(Unicode)
သို့သော် ရှုဟန်ယွီသည် သူ့အားထပ်မံချဉ်းကပ်မနေတော့ဘဲ ဂူထဲမှတက်ရန် သူ၏ခေါင်းကိုမြှင့်လိုက်သည်။
ရှုကျင်ထျန်းသည် အစိမ်းရင့်ရောင်မြွေကြီး သူ၏အမြင်အာရုံမှပျောက်ကွယ်သွားသည်အထိ ကြည့်နေရင်း သက်ပြင်းချနေမိတော့သည်။
သူ၏ခန္ဓာကိုယ်က သူ့အပိုင်မဟုတ်တော့သလို အလွန်နာကျင်နေပေသည်။ ၎င်းသည်သူ့ကိုယ်သူပင်မခံစားရပါ။ ရှုကျင်ထျန်းက သူ့ခါးကိုထောက်ပြီး ပွတ်ပေးလိုက်သည်။
"အာ့ ... နာလိုက်တာ!"
မုန်းစရာကောင်းတဲ့မြွေကြီး...ရန်လိုမုန်းတီးမှုတွေနဲ့ပဲ ပြည့်နှက်နေတယ်...
သူသည်အမာရွတ်ကို ထပ်မံတို့ထိလိုက်ရာ နာကျင်မှုသည် သူ၏ရိုးတွင်းခြင်ဆီထိ နက်ရှိုင်းလှပေသည်။ သို့သော်လည်း သူအဲ့ဒါကိုလျစ်လျူရှုလိုက်ပါက အမာရွတ်များသည် တဖြည်းဖြည်းသက်သာလာလိမ့်မည်။ သွေးများခဲပီး ခန္ဓာကိုယ်ကိုမညစ်ညမ်းစေရန်အတွက် ရှုကျင်ထျန်းသည် သူရိုက်သည့်နေရာကိုပွတ်လိုက်သည်။
သူ့နဖူးမှာချွေးစို့နေပြီး နှုတ်ခမ်းများမှာလည်း ခြောက်သွေ့နေသည်။ ရှုကျင်ထျန်းသည် သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ရာ စီးကျလာသော ချွေးစက်များက သူ့ကိုငန်စေသည်။
သူ၏လျှာကိုဆန့်ထုတ်လျက် ထိုယောကျားပျို၏ ခက်ရင်းခွသဏ္ဍာန်လျှာအား ရုတ်တရက် သတိရလိုက်မိသောအခါ ရွံရှာစွာဖြင့် တံတွေးထွေးလိုက်သည်။
ရှုဟန်ယွီက မကြာခင်ပြန်လာပြီး ထူးဆန်းတဲ့သေလုနီးပါးသားရဲကောင် တစ်ကောင်ယူလာခဲ့သည်။ ၎င်းသည် ကျွဲငယ်တစ်ကောင်၏ အရွယ်အစားခန့်ရှိပြီး နှာခေါင်းသည်လည်းကျွဲကဲ့သို့ပင်ဖြစ်သည်။ သို့သော် ၎င်းတွင် ထူးခြားရှည်လျားသောနားရွက်များရှိပြီး အမွေးများသည်လည်း ယုန်ကဲ့သို့အနည်းငယ်ချောမွေ့နေပေသည်။
မြွေအမြီးသည် သူ၏သားကောင်ကို ရစ်ပတ်ထားပြီးသူ၏ခံတွင်းမှ တောက်ပသောအနီရောင်သစ်သီးအချို့ကို ထွေးထုတ်လိုက်သည်။ အဲ့ဒါမနေ့ညက ရှုကျင်ထျန်းစားခဲ့တဲ့ အသီးပုံစံပဲ။
YOU ARE READING
မြွေသားရဲ၏ဇနီးသည် 【MM Translation】
Viễn tưởngTitle - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွဲခံရပြီးနောက် ရုတ်တရက်တခြားကမ္ဘာသို့ရောက်သွားခဲ့လေသည်။ သူသည်ရက်စက်သော စပါးအုံးမြွေအသိုက်သို့ ပြန်ပေးဆွဲခံခဲ့ရသည်။ သို့သော်သူသည် သူ့ကိုမစားရု...