ပထမဆုံးတွေ့ဆုံခြင်း

34K 210 6
                                    

" ရှင် ရှင် ဘယ်သူလဲ ကျမကို ဘာလို့ဖမ်းလာတာလဲ "

"......."

" ရှင် ကျမအနားတိုးမလာနဲ့နော်"

" တိုးလာတော့ဘာဖြစ်လဲ "

" ကျမ ရဲတိုင်လိုက်မှာ ပြန်ပြေးဆွဲမှု့နဲ့ "

" တိုင်လေ ဘယ်သူက မင်းကိုယုံမယ်ထင်လဲ
မင်္ဂလာဆောင်တဲ့နေ့မှာ  သတို့သမီးကထွက်ပြေးသွားတယ်လို့ပဲ
ထင်နေကြမှာပဲ "

" ကျမ ဘာလို့ထွက်ပြေးရမှာလဲ ကျမချစ်တ်ဲကိုကိုနဲ့ လက်ထပ်ဖို့
ကျမရဲ့ အိပ်မက်ပဲ ရှင်ကို မိင်္ဂလာဆောင်တော့မဲ့ သတို့သမီးကို
ပြန်ပြေးဆွဲမှု့နဲ့ တရားဆွဲမယ်  "

" ........"

အရပ်မောင်းက 6'2 လောက်ရှိပြီး အသားအရည်က
မိန်းကလေးရှူံးလောက်အောင် ဖြူဝင်းနေတဲ့သူက
မျက်ခုံးတန်းတွေလဲ
နက်မှောင်ထူထပ်နေသည် နှာတံဆင်းဆင်းနဲ့ လေးကိုင်း
သဏ္ဍာန် သူ့ရဲ့နုတ်ခမ်းက အရောင်တင်ထားတယ်လို့ ထင်ရအောင်
နီးရဲနေသည် ဒီရုပ်ဒီရည်ဒီပုံစံကို ကြည့်ရတာ အလွန်ဆုံး ဒီလူ
အသက် 25 ထက်မပိုနိုင်သေးပါ

အနားကို ခြေတစ်လှမ်းခြင်းနဲ့တိုးလာတဲ့ ထိုလူကို ကြည့်ပြီး
ဖြူဖွေ ကြောက်ရကောင်းမှန်းမသိပဲ သူ့ရဲ့ချောမေားသန့်ပြန့်မှု့ကို
စက္ကန့်ပိုင်းလောက် ငေးကြည့်နေမိသသည် သူ့ရဲ့မျက်လုံးတွေက
ညို့အားအပြည့်နဲ့ အနားကို လာရပ်တော့ ဖြူဖွေး ရဲ့အကြည့်တွေကို
ချက်ချင်း ရုတ်သိမ်းလိုက်သည်
ဒီလူ ကဘယ်သူလဲ ဘာလို့ ဖွေးကိုပြန်ပြေးဆွဲရတာလဲ
ဒီနေ့က ဖွေး နဲ့ ဖွေးချစ်သူကိုကို နဲ့ မိင်္ဂလာဆောင်တဲ့နေ့ပါ
အလှပပြင်ဆင်နေချိန် သတို့သမီးဝတ်စုံတောင်မလဲအားသေးပဲ
ဘယ်က ပေါ်လာမှန်းမသိတဲ့လူက ဖွေးကို မေ့ဆေအုပ်ပြီး ခေါ်လာခဲ့သည် ဖွေးပြန်နိုးလာတော့ အခု ဒီလူနဲ့ အခန်းကျယ်တစ်ခုမှာ ရှိနေသည် ကျယ်ပြန့်သောကုတင်ထက်မှာ အဖြူရောင်မွေ့ယာ လေး ခင်းထားပြီး ဖွေးက ပျော့အိနေတဲ့ ထိုကုတင်ပေါ်မှာ ထိုင်လျက်ရှိနေသည်
အတွေးတို့လဲ ရှုတ်ထွေးစွာနဲ့ ဖွေးဒီလူကိုမမြင်ဖူးတာသေချာတယ်
ဘာလို့ဖွေးကိုပြန်ပြေးဆွဲရတာလဲ ပေါ့

ဦးဂုဏ်ရဲ့နတ်သမီး( normal 20++)Nơi câu chuyện tồn tại. Hãy khám phá bây giờ