Zawgyi
"အကိုလေး ဝင်လို့မရပါဖူး"
ဝန်ထမ်းတွေ တားနေတဲ့ကြားထဲကနေ meeting လုပ်နေတဲ့ အခန်းထဲကိုအတင်းဝင်လာခဲ့သည့် Lisa
"ဒီနေ့ meeting ဒီလောက်နဲ့ပဲရပ်လိုက်ကြတာပေါ့"
အားလုံးထွက်သွားပြီးတဲ့နောက်
"ဘာကိစ္စရှီလို့ ဒီလိုရိုင်းပြနေရတာလဲ!
Korea ကိုမပြန်သေးဖူးလား"သွေးကြောမများ ပေါက်ထွက်မတက် လက်သီးဆုပ် များကိုဆုပ်ထားပြီး မျက်လုံးများမှာလဲ ဒေါသစိတ်ကြောင့်ရဲရဲနီကာ သူ့အဖေဆီကို တစ်လှမ်းချင်းလျှောက်လာရင်း
"ဘာလို့လဲ!......ဘာလို့တစ်ခွန်းမှမပြောခဲ့ရတာလဲ!....မေမေနေမကောင်းဖြစ်နေတာကို ဘာလို့မပြောခဲ့ရတာလဲ...."
"နောက်ဆုံးတော့ သိသွားပြီပေါ့"
"ကျွန်တော့်ဆီကိုလာတိုင်း....တစ်ခါမှ ဒီအကြောင်းကို မပြောခဲ့ရတာလဲ..ဘာလို့လဲ....!!"
သူ့အမေကို ဆုံးရှုံးသွားတဲ့ စိတ်ကြောင့် ရူးမိုက်စွာအော်ဟစ်နေသည်။
"မင်းကမေးခဲ့လို့လား!"
"အခုအချိန်မှာ မေမေအနားမှာနေပြီး အားပေးနေရမယ်မဟုလား? မေမေအနားမှာ ရှီနေသင့်တယ်မဟုတ်လား?"
"ငါ့မှာ အချိန်မရှီဖူး။ ငါမင်းအမေအနားမှာနေလဲ ဘာမှမလုပ်ပေးနိုင်ဖူးလေ လူပိုတစ်ယောက်ကလွဲပြီး ဘာမှလုပ်ပေးနိုင်တာမရှီဖူး။"
"အနည်းဆုံးတော့ မေမေအားရှီအောင် အနားမှာရှီနေပေးသင့်တယ်။"
Lisa daddy ဟာသက်ပြင်းချလိုက်ပြီး
"ကျစ်... အခုမင်းအမေကို မင်းကိုယ်တိုင်စောင့်ရှောက်ပြီး အားပေးလိုက်ပေါ့ ငါလူမမာတစ်ယောက်ကို ပြုစုနေဖို့ အချိန်အဲ့လောက်မပေးနိုင်ဖူး""မရှီတော့ဘူး.."
"ဘာကလဲ?"
"မေမေ အသက်မရှီတော့ဖူး မေမေသေပြီ"
"ဘာ!!"
သူဌေးကြီးလဲ သူ့ဇနီးသေပြီဆိုတဲ့ စကားကြောင့် အားပျက်စွာ ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။"Daddy မေမေအတွက် အချိန်ပေးစရာမလိုတော့ပါဖူး Daddy ပိုပြီးအလုပ်တွေ ကောင်းကောင်းလုပ်နိုင်ပြီမို့ ဝမ်းသာပါတယ်"
ရွဲပြီးပြောကာ ထွက်သွားလေသည်
သူဌေးကြီးလဲ တစ်သက်လုံးပေါင်းလာတဲ့ဇနီးက ဆုံးသွားပြီဆိုတော့ စိတ်မကောင်းဖြစ်ရင်း ကျန်နေခဲ့သည်။

YOU ARE READING
You're my doll (Chaelisa)🌈🌈 [Complete]
Short Storyပထမဆုံး စရေးတဲ့ fic လေးပါ အားပေးကြပါအုံး ဒီဇာတ်လမ်းမှာ Chaeyoung က Lisa ရဲ့ချုပ်ချယ်မှုတွေဆီကနေ ရုန်းထွက်နိုင်မလား? Chaeyoungအနားကထွက်မသွားနိုင်အောင် Lisa ကပဲဖမ်းထားနိုင်မလား? ပထမဆုံး စရေးတဲ့ fic လေးပါ အားပေးကြပါအုံး ဒီဇာတ်လမ်းမှာ Chaeyoung က Lisa ရဲ...