မနှစ်ကဒီအချိန်
မင်္ဂလာဆောင်တွေ တော်တော်များများလာဖိတ်ကြ သွားကြနဲ့ပေါ့
တို့ဆို
ကလေးဘဝကလည်းကလေးမို့လို့ လိုက်သွားတယ် လူငယ်ဖြစ်လာတော့ ကိုယ့်အသိုင်းအဝိုင်းခင်ရာမင်ရာတွေက လက်ထပ်ကြတဲ့အခါအိမ်ကမအားရင် တို့သွားတယ် တို့နာမည်တပ်ပြီးဖိတ်ထားတာမျိုးဆိုလည်း သွားဖြစ်တယ်အဲဒီအခါ ဘာတွေ့ရလဲဆိုတော့ လက်ဖွဲ့ပေးတဲ့အခါ ပစ္စည်းတွေလက်ဖွဲ့ကြတယ် ပြီးတော့ မင်္ဂလာမောင်နှံက ဆိုင်ပြန်သွင်းတယ်
ဒါကိုမြင်တော့ စိတ်မကောင်းဘူး
ပေးသူကလည်းမေတ္တာနဲ့ လက်ခံသူကလည်း ကြည်နူးစရာဖြစ်ရမှာကို ဆိုင်တွေပြန်သွင်းတာမြင်တော့ စိတ်ထဲတစ်မျိုးကြီးပဲ ဒါတောင်တို့အသက် 13ပဲရှိသေးတာ ဆိုင်ပြန်သွင်းတာတွေလည်း
ဒိဋ္ဌမြင်ရတာကို
ခုထိမှတ်မိသေးတယ်တို့စဉ်းစားလိုက်တယ် ငါပေးတဲ့ဟာကို သူတို့ဆိုင်ပြန်သွင်းကြဦးမှာပဲဆိုပြီး
13နှစ်ကတည်းကနဲ့
ပစ္စည်းလက်ဖွဲ့မပေးဖြစ်တော့ဘူး
ငွေသားကိုပဲလက်ဖွဲ့ဖြစ်တယ်
ကိုယ့်မုန့်ဖိုးလေးနဲ့ 5ထောင်နိုင်သည်
တစ်သောင်းနိုင်သည်ပေါ့အခုချိန်ပြန်စဉ်းစားတော့လည်း မင်္ဂလာမောင်နှံတွေဘက်ကိုတွေးမိတယ်
ဟုတ်တယ်လေ သူတို့လည်းသူတို့ စိတ်ကြိုက် အိမ်ထောင်ပရိဘောဂဝယ်ချင်ရှာမှာပဲ
သူတို့အိမ်သူတို့စိတ်ကြိုက်
အလှဆင်ချင်မှာပေါ့
မိသားစုဆွေမျိုးနဲ့ချစ်တဲ့သူတွေပေးတဲ့ ပစ္စည်းလက်ဆောင်ကတော့ သဘောကျမှာပဲလေ
တခြားသူတွေပေးတဲ့ပစ္စည်းတွေ ပရိဘောဂတွေဆိုကြိုက်ပါ့မလား
ကိုယ်ပေးလိုက်တာကြီး ဆိုင်ပြန်ရောက်နေမှ ဒုက္ခဖြစ်နေပါဦးမယ်
ဆိုင်ပြန်သွင်းတော့ရော သူတို့ခမျာ ငွေနှိမ်ခံရသေးတာဗျာသူများဇနီးမောင်နှံတွေကို
အကူအညီလည်းဖြစ် ဆိုင်ပြန်သွင်းရတဲ့ ဒုက္ခလည်းမရောက်ရအောင်
ငွေသားလက်ဖွဲ့ပဲပေးကြမယ်ဆိုရင်
သူတို့တွေလည်းပျော်မှာပါ
@Misinika
#အတွေးတစ်စတင်ပြခြင်း
