ep-1

43 0 0
                                    


တစ်ခုသော ဒီဇင်ဘာလသည် အေးချမ်းမှု့ကို အစွမ်းကုန်ပြလျက်။ ပထမဆုံးကျောင်းတက်ချိန်မို့ ရင်ထဲတွင်နွေးခနဲ ။ တက္ကသိုလ်မြေကို ခြေချခဲ့သည့် ကျွန်တော့ ခြေလှမ်းတွေက ခပ်မြောက်မြောက်ဖြစ်လုနီးပါး။  ဆိုးသည်က ကျွန်တော့ အဆောင်ကိုကျွန်တော်ခုထိမသိ။ မေးရန် ဘေးဘီဝဲကြည့်တော့ ဘယ်သူမှမရှိ။ ကျွန်တော့်ရှေ့က  အရပ်ခပ်ပုပုနဲ့ ကောင်လေးတစ်ယောက် ဘေးလွယ်အိတ်ကို သေသေချာချာလွယ်ထားသည်မို့အတန်းကြီးထဲကပဲဖြစ်မည်ထင်။ ကျွန်တော်သူ့ကို မေးရန်မှီအောင်လိုက်လိုက်သည် ။ အိုဘုရားရေ!! အရပ်သာပုတာ မြန်ချက်ကတော့ဗျာ ကျွန်တော့်လို အရပ်မြင့်မြင့် လူကတောင်မနည်းလိုက်ရတယ်

“ဟေ့.....ဟေ့ ဟိုကိုကြီး"

လှည့်မကြည့်။ ကျွန်တော်ရှက်သွားသည်။ မထူးတော့ ခေါ်လက်စနှင့် ဆက်ခေါ်မည်ဆိုကာ သူ့ပုခုံးပေါ် လက်တို့ရန်ပြင်ချိန်တွင် သူ့  ဖိနပ်ကို ကျွန်တော်တက်နင်းမိသွားသည် ။

“ဟဲ့....ပလုတ်တုတ်"

သူကဟန်ချက်ပျက်ကာ မှီရာ ကျွန်တော့်ပုဆိုးခါးပုံစကို ဆွဲလိုက်သည် မြင်ကွင်းကား သိပ်တော့မလှ ။ တော်သေးသည် ညနေဘောလုံးကန်ဖို့  ဒူးကျဘောင်းဘီဝတ်လာမိလို့။

“ဘယ်လြိုဖစ်လို့ သူများဖိနပ်ကိုတက်နင်းတာလဲ"  

ချိုကြည်အေးမြသော အသံကား သူ့ရင်၌ ပျော်ဝင်သွားစေနိုင်သောအသံ။ ကျွန်တော်ပြုံးမိသွားသည် ။ ဒီအသံသေးသေးလေးကကျွန်တော့်နှလုံးကို ခုန်လှုပ်စေခဲ့သည်လေ။ 

“ဒီမှာ…မကြားဘူးလား"

“အာ…ဆောရီး…"

ကျွန်တော်ကုန်းထလိုက်သည် ပုဆိုးက ပုံပျက်ကာ ကျွတ်ကျတော့မည့် ဆဲဆဲ ဖမ်းထိန်းထားသည်မို့ တော်သွားသည် ။    ပုဆိုးပြင်ဝတ်ပြီး

“တောင်းပန်ပါတယ်  ကိုကြီး  ကျွန်တော်ကအဆောင်မေးမလို့ပါ"

“ဘာဖြစ်တယ်.…အမလေး ဒီရုပ်ကိုများ ဒီအဆင်နဲ့ဒီအဆင် ကိုကြီးတဲ့"

“First year ဗျ  First year "

ခပ်စွာစွာပြောလိုက်သည်မို့ ကျွန်တော်ကြောင်သွားသည် ။ပြောမည့်စကားလည်းပျောက်။ သူကသူ့ပုဆိုးတွင်ပေသွားသည့် အမှုန်များကိုခါရင်း 

“ဘယ်အဆောင်ကိုမေးမလို့လည်းပြော"

“  Maths  အဆောင်ပါ။ သူငြိမ်သွားသည်"

“ဪ…သိပြီ။ Maths အဆောင်က ဝေးတယ်ဗျ၊ ခင်ဗျား ရှေ့ပေါက်ကလာရမှာ မိန်းလမ်းကလာတော့ ဝေးသွားတာပေါ့"

“ဟင်"

ကျွန်တော်အသံထွက်သွားသည်။

“ဘာလဲ မယုံဘူးလား …ကျွန်တော်တို့ကလေ ၈တန်းလောက်ကတန်းက တက္ကသိုလ်တစ်ခွင်ပြဲပြဲစင်အောင် စက်ဘီးနဲ့တစ်ဖုံ ၊ ဆိုင်ကယ်နဲ့ကသီးသန့် ၊ ဟော လမ်းလျှောက်တာကတစ်မျိုး အဲ့လိုမွှေသွတာနော် မယုံလည်းနေ"

“မဟုတ်ပါဘူး။ အိမ်ကအမက Maths အဆောင်က မိန်းလမ်းနဲ့  နီးတယ်ပြောလို့ပါ"

“အိမ်ကအမနဲ့အမြဲတည့်လား ရန်ဖြစ်တာများလား တည့်တာများလား"

ဘာမှလည်းမဆိုင်ဘူးဟုကျွန်တော်တွေးလိုက်မိသည်။

“ရန်ဖြစ်တာများတယ်"ဗျ

“သေချာပြီ အဲ့တာခင်ဗျားကို ဂျင်းထည့်တာ"

ကျွန်တော် စဉ်းစားသွားသည် အမနှင့် ခုမှတွေ့ဖူးသည့် ကိုကြီး ဘယ်သူ့ကိုယုံရမလဲ။တွေးမနေတော့…

“အဲ့တာဆို လမ်းလေးညွှန်ပါအုံး"

“အခုမိန်းအဆောင်ကိုတွေ့လား"

“အင်း"

“အဲ့ အဆောင်ရှေ့ကနေညာဘက်ကိုချိုး,ချိုးပြီးတည့်တည့်သွား ပြီးရင် မြန်မာစာဌာနရှိတယ် ။အဲ့ဌာနရောက်ရင် ဘယ်ကိုကွေ့လာ အဲ့မှာ ဟိုဘက်က Eng ဒီဘက်က Maths ပဲ ရှင်းလား မျက်လုံးထဲမြင်လား"

“အင်း…မြင်သလိုလိုပဲ ကျေးဇူးပဲနော် ကျွန်တော်စောနက တိုက်မိသွားတာ တောင်းပန်ပါတယ်"

“ရပါတယ်…First year အချင်းချင်းတေပဲဟာ"

“ကျွန်တော် First yearမှန်းဘယ်လိုသိလည်း"

“First yearလေးတေကနည်းနည်း အူကြောင်ကြောင်နိုင်တယ်လေ" သူ့နားထင်နားကိုလက်ကလေးလည်ပြရင်း

“ကဲသွားတော့မယ်နော်"

ခပ်ထေ့ထေ့လေးပြုံးလိုက်ပုံက အသည်းယားစရာလေးဗျ။ သို့ သော် ထိုအပြုံးတွင် ကလိမ်ကကျစ် ကျသော အပြုံးမျိုးပါမှန်းကို ကျွန်တော်မရိပ်မိခဲ့။

         _____________________________

ကိုနွေဦးပိုင်တို့ကတော့ ကိုမိုးထက်ကို လမ်းညွှန်ပေးလိုက်ပြီ ဘယ်တေရောက်အူးမလဲမသိဘူး ><      

You've reached the end of published parts.

⏰ Last updated: Aug 04, 2021 ⏰

Add this story to your Library to get notified about new parts!

~နွေဦး~Where stories live. Discover now