🖤 နာကျင်ခြင်းရဲ့အဆုံးသတ် 🖤 Part 15

684 29 4
                                    

💫 Unicode version 💫

ဟိန်း... နိုးလာတယ်ဆို ဘေးကိုစမ်းတော့ အနွယ်မရှိတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်ဆို...

" ဟင်... ငါဘယ်ရောက်နေတာလဲ "

ခေါင်းတွေလဲ တဆစ်ဆစ်ကိုက်နေသဖြင့် ရေချိုးခန်းဘက်လာကာ မျက်နှာအမြန်သစ်ပြီး ထွက်လာခဲ့သည်။

ကောင်တာကိုရောက်တယ်ဆို ကောင်မလေးတစ်ယောက်မှ

" ကိုဟိန်နောင်လား မသိဘူးရှင့် "

" ဗျာ.... ဟုတ်...ဟုတ်ပါတယ်...."

" ဟို... မဧကရီက ကားသော့ပေးခိုင်းခဲ့လို့ပါ "

ခေါင်းသာငြိမ့်ပြပြီး ကားသော့ယူကာ အိမ်ကိုသာအမြန်ပြန်လာခဲ့လိုက်သည်။

ဒီချိန်လောက်ဆို အနွယ် သူကိုအတော် စိတ်ဆိုးနေလောက်ပြီ....စိတ်ထဲကနေလဲ အကြိမ်ကြိမ်တောင်းပန်ကာ အိမ်ကိုသာအမြန်မောင်းခဲ့သည်။

​ရောက်တယ်ဆို ခြံတံခါးက ပွင့်နေသဖြင့်....နည်းနည်းတော့ အံ့သြသွားကာ

" အနွယ်... အနွယ်....အနွယ်ရေ "

ဆိုကာ ခေါ်ပြီး အိမ်ပေါ်တက်လာတော့ မြင်လိုက်ရတာက

" ဟင်.... သူဌေး.... "

ကိုမဟာ အိမ်ရောက်နေတော့ အံ့သြသွားရသည်။ အနွယ်မှာ စာပွဲခုံလေးမှာထိုင်ကာ ဆန်ပြုတ်သောက်နေပြီး ကိုမဟာက ဘေးမှ ပြုံးပြုံးကြီးထိုင်ကြည့်နေခြင်းပင်....

စိတ်ထဲမှာ တစ်မျိုးဖြစ်သွားသော်လဲ ပြုံးလိုက်ပြီး

" အနွယ်...အစောကြီးနိုးနေတာလား ပြီးတော့ ကိုမဟာက "

ဟိန်းမှမေးလိုက်တယ်ဆို မဟာတစ်ချက်ပြုံလိုက်ကာ

" arrr. .sry ဗျာ... ဒီနေ့ အပြင်သွားစရာရှိတာနဲ့ အနွယ်ကိုလာခေါ်တာ ဒီရောက်တော့ တံခါးပွင့်နေတာနဲ့ဝင်ခဲ့လိုက်တော့ အနွယ်က နေမကောင်းဘူးဆိုတာနဲ့ ဆေးတိုက်ရအောင် ဆန်ပြုတ်တိုက်နေတာပါ.... "

ပြောလိုက်တယ်ဆို ဟိန်းလဲ အနွယ်ဘေးဝင်ထိုင်ကာ

" မောင်...တောင်းပန်ပါတယ်... မောင်မှားသွားတယ် ဘာလို့မောင့်ကို ဖုန်းမဆက်တာလဲ အနွယ်ရယ် "

🖤 နာကျင်ခြင်းရဲ့ အဆုံးသတ် 🖤Where stories live. Discover now