"မဖြစ်နိုင်တာ မပြောနဲ့appa...ကျွန်တော်က ယောကျာ်းတစ်ယောက်...ယောကျာ်းခြင်းလက်ထပ်ရအောင် ကျွန်တော်Gayမဟုတ်ဘူး.."
"မရတော့ဘူးလေ..အခုappaတို့က ငွေတွေယူပြီးနေပြီ..ကတိတော့တည်ပေးရမှာပေါ့.."
"ပြန်ပေးလိုက်ဗျာ.."
"ငါရင်းနှီးလိုက်ပြီ Jungkook...တော်ပြီ ဆွေးနွေးမှုကဒီလောက်ပဲ..မင်းလက်မခံလည်း လက်ခံရမှာပဲ..ငါတစ်ဖက်နဲ့ ကတိပေးပြီးသား..ငါလက်နဲ့ရေးတာကိုမင်းခြေနဲ့မဖျက်ချင်နဲ့.."
"ဟူး..ကောင်းပြီလေ..ကျွန်တော်အဲ့လူနဲ့ လက်ထပ်ရတဲ့နေ့ appaကိုလည်းဘဲကြီးတစ်ပွေနဲ့ ပေးစားခဲ့မယ်..မလုပ်ရဲဘူးမထင်နဲ့..."
"ဟာ...ဟိတ်ကောင်!! "
ပြောပြီး လှည့်ထွက်သွားတဲ့ သားဖြစ်သူကိုကြည့်ပြီး Jeon appaသက်ပြင်းချမိသည်...။ဒီကောင်လေးက အသက်ကသာ 20ကျော်နေပြီ စိတ်ကတော့ အခုထိ ကလေးစိတ်မပျောက်ချင်သေး..။အခုလဲ ပြောချင်တာပြောပြီးထွက်သွားပြန်ပြီ..။
စီးပွားရေးအကျပ်အတည်းကြောင့် Prakလုပ်ငန်းစုဘက်ကို အကျိုးတူပူးပေါင်းပေးဖို့သူတောင်းဆိုခဲ့သည်..။တစ်ဖက်ကလည်း လူအားငွေအား အားလုံးထောက်ပံ့ပေးသည်..။သို့သော်..တောင်းဆိုချက်တစ်ခုရှိသည်..။ထိုအရာက သူ့သား..Jeon Jungkook...။
Parkလုပ်ငန်းစုရဲ့ သခင်လေး Park Jiminက သူရဲ့သားငယ်လေးJeonJungkookကိုတောင်းဆိုသတဲ့..။လက်ထပ်ဖို့အထိပါရည်ရွယ်တယ်ပြောတုန်းက သူ့မှာနောက်တယ်ပဲထင်ခဲ့မိသည်..။
စီးပွားရေးလောကမှာဒိတ်ဒိတ်ကျဲနာမည်ကျော်ပြီး..လူငယ်ပင်ဖြစ်သော်လည်း သူတို့လို ဝါရင့်စီးပွားရေးသမားများနှင့်ပင် ရင်ဘောင်တန်းဝင်ဆံ့နိုင်တဲ့ Park Jiminဆိုတဲ့ Paek သခင်လေး..။
လူလုံးသိပ်မထွက်ပြတဲ့ Paekသခင်လေးကို Jeon appaတောင် မြင်ဖူးသည်မဟုတ်..။အရေးတကြီး အစည်းဝေးပွဲနဲ့ ပါတီပွဲတစ်ချို့တောင် လက်ထောက်တစ်ယောက်ယောက်ကိုသာစေလွှတ်တတ်သည့် Parkသခင်လေးက သူ့ရဲ့သားငယ် Jeon Jungkookကိုတင်တောင်းဖို့အတွက် လူကိုယ်တိုင်သေချာလာပြီး ခခယယ တောင်းဆိုသတဲ့..။ ထိုစဥ်ထဲက Jeon appaယုံကြည်ခဲ့သည်..။Parkသခင်လေးကသာ သူ့သားငယ်နဲ့ သင့်တော်မည့်သူ...။