းစည်းကိုယူလာကာ အမြဲပြုံးပြလေ့ရှိသည့် မောင့်ပုံရိပ်လေးကယှက်ပြေးကာ ဝင်ရောက်လာသည်။

*ဟုတ်သည်။သည်ကနေ့သည် မောင်နှင့်ကျွန်တော်တို့၏ ၂ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ပင်ဖြစ်သည်။ သို့သော်ထုံးစံအတိုင်း မောင်ကတော့အလုပ်ရှုပ်စမြဲပင်..!*

"အကိုလေး တီးဝိုင်းကိုခေါ်လိုက်ရတော့မလားဗျ"

အတွေးတို့လွင့်မျောနေရင်းက ဆိုင်ပိုင်ရှင်
၏စကားကြောင့် ပြိုကျလုဆဲဆဲမျက်ရည်တိမ်တိုက်များအား ပုတ္ခတ္ကာ မော်ကြည့်လိုက်သည်။

ဤစားသောက်ဆိုင်သို့ ရောက်နေသည်မှာအချိန်အတော်ကြာနေပြီဖြစ်သည့်အတွက် ဆိုင်ပိုင်ရှင်ကလာမေးခြင်းဖြစ်မည်ထင်၏..။

You've reached the end of published parts.

⏰ Last updated: Aug 04, 2021 ⏰

Add this story to your Library to get notified about new parts!

♥My One Shot Collections🔭♥Where stories live. Discover now