"ဟိတ် ကားဆရာ ခဏလေးရပ်ပါဦး။ ကျွန်တော် မြို့ထဲက Yellow Art Gallery သွားချင်လို့"
"ရတယ် ငါ့ညီ ကားပေါ်တက် ခါးပတ်ပတ်ဖို့မမေ့နဲ့နော်။"
"ရောက်ပြီ ငါ့ညီရေ"
"အော် ဟုတ် ကျေးဇူး။ ဒီမှာကားခပါဗျ။"
Ren တစ်ယောက်သူကြိုက်တဲ့အဝါရောင်တွေနဲ့ပြည့်နှက်နေတဲ့ပန်းချီပြခန်းထဲတက်ကြွစွာဝင်သွားသည်။
ပြခန်းထဲခြေတစ်လှမ်းချလိုက်သည်နဲ့တစ်ပြိုင်နက်အဝါပန်းချီကားများကအရှိန်အဝါတောက်ပနေတော့သည်။ထိုစဉ်..အင်မတန်မှချစ်စရာကောင်းသောဟမ်းစတားပေါက်စလေးလိုရယ်နေသည့်ကောင်လေးတစ်ယောက်က အဝါရောင်ပန်းချီကားတွေမှအပဘာမှမမြင်တော့သည့် Ren၏စိတ်ဝင်စားမှုအားလုံးကိုအဲ့ကောင်လေးရရှိသွားသည်။
ထိုကောင်လေးအနားသို့ Renသွားဖို့ဆုံးဖြတ်လိုက်သည်။ ထိုစဉ်ကောင်လေးကအနောက်သို့လှည့်လာသည့်အချိန်နှင့် Renလမ်းလျှောက်လာသည့်အချိန်တူတူ။ နှစ်ယောက်သားဗုန်းကနဲမျက်နှာချင်းတိုက်မိသွားသည်။ ကောင်လေး၏လွယ်အိတ်ထဲမှပစ္စည်းအားလုံးပြုတ်ကျသွားပြီဖြစ်တယ်။
"အာ ဆောရီးပါဗျ။ ကျွန်တော်အရှေ့ကပန်းချီကားကိုပဲငေးနေတာနဲ့မမြင်လိုက်ဘူး။"
"ဟုတ်ကဲ့။ ရပါတယ်ဗျ။"
"ရော့ မင်းလွယ်အိတ်။ ကျွန်တော်က Renပါ။ ဒါနဲ့နာမည်ကဘယ်လို.."
"Sung ပါဗျ။""Sungတဲ့လား အင်းပေါ့ နာမည်ကမင်းလိုပဲချစ်ဖို့ကောင်းသကိုး။"
"ဟင် ဘာပြောလိုက်တာလဲဗျ။"
"အော် ဘာမှမဟုတ်ပါဘူး။ မင်းကရော အဝါရောင်ကြိုက်တာလား"
"Sung ကအဝါရောင်ကိုအဲ့လောက်မကြိုက်ပါဘူးဗျ။ အဝါရောင်ကိုမြတ်နိုးတဲ့သူတွေကိုကြည့်ရတာ အင်မတန်မှအေးချမ်းလို့ပါဗျ။"
"အော် မင်းအကြံမဆိုးဘူးပဲ။ မင်းကြည့်ရတာငယ်မယ့်ပုံပဲ။ ကျွန်တော်ကတော့ 2000 born ပါ။"
"Sungကတော့ 2002 bornပါဗျ။"
"အလုပ်အကိုင်ကရော ဘာတွေလုပ်ဖြစ်နေလဲ၊ ကျွန်တော်ကတော့ စာလေးရေးလိုက်၊အားတဲ့အချိန်စာအုပ်ဆိုင်သွားလိုက်၊ အဲ့လိုပါပဲ။"
YOU ARE READING
CreScent
FanfictionCrescent "🌙" လတစ်ခြမ်းထဲပါ ဒါပေမယ့် ren က sung ကိုချစ်ကျွမ်းဝင်တဲ့အကြည့်တစ်ချက်ကတော့ လကမ္ဘာထဲကချိုင့်ခွက်တွေလိုနစ်ဝင်ဆဲ။