Unicode
ရက်တစ်ရက်ကိုကျော်ဖြတ်လာရတယ်။ သောကြာနေ့မှာသူထယ်ယောင်းကိုမတွေ့ခဲ့ရ။သူမှကျောင်းမတက်ဖြစ်တာ စနေနေ့ဖို့သာစိတ်တွေအရမ်းလှုပ်ရှားနေရင်း သူအဝတ်အစားတွေအများကြီးထိုင်ရွေးနေဖြစ်ခဲ့တယ်။ ဘယ်လိုဗရုတ်ကျဖြစ်တယ်ဆိုတာသူကိုယ်တိုင်ပင်မသိတော့။
ရွေးလိုက် ဝတ်ကြည့်လိုက် အဆင်မပြေလိုက်နဲ့တော်တော်လေးကိုခေါင်းစားခဲ့ရပါသောပဲ။ခုတော့စနေနေ့မနက်စောစောမှာ သူရေမိုးချိုးဖို့ထလာလိုက်သည်။ လေးတွဲစွာပင် ရေချိုးခန်းထဲဝင်လာရင်း မှန်ရှေ့ရပ်ပြီးတစ်ခုခုကိုစဥ်းစားနေရင်းမှ
သေပါပြီ!
ငါသူ့ကိုအချိန်ရောနေရာရောမမေးခဲ့ဖူးလေ ငါကသူ့ကိုဘယ်အချိန်ဘယ်နေရာမှာသွားတွေ့ရမှာလဲ???
တကယ်ဗရုတ်ကွာ....ဂျောင်ဟိုဆော့တို့လွဲလိုက်ရမှ။
တကယ်ပင်စဥ်းစားလို့မတတ်တော့တာကြောင့် ရေဇလုံထဲဝင်ကာရေစိမ်နေလိုက်သည်။ပြန်အိပ်ချင်နေတယ် ဘယ်လိုလုပ်ရမလဲ?
မျက်စိလေးမှိတ်ရင်းနားနေတုန်း သီချင်းသံသဲ့သဲ့ကိုကြားလိုက်သည်။ ဒါငါ့ဖုန်းအသံပဲ...
ကြွေဇလုံထဲမှထွက်လာကာ ရေပန်းအောက်မြန်မြန်ဝင်လိုက်သည်။ ခေါင်းလျှော်ရေချိုးတာကိုတတ်နိုင်သလောက်မြန်မြန်သာလုပ်လိုက်သည်။ ဖုန်းလာနေတာလေ ဒီတိုင်းထွက်သွားလို့လည်းမဖြစ်တော့တာကြောင့်သာ ရေချိုးလိုက်သည် မြန်မြန်လေးပေါ့။
ခါးတွင်သဘတ်တစ်ထည်ထဲကိုပတ်လျက်သာသူထွက်လာခဲ့သည်။ ဘယ်သူကများဒီလောက်ခေါ်နိုင်ရတာလဲ ဖုန်းသံကြားနေရတာ ဆယ်ခါမကတော့။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Unknown Number ဖြစ်နေတာကြောင့်ပြန်ခေါ်လိုက်သည်။
"Hello ဘယ်သူပါလဲခင်ဗျ ဖုန်းတွေခေါ်ထားလို့ပါ"
"အကို....."
"ဟမ်...ထယ်ယောင်း?"
"ဟုတ်တယ်....ခုဘယ်မှာစောင့်နေရမလဲ ကျွန်တော်ဘယ်မှာစောင့်ရမှန်းမသိလို့"
"ဪ....အေး တက္ကသိုလ်ရှေ့မှာပဲစောင့်နေလေ ငါလာခဲ့မယ်"
"ဟုတ် "
BẠN ĐANG ĐỌC
𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||