Unicode
မင်းရဲ့ စူးရှတဲ့ မျက်ဝန်း၊ မင်းရဲ့ ပုခုံးကို ထောက်နေတဲ့ ဆံနွယ်လေးတွေ၊ မင်းရဲ့ ခပ်ရှရှ အသံ။ အရာအားလုံးကို ငါအမြဲ ငေးကြည့်ခဲ့ရတယ်။
ငါ နဲ့ စတွေ့ကတည်းက မင်းက မင်းနှလုံးသားထဲမှာ
လူတစ်ယောက်ကို နေရာပေးပြီးသားမှန်း ငါသိခဲ့တယ်။
ဒါတောင် ငါ မင်းအပေါ် ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တယ်။ချစ်တယ်လို့ ပါးစပ်က ထုတ်မပြောတောင် ငါမင်းအပေါ် ထားတဲ့ ခံစားချက်ကို မင်းသိမှာပါ။ ငါတို့က တစ်ယောက်ကို တစ်ယောက် မျက်ဝန်းတွေကြည့်ရုံနဲ့ နားလည်ခဲ့ကြတယ်လေ။
ငါ့ကို နားလည်လွန်းတဲ့ မင်းက ငါ့ ခံစားချက်တွေ
ကိုတော့ မသိသလို လျစ်လျူနေခဲ့တယ်။ မင်းက
လိမ်တဲ့နေရာမှာ အရမ်းညံ့လွန်းတာကိုကွ။ငါ မင်းအပေါ် စချစ်ထဲက ငေးကြည့်နေရလည်း ဖြစ်တယ်။ နာကျင်နေရလည်း ဖြစ်တယ်။
မင်းကို တိတ်တခိုး ချစ်နေရလည်း ဖြစ်တယ်။
ငါ့နဲ့ မင်းရဲ့ ဇာတ်လမ်းက သူငယ်ချင်းဆိုတဲ့ နေရာလေးမှာဘဲ ရပ်တန့်နေလည်း အဆင်ပြေတယ်။ ငါမင်းဘေးနားရှိ နေရတာကိုဘဲ အချစ်လို့ သတ်မှတ်ပြီး နေခဲ့တယ်။ငါရဲ့ အချစ်ဇာတ်လမ်းလေးက မင်းကို စချစ်ထဲက ရှုံးခဲ့ရတာပါ။ ဘယ်ဟုတ်မလဲ။ ငါက ဝင်မပြိုင်ဘဲ ရှုံးတယ်လို့မှ ပြောလို့မရတာ။ မင်းက ငါ့ကို ဝင်ပြိုင်ခွင့်မပေးခဲ့တာဆို ပိုမှန်မှာပေါ့။ ရှုံးမယ့် ပွဲမှာ ဝင်ပြိုင်တော့လည်း ဘာများထူးခြားနိုင်မှာလဲ လေကွာ။
တစ်ဖက်သတ်ဆိုတာ နာကျင်ရမယ်မှန်း ငါသိလျက်နဲ့ ချစ်ခဲ့တယ်။ ငါ နာကျင်တာကို မင်းမြင်ရင် ပြန်ချစ်မလား ဆိုတဲ့ စိတ်နဲ့ပေါ့။ ငါက အရမ်းရူးမိုက်တတ်တာ မင်းသိပါတယ်။
ငါလည်း မင်းကို ပိုင်ဆိုင်ချင်တာပေါ့ကွာ။ ဘယ်လောက်ဘဲ ငေးကြည့်ခွင့်လေးနဲ့ ကျေနပ်ပါတယ်ပြောပြော ပိုင်ဆိုင်ခွင့်လေးလည်း လိုချင်ကြတာဘဲလေ။ ကိုယ်ချစ်တဲ့ လူက ကိုယ့်ကို ပြန်ချစ်တာ
ဘယ်သူမဆို လိုချင်ကြတာပါဘဲ။သက်ရောက်မှုတိုင်း တန်ပြန် သက်ရောက်မှု ရှိတယ် ဆိုတာက ငါ့အတွက်တော့ မမှန်ကန်ခဲ့ပါဘူးကွာ ။
မင်း အတွက်လည်း မှန်မနေခဲ့ပါဘူး။
YOU ARE READING
𝗜 𝗟𝗼𝘃𝗲 𝗬𝗼𝘂 𝗕𝘂𝘁 𝗜 𝗟𝗼𝘀𝗲 (𝘖𝘯𝘦 𝘚𝘩𝘰𝘵)