Unicode

3.9K 242 20
                                    

"ဟေး....ဆေးလိပ် တစ်ဗူး"

"ဟုတ်အကို"

နှုတ်ခမ်းအောက်က မှဲ့လေးက ညအမှောင်ထဲမှာတောင် ထင်းခနဲ။ တောက်ပတဲ့မျက်လုံးဝိုင်းလေးတွေနဲ့ ယုန်သွားပုံပေါ်အောင်ရီနေတဲ့ ထို နှာလုံးလေးက ကျွန်တော့် အာရုံကို စက္ကန့်အနည်းငယ်အတွင်း ဖမ်းစားသွားသည်။

"ဘယ်လောက်လဲ"

"ဝမ်၁၀၀၀ပါခဗျ"

"ရော့...နောက်ထက် ဝမ်၁သောင်းပေးမယ် မင်းငါ့နဲ့တညလုံးစကားပြောပေးမလား"

"ဗျာ"

ထိုအပြုံးလေးပျောက်ကွယ်သွားကာ ကြောင်အမ်းအမ်းကြည့်လာသည်။ သူပြုံးအောင် ကျွန်တော် ဘာဆက်ပြောရမည်နည်း။ သူ့အပြုံးကိုမြင်ချင်နေသည့် စိတ်၏ တောင့်တမှုကို မည်သို့ဖြည့်စည်းရမည်နည်း။

"နဲလို့လား ဝမ် တစ်သိန်းပေးမယ်"

"ခဏစောင့်နော်အကို ကျွန်တော် ဒါတွေ ကုန်အောင်ရောင်းပြီးရင် အကိုနဲ့စကားလာပြောမယ် ခဏပဲစောင့်"...

ပြောချင်ရာပြောပြီးပြေးထွက်သွားတဲ့ကောင်ငယ်လေးရဲ့နောက်ကျောက ကျွန်တော့်ခန္ဓာကိုယ်ထက် ပို၍ ကျယ်သယောင်ရှိသည်။

ည၁နာရီ ...
လမ်းမထက်မှာ မကောင်းမှုပြုသူများမှအပ လူကောင်းဟူ၍မရှိ။ မြို့ရဲ့သီးခြားရက်ကွက်လိုနေရာမျိုးမှာ အလောင်းကစားရုံများတည်ထားသလို။ ကလပ်မျိုးစုံ motelမျိုးစုံနှင့် လူမိုက်တို့စုစည်းရာနေရာ။

ကျွန်တော်ကတော့ ကြေးစားလူသက်သမား။ လူတစ်ယောက်သက်လျှင်အနည်းဆုံးဝမ်သိန်း၅၀ရသည်။ အလောင်းကစားဝိုင်းမှာဘုရင်တစ်ဆူကဲ့သို့ အမြဲနိုင်တတ်သော်လည်း ထိုပိုက်ဆံများက ပျော်ရွှင်မှုကို မစွမ်းဆောင်နိုင်။ လျှပ်ဖော်လော်လီ ဝတ်ဆင်ထားတဲ့ မိန်းမပျက်များကိုလည်း ထိကိုင်ရသည်ကမကြိုက်။ မူးယစ်ဆေးဝါးဆိုလို့ ဆေးလိပ်တစ်မျိုးထဲကိုသာ စွဲလမ်းသည့်ကျွန်တော်...
လူပြက်တဲ့ လမ်းကြားလေးမှာ ထိုကောင်လေးကိုစောင့်နေမိသည်။

"အကို စောင့်ရတာကြာသွားလား...ဟူး..ကျွန်တော်လည်း အမြန်ရောင်းတာပဲဗျာ ဟိုလူဝကြီးက ညစ်နေလို့..."

You are MINE !  (𝑂𝑛𝑒 𝑆ℎ𝑜𝑡)Where stories live. Discover now